အမ်ဘူမိုကို အာဆင်နယ်က အရ ခေါ်ယူခဲ့သင့်တာ လို့ မချိတင်ကဲ ဖြစ်နေတဲ့ သီယို ဝဲလ်ကော့

အာဆင်နယ်ကြယ်ပွင့်ဟောင်း သီယို ဝဲလ်ကော့က မကြာသေးမီက ဒီရာသီ သရဲနတွေအတွက် အထင်ကြီးဖွယ် ပုံစံကောင်း ပြသနေတဲ့ ဘရိုင်ယမ် အမ်ဘူးမိုကို အမ်းမရိတ်စ်မှာ မြင်တွေ့ချင်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

ကင်မရွန်းကြယ်ပွင့်ဟာ ပရီးမီးယားလိဂ်မှာကစားဖို့အတွက် တညဆောက်ထားတဲ့ ကစားသမားမျိုးလို့ ဝဲလ်ကော့က ယုံကြည်နေပြီး မန်ယူနိုက်တက်ကို မပြောင်းခင်ကတည်းက ဘရန့်ဖို့မှာ ကောင်းကောင်း အံဝင်နေတာဖြစ်ပါတယ်။

It’s Called Soccer လို့ အမည်ရတဲ့ Podcast မှာ စကားပြောဆိုခဲ့ချိန်အတွင်း ဝဲလ်ကော့က ကစားသမားတွေဟာ လက်ရှိမှာ အမိုရင်ရဲ့ ကစားကွက်ကို ပိုပြီးနားလည်လာတာကြောင့် ကွင်းထဲမှာ မန်ချက်စတာ ယူနိုက်တက်ကစားပုံက တိုးတက်လာခဲ့တဲ့အကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

ဂန်းနားတိုက်စစ်မှူးဟောင်းက အမ်ဘူးမိုကို အထူးချီးကျူးမှုတွေပြုလုပ်ခဲ့ပြီး ကင်မရွန်းတောင်ပံကစားသမားဟာ လွန်ခဲ့တဲ့နှစ်တွေကတည်းက အာဆင်နယ်က ခေါ်ယူခဲ့သင့်တာလို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“အသင်းက အခုဆိုရင် အမိုရင်ရဲ့ ကစားကွက်မှာ ဘယ်လိုကစားရမလဲဆိုတာကို နားလည်နေပြီ။ ကွန်ညာကလည်း ပြန်ကစားနိုင်ပြီဖြစ်ပြီး ခံစစ်လည်း ကူပေးနိုင်တယ်။ အမ်ဘူးမိုကလည်း အရမ်းပြောင်မြောက်တဲ့ ကစားပုံပြသနေတယ်လို့ ကျွန်တော် ထင်တယ်။

ခင်ဗျား ပရီးမီးယားလိဂ်အပြင်ဘက်က လာခဲ့တဲ့ ကစားသမားတွေကို ကြည့်လိုက်ရင် သူတို့က အသားကျဖို့ အချိန်ယူရတယ်၊ အမ်ဘူးမိုလို လူမျိုးက ပရီးမီးယားလိဂ်ကစားပုံအတွက် တည်ဆောက်ထားတဲ့သူမျိုးပါ။

အမ်ဘူးမိုက မယုံနိုင်စရာကောင်းတဲ့ ကစားသမားလို့ ကျွန်တော်ထင်ပြီး လွန်ခဲ့တဲ့ နှစ်တွေကတည်းက အာဆင်နယ်က ခေါ်ယူခဲ့ရမှာပါ”လို့ ပြောကြားခဲ့ပါတယ်။