ချဲလ်ဆီး Vs လိဒ် ပွဲမှာ တူချယ်ရဲ့အသင်း နိုင်ပွဲပြန်ရနိုင်မလားအတွက် အိုဝင်ရဲ့ ခန့်မှန်း
ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ အပတ် ရှုံးနိမ့်မှုကနေ ပြန်လာနိုင်ဖို့ ကြိုးစားမှာဖြစ်ပေမယ့် ဒီပွဲမှာ ကန်တေ အပါအဝင် ကစားသမား ၄ ဦး မပါဝင်ဘဲ ယှဉ်ပြိုင်သွားရမှာဖြစ်ကြောင်း နည်းပြကတေက ပြောဆိုထားပါတယ်။
ပြင်သစ်သား ကွင်းလယ်လူ ကန်တေးဟာ ဂျူဗင်တပ်ကို ၄-၀ ဖြင့် အနိုင်ရတဲ့ ပွဲပြီးကတည်းက ချဲလ်ဆီးအတွက် ကစားပေးနိုင်ခြင်း မရှိပါဘူး။ ဒူးဒဏ်ရာကြောင့် သူ့ကို ရွေးချယ်နိုင်ခြင်း မရှိတာဖြစ်တယ်။
ဂျာမာန်သား မန်နေဂျာကြီးကပဲ လိဒ်နဲ့ပွဲမှာ ချာလိုဘတ်၊ ချီးဝဲလ်တို့ ဒဏ်ရာကြောင့် မပါနိုင်သလို ကိုဗစ် စစ်ဆေးမှုရလဒ်အရ ကိုဗစ်ပိုးတွေ့နေခြင်းကြောင့် ကိုဗာဆစ်လည်း ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ အတည်ပြုပါတယ်။ ဒါပေမယ့်လို့ ကွင်းလယ်လူ ဂျော်ဂျင်ဟိုကတော့ ပါဝင်နိုင်မှာပါ။

ဒီအပတ် ချဲလ်ဆီးပွဲအတွက် အိုဝင်ရဲ့ အမြင်ကတော့ ‘ ချဲလ်ဆီးတို့ ဝက်ဟမ်းကို ရှုံးလိမ့်မယ်လို့ ကျွန်တော် မထင်ထားခဲ့ပါဘူး။ နှစ်ကြိမ် ဦးဆောင်နိုင်ခဲ့ပြီး တစ်ဦးချင်း အမှားတွေနဲ့ အတူ လက်ဗလာနဲ့ အိမ်ပြန်ခဲ့ရတာဟာ ချဲလ်ဆီး မဟုတ်တဲ့အတိုင်းပါပဲ။ လိဒ်ဟာ ဘရန့်ဖို့ဒ်နဲ့ပွဲမှာ နောက်ကျချေပဂိုး ရခဲ့ပါတယ်။
ဒါပေမယ့် သူတို့ သရေရလဒ်နဲ့ ထိုက်တန်တယ်လို့ ကျွန်တော် မထင်ပါဘူး။ သူတို့ဟာ ရှေ့မှာ ပွဲကျပ်တွေ ဆက်တိုက် ကစားသွားရဖို့ ရှိနေတာကြောင့် ဒီရမှတ်ဟာ အဖိုးတန်ပါတယ်။
ကျွန်တော်ကတော့ ချဲလ်ဆီးရဲ့ တုန့်ပြန်မှုကို ဒီပွဲမှာ မြင်ရမယ်လို့ ထင်ပါတယ်။ ဒီပွဲဟာ ကြည့်ကောင်းမယ့် ပွဲစဉ်ဖြစ်ပြီး ချဲလ်ဆီးတို့ နိုင်သွားပါလိမ့်မယ် ‘ ဆိုပြီး ဖြစ်တယ်။
အိုဝင်ခန့်မှန်းချက် : ချဲလ်ဆီး ၂-၀ လိဒ်