စီးတီး၊ လီဗာပူး၊ မန်ယူ၊ ချဲလ်ဆီး၊ အာဆင်နယ် တို့ နိုင်ပွဲ အပြီး နောက်ဆက်တွဲများနဲ့ ယနေ့ နံနက်ခင်း သတင်းများ
လိဒ်စ်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲပြီးဆုံးချိန်မှာ ချဲလ်ဆီးနဲ့ နှစ်ဖက်ကစားသမားတွေ ရန်ဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး ချဲလ်ဆီးနည်းပြ တူချယ်က အခြေအနေတွေကို သေချာ မြင်တွေ့ခဲ့ရခြင်းမရှိပေမယ့် သူတို့ ခံစားရမှာကို နားလည်ကြောင်း ပွဲအပြီးမှာ ဆိုခဲ့ပါတယ်။
မန်ယူအသင်းခေါင်းဆောင် မက်ဂွဲရားက နောဝစ်ခ်ျနဲ့ပွဲက သူတို့အတွက် ခက်ခဲတဲ့ပွဲဖြစ်ခဲ့ပြီး ကစားပုံ မကောင်းခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။
လီဗာပူးနည်းပြ ကလော့က ပြိုင်ဘက် အဖြစ် ရင်ဆိုင်ခဲ့ရတဲ့ ဗီလာနည်းပြ ဂျရတ်ကို ချီးကျူးမှုတွေ ပြုလုပ်ခဲ့ပြီး တစ်နေ့ ကျရင် ဂျရတ် လီဗာပူးနည်းပြ သေချာပေါက်ဖြစ်လာမှာဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ သင့်လျော်တဲ့ ပြောင်းရွှေ့ကြေးရရင် ရောင်းထုတ်မယ်လို့ အက်သလက်တီကို မက်ဒရစ်က ထုတ်ပြောထားတဲ့ ဂျွာအို ဖီးလစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
ဝုဗ်နည်းပြ ဘရူနိုလိတ်ကတော့ သူတို့အသင်းအပေါ် မန်စီးတီးနည်းပြ ဂွါဒီယိုလာရဲ့ ဝေဖန်မှုကို ဂရုမစိုက်ဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။ ဂွါဒီယိုလာက ၀ုဗ်ဟာ ဘောလုံး ကစားဖို့ မရည်ရွယ်ခဲ့ဘူးလို့ ဆိုခဲ့ခြင်းဖြစ်ပြီး ဘရူနိုလိတ်က သူ့အနေနဲ့ တခြားအသင်းရဲ့ ကစားပုံနဲ့ ပတ်သက်ပြီး ဘယ်တော့မှ ပြောဆိုမှာ မဟုတ်ကြောင်း ဆိုခဲ့ပါတယ်။
င်ြသစ်နည်းပြ ဒမ့်ချက်စ်က သူ့အနေနဲ့ တိုက်စစ်မှူး အမ်ဘာပေကို ပီအက်စ်ဂျီကနေ ထွက်ခွာဖို့ အကြံပေးခဲ့တယ်ဆိုတဲ့ သတင်းတွေဟာ အဓိပ္ပာယ်မရှိကြောင်း ငြင်းဆန်လိုက်ပြီး အဲဒီလိုအကြံမျိုးဘယ်တုန်းကမှ ပေးခဲ့ခြင်းမရှိကြောင်း ဖွင့်ဟခဲ့ပါတယ်။
၂၀၁၈ တုန်းက အာဆင်နယ်အသင်ဟာ အာဆင်ဝင်းဂါးနေရာ ရက်ဖ်ရန်းနစ်နဲ့ အစားထိုးဖို့ စကားပြောခဲ့သေးပေမယ့် အိုဇေးရဲ့ စာချုပ်ကို သက်တမ်းတိုးဖို့ ဆုံးဖြတ်ခဲ့တာကြောင့် ညိနှိုင်းမှုကို ရပ်တန့်ခဲ့ပါတယ်။
မန်စီးတီးဟာ ဘယ်အစွန်နေရာကို အင်အားဖြည့်တင်းဖို့ ကြိုးစားနေသလို အာဆင်နယ် နောက်ခံလူ နူနို တာဗာရက်စ်ကို ခေါ်ယူဖို့ စဉ်းစားနေပါတယ်။
အာဆင်နယ်နည်းပြ အာတီတာက တိုက်စစ်မှူး အူဘာမီယန်အနေနဲ့ စည်းကမ်းပိုင်း ချိုးဖောက်မှုကြောင့် ဆောက်သမ်တန်နဲ့ ပွဲမှာ ထည့် မသုံးခဲ့တာလို့ အတည်ပြုခဲ့ပါတယ်။ အူဘာအနေနဲ့သောကြာနေ့က လေ့ကျင့်ခန်း အစီအစဉ်ကို လာရောက်ဖို့ ပျက်ကွက်ခဲ့တာပါ။

ဘောလုံးဒါရိုက်တာ မာဆယ်ဘရန်းစ် ထွက်ခွာသွားတဲ့နောက် အဲဗာတန်ဟာ ဗန်ဒီဘိခ်အပေါ် စိတ်ဝင်စားမှု မရှိတော့သလို ယူနိုက်တက်မှာ မပျော်မရွှင် ဖြစ်နေတဲ့ ဗန်ဒီဘိခ်ဟာ အသင်းသစ်ရဖို့ ရုန်းကန်ရဖွယ် ရှိနေပါတယ်။
ရာအူး ဂျီမီနက်ဇ်ဟာ မန်စီးတီးအတွက် တချိန်မှာ ကစားပေးရနိုင်တယ်လို့ ဝုဗ်နည်းပြ ဘရူနိုလက်ဂ်က ဝန်ခံခဲ့ပြီး မက္ကဆီကန်သားဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက်ဖြစ်တယ်လို့ ချီးကျူးပြောဆိုခဲ့ပါတယ်။