ကိုဗစ်ရိုက်ခံမှုကို စပါးအသင်းနောက် စတင် ခံလာရတဲ့ မန်ချက်စတာ ယူနိုက်တက်
စပါးအသင်းဟာ ကိုဗစ် ဖြစ်နေတဲ့ ကစားသမားတွေ များတာကြောင့် ပွဲမကစားနိုင်၊ ယူရိုပါ ကွန်ဖရန့်ကနေ ထွက်ခဲ့ရတဲ့ ဖြစ်ရပ်တွေ အပြီးမှာပဲ မန်ချက်စတာယူနိုက်တက် ကစားသမားအချို့မှာ ကိုဗစ်ပိုး တွေ့ရှိခဲ့တယ်လို့ မနေ့ညက သတင်းထွက်ပေါ် လာခဲ့ပါတယ်။

မန်ယူနိုက်တက် ဟာ တနင်္ဂနွေနေ့က လေ့ကျင့်ခန်း အစီအစဉ်ကို ဖျက်သိမ်းလိုက်တယ်လို့ The Athletic သတင်းဌာန က ဖော်ပြထားပါတယ်။
နောဝှစ်ခ်ျ ပွဲကစားပြီး ပြန်ရောက်လာတဲ့ ကစားသမား နဲ့ ဝန်ထမ်းတွေ ရဲ့ ကနဦး ဆေးစစ်ချက်တွေမှာ ပိုး မတွေ့ခဲ့ရ ပေမယ့် နောက်ပိုင်းမှာတော့ ထို လူတွေထဲက ကစားသမား နဲ့ ဝန်ထမ်း အနည်းငယ် ရဲ့ ဆေးစစ်ချက်တွေဟာ ကိုဗစ်ပိုး ပါရှိတယ်လို့ အဖြေပြန်ထွက် လာခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့် အဆိုပါ သူတွေကို သီးသန့်ခွဲနေစေခဲ့ပြီး ကြံ့ခိုင်မှု အပြည်အဝ ရှိသူအချို့ကတော့ ကာရင်တန် လေ့ကျင့်ရေးကွင်း ပြင်ပမှာ တဦးချင်း လေ့ကျင့်ခဲ့ကြတယ်လို့ သိရပါတယ်။ မန်ချက်စတာ ယူနိုက်တက်ဟာ အခြေအနေတွေကို ပရီးမီးယားလိဂ် အဖွဲ့ချုပ်ထံ လည်း သတင်းပို့ထားပြီ ဖြစ်ပါတယ်။
နောက်ဆက်တွဲ သတင်းတွေ အရ မန်ယူအသင်းမှ ကိုဗစ်ပိုး တွေ့သူ အရေအတွက်ဟာ နည်းပါးတာကြောင့် အင်္ဂါ နေ့ညမှာ ကစားမယ့် ဘရန့်ဖို့ဒ် နဲ့ပွဲကို ရွှေ့ဆိုင်းဖို့ အလားအလာ နည်းပါနေပါတယ်။ ပရီးမီးယားလိဂ် စည်းမျဉ်းတွေ အရ ကိုဗစ် ကင်းစင်သူ ၁၃ ဦး ရှိရင် ပွဲကို ကစားရမှာ ဖြစ်ပါတယ်။

ZG
စပါးအသင္းဟာ ကိုဗစ္ ျဖစ္ေနတဲ့ ကစားသမားေတြ မ်ားတာေၾကာင့္ ပြဲမကစားနုိင္၊ ယူရိုပါ ကြန္ဖရန္႔ကေန ထြက္ခဲ့ရတဲ့ ျဖစ္ရပ္ေတြ အျပီးမွာပဲ မန္ခ်က္စတာယူႏိုက္တက္ ကစားသမားအခ်ိဳ႕မွာ ကိုဗစ္ပိုး ေတြ႕ရွိခဲ့တယ္လို႔ မေန႔ညက သတင္းထြက္ေပၚ လာခဲ့ပါတယ္။
မန္ယူႏိုက္တက္ ဟာ တနဂၤေႏြေန႔က ေလ့က်င့္ခန္း အစီအစဥ္ကို ဖ်က္သိမ္းလိုက္တယ္လို႔ The Athletic သတင္းဌာန က ေဖာ္ျပထားပါတယ္။
ေနာဝွစ္ခ္် ပြဲကစားၿပီး ျပန္ေရာက္လာတဲ့ ကစားသမား နဲ႔ ဝန္ထမ္းေတြ ရဲ႕ ကနဦး ေဆးစစ္ခ်က္ေတြမွာ ပိုး မေတြ႕ခဲ့ရ ေပမယ့္ ေနာက္ပိုင္းမွာေတာ့ ထို လူေတြထဲက ကစားသမား နဲ႔ ဝန္ထမ္း အနည္းငယ္ ရဲ႕ ေဆးစစ္ခ်က္ေတြဟာ ကိုဗစ္ပိုး ပါရွိတယ္လို႔ အေျဖျပန္ထြက္ လာခဲ့တယ္လို႔ သိရပါတယ္။
ဒါေၾကာင့္ အဆိုပါ သူေတြကို သီးသန႔္ခြဲေနေစခဲ့ၿပီး ႀကံ့ခိုင္မႈ အျပည္အဝ ရွိသူအခ်ိဳ႕ကေတာ့ ကာရင္တန္ ေလ့က်င့္ေရးကြင္း ျပင္ပမွာ တဦးခ်င္း ေလ့က်င့္ခဲ့ၾကတယ္လို႔ သိရပါတယ္။ မန္ခ်က္စတာ ယူနိုက္တက္ဟာ အေျခအေနေတြကို ပရီးမီးယားလိဂ္ အဖြဲ႕ခ်ဳပ္ထံ လည္း သတင္းပို႔ထားျပီ ျဖစ္ပါတယ္။
ေနာက္ဆက္တြဲ သတင္းေတြ အရ မန္ယူအသင္းမွ ကိုဗစ္ပိုး ေတြ႕သူ အေရအတြက္ဟာ နည္းပါးတာေၾကာင့္ အဂၤါ ေန႔ညမွာ ကစားမယ့္ ဘရန႔္ဖို႔ဒ္ နဲ႔ပြဲကို ေ႐ႊ႕ဆိုင္းဖို႔ အလားအလာ နည္းပါေနပါတယ္။ ပရီးမီးယားလိဂ္ စည္းမ်ဥ္းေတြ အရ ကိုဗစ္ ကင္းစင္သူ ၁၃ ဦး ရွိရင္ ပြဲကို ကစားရမွာ ျဖစ္ပါတယ္။