ဒီည ဝုဗ် – မန်ယူနိုက်တက် ပွဲစဉ် အတွက် အလန်ရှီးယား ရဲ့ သုံးသပ်ခန့်မှန်းချက်

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီ တနင်္လာနေ့ည ၂ နာရီခွဲ အချိန်မှာ ပရီးမီးယားလိဂ် ပွဲ အဖြစ် ဝုဗ် အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ဖို့ ရှိနေပါတယ်။

ပရီးမီးယားလိဂ် ဂန္တဝင် တစ်ဦး ဖြစ်တဲ့ နယူးကာဆယ် တိုက်စစ်မှုးဟောင်းကြီး အလန်ရှီးယားကတော့ ဝုဗ်-မန်ယူနိုက်တက် ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” ဝုဗ်က ဂိုးမသွင်းနိုင်ဘူး။ သူတို့တွေ ၁ မှတ်မှ မရယူနိုင်ဘူး။ မန်ယူနိုက်တက်က ကျွန်တော့်ကို ဘာမျှော်လင့်စရာမှ မပေးနိုင်ဘူးဆိုပေမယ့်လည်း ဝုဗ်ရဲ့ ဆိုးရွားတဲ့ ရှုုံးပွဲဆက်နေတဲ့ခြေစွမ်းကြောင့် မန်ယူနိုက်တက်က အနိုင်ရသွားမယ်လို့ပဲ ပြောရမှာပါ။

ဒါပေမယ့် ကျွန်တော် သူတို့ကိုလည်း သိပ်မယုံပါဘူး။

ဝုဗ်က ဒါဘီရဲ့ ရမှတ်အနိမ့်ဆုံးစံချိန်ကို ချိုးနိုင်မယ့် လမ်းကြောင်းပေါ်မှာ ရှိနေတယ်။ သူတို့တွေ ဂိုးလည်း မသွင်းနိုင်ဘူး။

ရော့ဘ် အက်ဒွပ်ရောက်လာတဲ့အချိန်ကတည်းက ခြေစွမ်းပိုင်း ပြောင်းလဲလာတာမျိုးမရှိခဲ့ဘဲ အဲဒါက အံ့သြစရာကိစ္စကြီးတော့ မဟုတ်ဘူးလို့ ထင်တယ်။ ဘာလို့လဲဆိုတော့ သူက ထူးခြားဆန်းကြယ်တဲ့အရာတွေကို လုပ်နိုင်တဲ့သူမဟုတ်လို့ပါ။ ” လို့ အလန်ရှီးယားက သုံးသပ်ထားပါတယ်။

ရှီးယား ခန့်မှန်းရလဒ်ကတော့ မန်ချက်စတာ ယူနိုက်တက် အနိုင် ဖြစ်ပါတယ်။