ပရီးမီးယားလိဂ် ချန်ပီယံပြေးလမ်းမှာ မန်ယူနဲ့ အာဆင်နယ်ကို မေ့ထားလို့ မရဘူးဆိုတဲ့ အီဒါဆန်
မန်စီးတီး ဂိုးသမား အီဒါဆန်ကတော့ ဒီရာသီ ချန်ပီယံဆုကို ရယူနိုင်ဖို့အတွက် လီဗာပူးနဲ့ ချဲလ်ဆီးတို့အပြင် အနိုင်ဖို့လိုအပ်တဲ့ အခြားအသင်းတွေ ရှိနေသေးကြောင်း သတိပေးခဲ့ပါတယ်။ စီးတီးဟာ ခရစ္စမတ်ကာလနား ကပ်လာချိန်မှာ လီဗာပူးနဲ့ ချဲလ်ဆီးတို့ကို ၂ မှတ် အသာစီးရယူကာ အမှတ်ပေးဇယားကို ဦးဆောင်ထားပါတယ်။
ဒါပေမယ့် အဆင့် ၃ က ချဲလ်ဆီးနဲ့ ၄ က ဝက်စ်ဟမ်းတို့ကြားမှာတော့ အမှတ်ကွာဟမှုကတော့ ၆ မှတ်ထိ ရှိနေပါတယ်။
လက်ရှိ ဝက်စ်ဟမ်းကတော့ အဆင့် ၄ နေရာမှာ ရပ်တည်နေပြီး တော့တင်ဟမ် စပါးအသင်းက အဆင့် ၅ မှာ ရပ်တည်နေပေမယ့် အီဒါဆန်က အဆင့် ၆ နဲ့ ၇ နေရာမှာ ရပ်တည်နေတဲ့ မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ် တို့ကလည်း ချန်ပီယံဆုကို စိန်ခေါ်လာမယ့် အသင်းတွေအဖြစ် သတ်မှတ်ထားပါတယ်။
ESPN ဘရာဇီးနဲ့ အင်တာဗျူးမှာတော့ အီဒါဆန်က “မန်ယူနိုက်တက်ကလည်း အင်အားကောင်းလာတယ်၊ လီဗာပူးနဲ့ ချဲလ်ဆီး နည်းတူပါပဲ။ ပြန်ကြည့်လိုက်ရင် ခြေစွမ်းတက်လာတဲ့ အသင်းတွေ အများကြီးပဲ။ ပရိသတ်တွေက ထိပ်ဆုံး ၃ သင်း အကြောင်းကိုပဲ ပြောနေကြပေမယ့် အာဆင်နယ်ကလည်း တိုးတက်လာတဲ့ အသင်းတစ်သင်းပါ။
မန်ချက်စတာ ယူနိုက်တက်ကတော့ သတိအထားသင့်ဆုံးပေါ့၊ သူတို့က ပြင်ဆင်ထားသမျှကို ဖြစ်မြောက်အောင် လုပ်တတ်တယ်။ ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားမှ ရှေ့လျှောက် နိုင်ပွဲတွေရနိုင်မယ်၊ ဒါမှ ပရီးမီးယားလိဂ်ကိုလည်း ရနိုင်မယ်။ ဒါက အရမ်းမိုက်တဲ့ခံစားချက်ပါပဲ”ဆိုပြီး ပြောခဲ့ပါတယ်။

ZG
မန္စီးတီး ဂိုးသမား အီဒါဆန္ကေတာ့ ဒီရာသီ ခ်န္ပီယံဆုကို ရယူႏိုင္ဖို႔အတြက္ လီဗာပူးနဲ႔ ခ်ဲလ္ဆီးတို႔အျပင္ အႏိုင္ဖို႔လိုအပ္တဲ့ အျခားအသင္းေတြ ရွိေနေသးေၾကာင္း သတိေပးခဲ့ပါတယ္။ စီးတီးဟာ ခရစၥမတ္ကာလနား ကပ္လာခ်ိန္မွာ လီဗာပူးနဲ႔ ခ်ဲလ္ဆီးတို႔ကို ၂ မွတ္ အသာစီးရယူကာ အမွတ္ေပးဇယားကို ဦးေဆာင္ထားပါတယ္။
ဒါေပမယ့္ အဆင့္ ၃ က ခ်ဲလ္ဆီးနဲ႔ ၄ က ဝက္စ္ဟမ္းတို႔ၾကားမွာေတာ့ အမွတ္ကြာဟမႈကေတာ့ ၆ မွတ္ထိ ရွိေနပါတယ္။
လက္ရွိ ဝက္စ္ဟမ္းကေတာ့ အဆင့္ ၄ ေနရာမွာ ရပ္တည္ေနၿပီး ေတာ့တင္ဟမ္ စပါးအသင္းက အဆင့္ ၅ မွာ ရပ္တည္ေနေပမယ့္ အီဒါဆန္က အဆင့္ ၆ နဲ႔ ၇ ေနရာမွာ ရပ္တည္ေနတဲ့ မန္ခ်က္စတာယူႏိုက္တက္နဲ႔ အာဆင္နယ္ တို႔ကလည္း ခ်န္ပီယံဆုကို စိန္ေခၚလာမယ့္ အသင္းေတြအျဖစ္ သတ္မွတ္ထားပါတယ္။
ESPN ဘရာဇီးနဲ႔ အင္တာဗ်ဴးမွာေတာ့ အီဒါဆန္က “မန္ယူႏိုက္တက္ကလည္း အင္အားေကာင္းလာတယ္၊ လီဗာပူးနဲ႔ ခ်ဲလ္ဆီး နည္းတူပါပဲ။ ျပန္ၾကည့္လိုက္ရင္ ေျခစြမ္းတက္လာတဲ့ အသင္းေတြ အမ်ားႀကီးပဲ။ ပရိသတ္ေတြက ထိပ္ဆုံး ၃ သင္း အေၾကာင္းကိုပဲ ေျပာေနၾကေပမယ့္ အာဆင္နယ္ကလည္း တိုးတက္လာတဲ့ အသင္းတစ္သင္းပါ။
မန္ခ်က္စတာ ယူႏိုက္တက္ကေတာ့ သတိအထားသင့္ဆုံးေပါ့၊ သူတို႔က ျပင္ဆင္ထားသမွ်ကို ျဖစ္ေျမာက္ေအာင္ လုပ္တတ္တယ္။ ကြၽန္ေတာ္တို႔ အစြမ္းကုန္ႀကိဳးစားမွ ေရွ႕ေလွ်ာက္ ႏိုင္ပြဲေတြရႏိုင္မယ္၊ ဒါမွ ပရီးမီးယားလိဂ္ကိုလည္း ရႏိုင္မယ္။ ဒါက အရမ္းမိုက္တဲ့ခံစားခ်က္ပါပဲ”ဆိုၿပီး ေျပာခဲ့ပါတယ္။