ကံကောင်းလွန်းလို့သာ ချဲလ်ဆီး အနိုင်ရခဲ့တာလို့ လိဒ်နဲ့ပွဲပြီးမှာ ဝန်ခံခဲ့တဲ့ နည်းပြ တူချယ်
ချဲလ်ဆီး နည်းပြ တူချယ်လ် ကတော့ မနေ့ညက စတန်းဖို့ဘရစ်ချ် ကွင်းမှာ လိဒ်အသင်းကို ၃-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပေမယ့် အသင်းရဲ့ ကစားပုံအတွက် ကျေနပ်မှု မရှိကြောင်းနဲ့ ကံကောင်းလို့သာ ပွဲကို နိုင်သွားခဲ့တာ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။
ချဲလ်ဆီးဟာ အဓိက ကွင်းလယ်လူ ဂျော်ဂျင်ဟိုရဲ့ နောက်ကျ ပင်နယ်တီ သွင်းဂိုးနဲ့ အတူ ၃-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး အဖိုးတန် ရမှတ် ၃မှတ်ကို ရယူနိုင်ခဲ့ပါတယ်။

ထိုနိုင်ပွဲကြောင့် ချဲလ်ဆီးက ၁၆ပွဲ ကစားပြီးချိန်မှာ ရမှတ် ၃၆မှတ်နဲ့ အတူ အမှတ်ပေးဇယားရဲ့ အဆင့်၁နေရာမှာ ရှိနေတဲ့ မန်ချက်စတာ စီးတီးအသင်းကို ရမှတ် ၂မှတ် အကွာနဲ့ ထပ်ကြပ်မကွာ ဖိအားပေးထားနိုင်ပါတယ်။
ချဲလ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ တူချယ်လ်ကလည်း သူတို့အသင်းရဲ့ ခံစစ်ကြောင်းမှာ လျော့ရဲမှုတွေ ရှိနေကြောင်းနဲ့ ကံကောင်းလို့သာ အနိုင်ရခဲ့တာ ဖြစ်ကြောင်း ပွဲ အပြီးမှာ ဝန်ခံသွားခဲ့ပါတယ်။
တူချယ်က – “ကျွန်တော်တို့တွေ ပွဲမပြီးခင် အနိုင်ဂိုး ရနိုင်တဲ့ အခွင့်အရေးမျိုး ရလာလိမ့်မယ်လို့ ယုံကြည်ခဲ့သလို ယုံကြည်တဲ့ အတိုင်းလည်း ဖြစ်လာခဲ့ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ပထမပိုင်းမှာ ကျွန်တော်တို့ရဲ့ ကစားပုံက အတော်လေး ကောင်းခဲ့သလို ချေပဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် အသင်းရဲ့ ကစားပုံက တိုးတက်လာခဲ့လို့ပါ။
အနိုင်ဂိုး မရခင်မှာတော့ ကျွန်တော်တို့က ကြောက်ရွံ့မှု တခုနဲ့ ကစားနေခဲ့သလို ဖြစ်ခဲ့ပါသေးတယ်။ ကျွန်တော်တို့တွေ အလုပ်ကြိုးစားခဲ့တာကြောင့် ဒီပွဲကို အနိုင်မရမှာ ကြောက်ခဲ့ကြတယ်။ ပြီးတော့ အခုလိုမျိုး နောက်ကျ အနိုင်ဂိုး တဂိုးနဲ့ နိုင်ခဲ့တာကလည်း ကျွန်တော်တို့တွေ ကံကောင်းလွန်းလို့ပါ” လို့ ပြောကြားသွားခဲ့ ပါတယ်။
