ဝါရင့် နောက်ခံလူ မက်ဂွိုင်းယားကို ရှင်းပြီး ခြေတက်ကြယ်ပွင့် ကစားသမားကို ခေါ်ချင်နေတဲ့ ယူနိုက်တက်
မန်ချက်စတာယူနိုက်တက်အသင်းဟာ နောက်ခံလူ မက်ဂွိုင်းယားနေရာ အစားထိုးဖို့အတွက် ပဲလေ့စ် နောက်ခံလူ ဂူဟီကို ပစ်မှတ်ထားကြိုးစားနေကြောင်း သိရပါတယ်။
ဂူဟီဟာ လာမယ့်နွေ အသင်းမှ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွါခွင့် ရရှိထားပြီးသူ တစ်ယောက် ဖြစ်သလို လီဗာပူးလ်၊ ရီးရဲလ်၊ ဘာစီလိုနာ စတဲ့ အသင်းကြီးတွေရဲ့ ပစ်မှတ်အဖြစ် သက်မှတ်ခြင်း ခံထားရပါတယ်။
မန်ယူအသင်းဟာ ယခုဆောင်းမှာ ကွင်းလယ်ပိုင်း အင်အားဖြည့်တင်းဖို့ စီစဉ်ထားပြီး ဖြစ်သလို ပေါင် သန်း ၁၀၀ နားကပ်လောက်တဲ့ အဓိက ခေါ်ယူမှုတွေ ပြုလုပ်လိုနေပြီး တစ်ဖက်မှာလည်း ခပ်လွယ်လွယ်ရနိုင်မယ့် ဂူဟီကို မျက်စိကျနေပါတယ်။
အဂ်လန်မှာ ပုံမှန်နေရာ ရနေကျ ဖြစ်တဲ့ အဆိုပါ နောက်ခံလူ နှစ်ယောက်ကို မန်ယူအသင်းဘက်က အလဲအထပ် အနေနဲ့တောင် ပြုလုပ်သွားနိုင်ပါတယ်။
ဒါပေမယ့် အလဲအထပ်ဆိုရင် ပဲလေ့စ်ဘက်က လက်ခံသွားဖွယ်မရှိတာကြောင့် မက်ဂွိုင်းယားကို ရှင်းထုတ်နိုင်မှသာ ဂူဟီကို ယူနိုက်တက်တို့ ခေါ်ယူသွားနိုင်ပါတယ်။
လက်ရှိ ရာသီ ခြေစွမ်းပိုင်းနှိုင်းယှဉ်ကြည့်ပါက အဆိုပါ ကစားသမား ၂ ယောက်ရဲ့ အရည်အသွေးပိုင်းက ကွာဟချက် သိပ်မရှိ ဖြစ်နေတာကြောင့် မက်ဂွိုင်းယားကို လွယ်လွယ် ရှင်းထုတ်ဖို့ ကြိုးစားနေတဲ့ မန်ယူအသင်းရဲ့ သဘောထားကို ပရိသတ်တွေဘက်က အကြိုက် မတွေ့ ဖြစ်နေပါတယ်။