ကိုဗစ်ကြောင့် ပွဲမကစားရာက ၃-ဝ အရှုံးသတ်မှတ်ခံရပြီး ပြိုင်ပွဲကပါ ထွက်လိုက်ရတဲ့ ကွန်တီရဲ့ စပါး
စပါးဟာ ပြီးခဲ့တဲ့ ကြာသပတေးညက ကစားဖို့ စီစဉ်ထားတဲ့ ရန်းနက်စ်နဲ့ ယူရိုပါကွန်ဖရင့်လိဂ် ပွဲစဉ်ကို ကိုဗစ် အကြောင်းပြပြီး ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုခဲ့ကာ ယူအီးအက်ဖ်အေဘက်ကလည်း ရွှေ့ဆိုင်းပေးခဲ့ပါတယ်။
ဒီအပေါ်မှာ ပြိုင်ဘက် ပြင်သစ်လီဂူးကလပ် ရန်းနက်စ်က စောဒကတက်ခဲ့ပြီး စပါးအနေနဲ့ ကစားသမား အင်အား အလုံအလောက်ရှိပါလျက်နဲ့ ပွဲကစားဖို့ ပျက်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။
ရန်းနက်စ် ကစားသမားတွေဟာ လန်ဒန်အထိ ရောက်ရှိလာပြီးမှ ပွဲပျက်ခဲ့ရတာကြောင့် ဒီပွဲကို ရွှေ့ဆိုင်းတယ်လို့ မသတ်မှတ်ဘဲ ပွဲကို ဖျက်သိမ်းကာ ရန်းနက်စ်ကို ဝ-၃ ဂိုးနဲ့ အနိုင်ပေးဖို့ တောင်းဆိုခဲ့တာပါ။
ယူအီးအက်ဖ်အေ ဘက်ကတော့ ပွဲပြန်ကစားဖို့ ရက်ကို သတ်မှတ်ဖို့ ညှိနှိုင်းခဲ့ပေမယ့် တောက်လျှောက် ပွဲကြပ်တွေ ရှိနေတဲ့ စပါးတို့ ဒီဇင်ဘာ (၃၁) အထိ ပြန်မကစားနိုင်တာကြောင့် ရန်းနက်စ်ကို အနိုင်ပေးခဲ့ပါတယ်။
ဒီလို ရန်းနက်စ် အနိုင်ရရှိခဲ့တဲ့ ရလဒ်ကြောင့် စပါးလည်း အုပ်စုတတိယနဲ့ ပြိုင်ပွဲက ထွက်ခဲ့ရပြီဖြစ်ပါတယ်။ ရန်းနက်စ် ကလည်း ဒီဇင်ဘာ (၂၂) ကနေ ဇန်နဝါရီ (၇) အထိ ဆောင်းရာသီ အားလပ်ရက် သတ်မှတ် ထားတာကြောင့် ဒီပွဲကို ပျက်စေတဲ့ အဓိက တာဝန်ရှိတဲ့ အသင်းက စပါးဖြစ်ခဲ့ပြီး အခုလို သတ်မှတ်ခံခဲ့ရတာပါ။
ကိုဗစ် စည်းကမ်းတွေအရ ပွဲကစားဖို့ ဂိုးသမား (၁) ယောက်နဲ့ ဂိုးသမား မဟုတ်တဲ့ ကစားသမား (၁၃) ယောက် ကိုဗစ် ကင်းရှင်းနေရင် ပွဲကစားရမယ်လို့ ယူအီးအက်ဖ်အေက သတ်မှတ်ထားတာဖြစ်ပါတယ်။

ZG
စပါးဟာ ၿပီးခဲ့တဲ့ ၾကာသပေတးညက ကစားဖို႔ စီစဥ္ထားတဲ့ ရန္းနက္စ္နဲ႔ ယူ႐ိုပါကြန္ဖရင့္လိဂ္ ပြဲစဥ္ကို ကိုဗစ္ အေၾကာင္းျပၿပီး ေ႐ႊ႕ဆိုင္းေပးဖို႔ ေတာင္းဆိုခဲ့ကာ ယူအီးအက္ဖ္ေအဘက္ကလည္း ေ႐ႊ႕ဆိုင္းေပးခဲ့ပါတယ္။
ဒီအေပၚမွာ ၿပိဳင္ဘက္ ျပင္သစ္လီဂူးကလပ္ ရန္းနက္စ္က ေစာဒကတက္ခဲ့ၿပီး စပါးအေနနဲ႔ ကစားသမား အင္အား အလုံအေလာက္ရွိပါလ်က္နဲ႔ ပြဲကစားဖို႔ ပ်က္ကြက္ခဲ့တယ္လို႔ ဆိုပါတယ္။
ရန္းနက္စ္ ကစားသမားေတြဟာ လန္ဒန္အထိ ေရာက္ရွိလာၿပီးမွ ပြဲပ်က္ခဲ့ရတာေၾကာင့္ ဒီပြဲကို ေ႐ႊ႕ဆိုင္းတယ္လို႔ မသတ္မွတ္ဘဲ ပြဲကို ဖ်က္သိမ္းကာ ရန္းနက္စ္ကို ၀-၃ ဂိုးနဲ႔ အႏိုင္ေပးဖို႔ ေတာင္းဆိုခဲ့တာပါ။
ယူအီးအက္ဖ္ေအ ဘက္ကေတာ့ ပြဲျပန္ကစားဖို႔ ရက္ကို သတ္မွတ္ဖို႔ ညႇိႏႈိင္းခဲ့ေပမယ့္ ေတာက္ေလွ်ာက္ ပြဲၾကပ္ေတြ ရွိေနတဲ့ စပါးတို႔ ဒီဇင္ဘာ (၃၁) အထိ ျပန္မကစားႏိုင္တာေၾကာင့္ ရန္းနက္စ္ကို အႏိုင္ေပးခဲ့ပါတယ္။
ဒီလို ရန္းနက္စ္ အႏိုင္ရရွိခဲ့တဲ့ ရလဒ္ေၾကာင့္ စပါးလည္း အုပ္စုတတိယနဲ႔ ၿပိဳင္ပြဲက ထြက္ခဲ့ရၿပီျဖစ္ပါတယ္။ ရန္းနက္စ္ ကလည္း ဒီဇင္ဘာ (၂၂) ကေန ဇန္နဝါရီ (၇) အထိ ေဆာင္းရာသီ အားလပ္ရက္ သတ္မွတ္ ထားတာေၾကာင့္ ဒီပြဲကို ပ်က္ေစတဲ့ အဓိက တာဝန္ရွိတဲ့ အသင္းက စပါးျဖစ္ခဲ့ၿပီး အခုလို သတ္မွတ္ခံခဲ့ရတာပါ။
ကိုဗစ္ စည္းကမ္းေတြအရ ပြဲကစားဖို႔ ဂိုးသမား (၁) ေယာက္နဲ႔ ဂိုးသမား မဟုတ္တဲ့ ကစားသမား (၁၃) ေယာက္ ကိုဗစ္ ကင္းရွင္းေနရင္ ပြဲကစားရမယ္လို႔ ယူအီးအက္ဖ္ေအက သတ္မွတ္ထားတာျဖစ္ပါတယ္။