နိုင်ရမယ့် ပွဲ မနိုင်လို့ စိတ်ပျ-က်တယ်၊ ဒေါ-သ-ထွ-က်တယ် ဆိုတဲ့ နည်းပြ အမိုရင် ရဲ့ ဝက်စ်ဟမ်းနဲ့ ပွဲပြီး ပြောစကား

မန်ချက်စတာ ယူနိုက်တက်ဟာ ညက အိုးထရက်ဖို့ဒ်မှာ ဝက်စ်ဟမ်း ကို ဧည့်ခံ ကစားခဲ့ရာ နိုင်ပွဲ မရခဲ့ဘဲ ၁-၁ သရေ ရလဒ်သာ ထွက်ပေါ်ခဲ့ပါတယ်။

နည်းပြ အမိုရင်ကတော့ နိုင်ရမယ့်ပွဲ မနိုင်လို့ ဆိုပြီး ပွဲရလဒ် အပေါ် ဒေါသထွက်ကြောင်း ပွဲ အပြီးမှာ ဆိုခဲ့ပါတယ်။

“စိတ်ပျက်ခဲ့တယ်၊ ဒေါသထွက်တယ်။ ဒါပါပဲ။ ပထမဂိုးအပြီးမှာကျွန်တော်တို့ ဒုတိယဘောလုံးကို ဆုံးရှုံးခဲ့တယ်။ ကျွန်တော်တို့ ဂိုးပေါက်ရဲ့ဝေးမှာ တချိန်လုံး ကာကွယ်ဖို့ ကြိုးစားခဲ့တယ်။ အဲဒါက ‌အဝေးဘောတွေကြောင့်ဖြစ်ပြီး သူတို့တွေက ကျွန်တော်တို့ရဲ့ ခံစစ် ၃ ဦးနဲ့ ရင်ဆိုင်တဲ့အခါမှာ ဒုတိယဘောလုံးကို အနိုင်ရခဲ့တယ်။ အဲဒီတော့ ကျွန်တော်တို့ ဒုတိယပိုင်းမှာ ပိုကောင်းအောင်လုပ်ဖို့ လိုအပ်ခဲ့တယ်။

ကျွန်တော် ရှုံးနိမ့်နေတာက ဒုတိယဘောလုံးတွေကြောင့်ပါ။ တခါတလေမှာ အဲဒါက ရှေ့မှာ လူတွေ ပိုမရှိခဲ့လို့ပါ။ ကျွန်တော်တို့က တကယ်ကို ခြေစွမ်းပိုင်း မတည်မငြိမ်ဖြစ်နေခဲ့တယ်။ ဒါပေမယ့် ခင်ဗျား ဂိုးပေါက်ကို ကြည့်လိုက်ရင် ကျွန်တော်တို့ အဝေးဘောတွေရှိတယ်။ ကျွန်တော်တို့ အရာအားလုံးကို ထိန်းချုပ်မှုအောက်မှာ ထားထားနိုင်တယ်။ ကျွန်တော်တို့ ပိုကောင်းအောင်လုပ်ဖို့ပဲ လိုတာပါ။

ကျွန်တော် အမြဲတမ်း ခံစားခဲ့ရတာက ကျွန်တော်တို့ ဂိုးတွေ ပိုပြီး သွင်းယူရမယ်ဆိုတာဖြစ်ပြီး အဲဒါကိုတော့ သေချာပါတယ်။ ကျွန်တော်တို့ ဘောလုံးနဲ့အတူ ပွဲကို အဆုံးသတ်ထားခဲ့သင့်တာပါ။ ဘာလို့လဲဆိုတော့ ပွဲက အနိုင်ရရမယ့်ပွဲဖြစ်နေခဲ့လို့ပါ။

ပင်နယ်တီ ဧရိယာအနီးအနားမှာ ကျွန်တော်တို့ ဘောလုံးရခဲ့ပေမယ့် ဖြတ်တင်ပေးပို့မှုတွေက မကောင်းမွန်ခဲ့ဘူး။ တခါတလေ ကစားသမားတွေရဲ့ ပင်နယ်တီဧရိယာထဲက အရည်အချင်းတွေက ကောင်းသင့်သလောက်မကောင်းခဲ့ဘဲ ဂိုးတွေသွင်းယူဖို့အတွက် မလုံလောက်ခဲ့ဘူး။

ခံစစ်ပိုင်း အပြောင်းအလဲလုပ်တဲ့နေရာမှာ ဘယ်သူက ပိုပြီး တိုက်စစ်အားသန်လဲဆိုတာ စဉ်းစားခဲ့ပါတယ်။ ဘရိုင်ယန်က အကူးအပြောင်းမှာ ဘောလုံးကို အနိုင်ရဖို့ မြန်နှုန်း အများကြီး ရှိပါတယ်။ ဒါက ကျွန်တော့်တွေးခဲ့တဲ့ အတွေးပါ။ ပွဲတိုင်းက အရေးကြီးပြီး ကျွန်တော်တို့ နောက်ပွဲတော့ အနိုင်ကစားမှ ရမှာပါ။ ” လို့ နည်းပြ အမိုရင်က ဆိုခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်လောက် ဒီရာသီမှာ အားလပ်ချိန် ဘယ်ထိပ်တန်းအသင်းကြီးမှ မရခဲ့ဘဲ ဥရောပပြိုင်ပွဲတွေ မကစားရတာကြောင့် ပရီးမီးယားလိဂ်မှာ ထိပ်ဆုံး ၄ နေရာအတွင်း ပြီးဆုံးဖို့သာ အာရုံစိုက်ဖို့ ရှိနေတာတောင်မှ အမိုရင်ရဲ့အသင်းက ကောင်းသင့်သလောက် မကောင်းမွန်ခဲ့တာပါ။