ဖာဘရီဂက်စ်၊ မိုဆာလက်တို့ရဲ့ ပရီးမီးယားလိဂ်စံချိန်ကို လိုက်မှီလာတဲ့ ဘရူနိုဖာနန်ဒက်စ်

မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်စ်ဟာ ဝုဗ်နှင့်ပွဲစဉ်တွင် ၂ ဂိုးသွင်းကာ ၁ ကြိမ်ဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပြီးနောက် လီဗာပူးစူပါစတားမိုဟာမက်ဆာလက်၊ ချဲလ်ဆီးကွင်းလယ်ကစားသမားဟောင်းဆက်စ်ဖာဘရီဂက်စ်တို့ရဲ့ စံချိန်ကို လိုက်မီလာပါတယ်။

နောက်ဆုံး ၉ ပွဲတွင် ရှုံးပွဲ ၁ ပွဲတည်းသာ ကြုံခဲ့တဲ့ ယူနိုက်တက်ဟာ ယခုအပတ်အစောပိုင်းတုန်းက Molieneux တွင် ဝုဗ်အား ရင်ဆိုင်ခဲ့ရာမှာ ၁-၄ ဖြင့် အနိုင်ရခဲ့ပါတယ်။

အဆိုပါပွဲစဉ်တွင် ပေါ်တူဂီကွင်းလယ်ကစားသမားဘရူနိုဖာနန်ဒက်စ်ဟာ ကိုယ်တိုင် ၂ ဂိုးသွင်းခဲ့သလို ဖန်တီးမှုလည်း ပြုလုပ်နိုင်ခဲ့ပါတယ်။

သူဟာ အဝေးကွင်းတွင် ကစားဖော် ဂိုးသွင်းနိုင်အောင် ဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်သမိုင်းတွင် အဝေးကွင်း ၅ ပွဲဆက် ဖန်တီးမှု ပြုလုပ်နိုင်တဲ့ ၅ ဦးမြောက် ကစားသမားဖြစ်လာပါတယ်။

ပေါ်တူဂီလက်ရွေးစင်ကစားသမားဟာ အန်ဖီးလ်တွင် လီဗာပူးအား ၂-၁ ဖြင့် အနိုင်ရတဲ့ပွဲတွင် မက်ဂွိုင်းယား ဂိုးသွင်းနိုင်အောင် ဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပြီးနောက် နော်တင်ဟမ်ဖောရက်စ်၊ စပါးစ်၊ ခရစ္စတယ်ပဲလေ့စ်၊ ဝုဗ်တို့နှင့်ပွဲစဉ်များတွင် ပရီးမီးယားလိဂ်အဝေးကွင်း ၅ ပွဲဆက် ဖန်တီးမှု ပြုလုပ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဘရူနိုဖာနန်ဒက်စ်မတိုင်မီ ပရီးမီးယားလိဂ်အဝေးကွင်း ၅ ပွဲဆက် ဖန်တီးမှု ပြုလုပ်နိုင်သူများအဖြစ် ဆာလက် (၂၀၂၃)၊ ဂီရတ်ဒူလိုဖူ(၂၀၁၅)၊ ဖာဘရီဂက်စ်(၂၀၀၃)၊ မူဇီအစ်ဇက်(၂၀၀၃)တိုသာ ရှိထားခဲ့တာပါ။

တဖက်တွင် ဘရူနိုဖာနန်ဒက်စ်ဟာ ယခုရာသီ ဖန်တီးမှု ၆ ကြိမ်ဖြင့် ဥရောပထိပ်သီး ၅ ခုတွင် ဖန်တီးမှုအများဆံး တတိယကစားသမားအဖြစ် ရပ်တည်နေပါတယ်။ ဖာနန်ဒက်စ်ထက် ဖန်တီးမှု အများဆုံးကစားသမားများဖြစ် မိုက်ကယ်အိုလစ်(၈ ကြိမ်)၊ လာမိန်းယာမဲလ်(၇ ကြိမ်)တို့က ရပ်တည်နေပါတယ်။

ဒါ့အပြင် ယူနိုက်တက်အသင်းခေါင်းဆောင်ဟာ တစ်ပွဲတည်းတွင် ဂိုးနှင့် ဖန်တီးမှု ပြုလုပ်နိုင်တဲ့ပွဲ ၁၆ ကြိမ်မြောက်ပွဲ ရရှိလာတာလည်း ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်တွင် တစ်ပွဲတည်းတွင် ဂိုးနှင့် ဖန်တီးမှု ပြုလုပ်နိုင်သူအများဆုံးအဖြစ် မိုဟာမက်ဆာလက်က ၂၇ ကြိမ်ဖြင့် ရပ်တည်နေပြီး ကီဗင်ဒီဘရိုင်းက ၁၇ ကြိမ်ဖြင့် ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။