ညက လိဒ်အသင်းနဲ့ ပွဲစဉ်မှာ ချဲလ်ဆီးအသင်းရဲ့ ခံစစ်ကြောင်း အားနည်းမှုကို ဆက်လက် မြင်တွေ့ခဲ့ရကာ ချဲလ်ဆီးရဲ့ ကစားပုံဟာ ရာသီအစကလို ကျစ်လျစ်မှု မရှိတော့ဘူးလို့ ဝေဖန် သုံးသပ်မှုတွေ ထွက်ပေါ်လာပါတယ်။

ZG
ခ်ဲလ္ဆီး နည္းျပ တူခ်ယ္လ္ ကေတာ့ မေန႔ညက စတန္းဖို႔ဘရစ္ခ်္ ကြင္းမွာ လိဒ္အသင္းကို ၃-၂ ဆိုတဲ့ ရလဒ္နဲ႔ အႏိုင္ရခဲ့ေပမယ့္ အသင္းရဲ႕ ကစားပုံအတြက္ ေက်နပ္မႈ မရွိေၾကာင္းနဲ႔ ကံေကာင္းလို႔သာ ပြဲကို ႏိုင္သြားခဲ့တာ ျဖစ္ေၾကာင္း ထုတ္ေဖာ္ ေျပာၾကားသြားခဲ့ပါတယ္။
ခ်ဲလ္ဆီးဟာ အဓိက ကြင္းလယ္လူ ေဂ်ာ္ဂ်င္ဟိုရဲ႕ ေနာက္က် ပင္နယ္တီ သြင္းဂိုးနဲ႔ အတူ ၃-၂ ဆိုတဲ့ ရလဒ္နဲ႔ အႏိုင္ရခဲ့ၿပီး အဖိုးတန္ ရမွတ္ ၃မွတ္ကို ရယူနိုင္ခဲ့ပါတယ္။
ထိုနိုင္ပြဲေၾကာင့္ ခ်ဲလ္ဆီးက ၁၆ပြဲ ကစားၿပီးခ်ိန္မွာ ရမွတ္ ၃၆မွတ္နဲ႔ အတူ အမွတ္ေပးဇယားရဲ႕ အဆင့္၁ေနရာမွာ ရွိေနတဲ့ မန္ခ်က္စတာ စီးတီးအသင္းကို ရမွတ္ ၂မွတ္ အကြာနဲ႔ ထပ္ၾကပ္မကြာ ဖိအားေပးထားႏိုင္ပါတယ္။
ခ်ဲလ္ဆီးအသင္းရဲ႕ နည္းျပျဖစ္သူ တူခ်ယ္လ္ကလည္း သူတို႔အသင္းရဲ႕ ခံစစ္ေၾကာင္းမွာ ေလ်ာ့ရဲမႈေတြ ရွိေနေၾကာင္းနဲ႔ ကံေကာင္းလို႔သာ အႏိုင္ရခဲ့တာ ျဖစ္ေၾကာင္း ပြဲ အျပီးမွာ ဝန္ခံသြားခဲ့ပါတယ္။
တူခ်ယ္က – “ကြၽန္ေတာ္တို႔ေတြ ပြဲမၿပီးခင္ အႏိုင္ဂိုး ရႏိုင္တဲ့ အခြင့္အေရးမ်ိဳး ရလာလိမ့္မယ္လို႔ ယုံၾကည္ခဲ့သလို ယုံၾကည္တဲ့ အတိုင္းလည္း ျဖစ္လာခဲ့ပါတယ္။ ဘာေၾကာင့္လဲ ဆိုေတာ့ ပထမပိုင္းမွာ ကြၽန္ေတာ္တို႔ရဲ႕ ကစားပုံက အေတာ္ေလး ေကာင္းခဲ့သလို ေခ်ပဂိုး သြင္းယူႏိုင္ခဲ့ၿပီးေနာက္ အသင္းရဲ႕ ကစားပုံက တိုးတက္လာခဲ့လို႔ပါ။
အႏိုင္ဂိုး မရခင္မွာေတာ့ ကြၽန္ေတာ္တို႔က ေၾကာက္႐ြံ႕မႈ တခုနဲ႔ ကစားေနခဲ့သလို ျဖစ္ခဲ့ပါေသးတယ္။ ကြၽန္ေတာ္တို႔ေတြ အလုပ္ႀကိဳးစားခဲ့တာေၾကာင့္ ဒီပြဲကို အႏိုင္မရမွာ ေၾကာက္ခဲ့ၾကတယ္။ ၿပီးေတာ့ အခုလိုမ်ိဳး ေနာက္က် အႏိုင္ဂိုး တဂိုးနဲ႔ ႏိုင္ခဲ့တာကလည္း ကြၽန္ေတာ္တို႔ေတြ ကံေကာင္းလြန္းလို႔ပါ” လို႔ ေျပာၾကားသြားခဲ့ ပါတယ္။
ညက လိဒ္အသင္းနဲ႔ ပြဲစဥ္မွာ ခ်ဲလ္ဆီးအသင္းရဲ႕ ခံစစ္ေၾကာင္း အားနည္းမႈကို ဆက္လက္ ျမင္ေတြ႕ခဲ့ရကာ ခ်ဲလ္ဆီးရဲ႕ ကစားပုံဟာ ရာသီအစကလို က်စ္လ်စ္မႈ မရွိေတာ့ဘူးလို႔ ေဝဖန္ သုံးသပ္မႈေတြ ထြက္ေပၚလာပါတယ္။