မန်ချက်စတာ ယူနိုက်တက်မှာ ဖရက်နဲ့ တော်မီနေး သုံးနေသမျှ ဖလားမရဘူး ပြောလိုက်တဲ့ ဒါရင်းဘန့်
မန်ချက်စတာ ယူနိုက်တက်ဟာ ဖရက်ဒ်နဲ့ စကော့မက်တိုမီနေးကို ပွဲထွက်ကစားခိုင်းနေသရွေ့ ပရီးမီးယားလိဂ်ချန်ပီယံ ဘယ်တော့မှ မဖြစ်နိုင်ဘူးလို့ ဒါရင်းဘန့်ခ်က ပြောခဲ့ပါတယ်။ ဒါ့အပြင် စနေနေ့က အိုးလ်ထရက်ဖို့ဒ်မှာ ၁-၁ သရေရလဒ် ထွက်ပေါ်ခဲ့တဲ့ အဲဗာတန်နဲ့ပွဲစဉ်မှာ အဲဗာတန်ရဲ့ အက်ဘ်ဒူလာရီဒူကူရေးနဲ့ အယ်လန်တို့ရဲ့ ကွင်းလယ်က သိသိသာသာပွဲကို ပိုပြီး ထိန်းချုပ်နိုင်ခဲ့ပါတယ်။
ယူနိုက်တက်ရဲ့ ကွင်းလယ်ဟာ တည်ငြိမ်မှုပျောက်ဆုံးနေခဲ့ပြီး ပရီးမီးယားလိဂ် ၂ ပွဲဆက် အမှတ်ဆုံးရှုံးခဲ့ရတာလည်း ဖြစ်ပါတယ်။ မာရှယ်ရဲ့ဦးဆောင်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် အဲဗာတန်က တောင်ဆန်ရဲ့ ကောင်တာဂိုးနဲ့ ချေပဂိုးပြန်လည် ရရှိသွားခဲ့ပါတယ်။

နည်းပြဆိုးလ်ရှားက ၄-၂-၃-၁ ကစားကွက် အသုံးပြုပေမယ့် ကွင်းလယ်ခံစစ်ပိုင်းပိုင်းက အမှားအယွင်းများလွန်းနေခဲ့ပြီး ဒီရာသီမှာ အဝေဖန်ခံရဆုံးနေရာလည်း ဖြစ်ပါတယ်။ နော်ဝေသားနည်းပြရဲ့ ကွင်းလယ်အထိုင်ကစားသမားတွေအဖြစ်တော့ နီမန်ဂျာမာနစ်နဲ့ ဖရက်ဒ်တို့သာရှိနေပြီး မက်တိုမီနေး၊ ပေါလ်ပေါ့ဂ်ဘာနဲ့ ဒွန်နီဗန်ဒီဘိခ်တို့ကတော့ ၄-၃-၃ ကစားကွက်နဲ့သာ ပိုပြီးကိုက်ညီတဲ့ ကစားသမားတွေ ဖြစ်ကြပါတယ်။
ဘန့်ခ်က “မနေ့က ကစားခဲ့တဲ့ သူ့အသင်းကိုကြည့်၊ ကာဗာနီ တစ်ယောက်လောက်ပဲ ကြိုက်တယ်၊ မာရှယ်ရဲ့ ဂိုးကလည်း တော်တော်လေး ကောင်းတယ်။ ဒါပေမယ့် သူလည်း မတည်ငြိမ်ဘူး။ ဖာနန်ဒက်စ်ကတော့ ဘယ်လောက်ထိ အရေးပါလဲ အားလုံးအသိပဲ၊ ဂရင်းဝုဒ်လည်း အဆင်ပြေတယ်။ မပြေတာက ဖရက်ဒ်နဲ့ မက်တိုမီနေးပဲ၊
သူတို့နှစ်ယောက်က ကစားသမားကောင်းတွေပါ ဒါပေမယ့် ဒီနှစ်ယောက်ကို ကွင်းလယ်မှာသုံးနေသရွေ့ ပရိးမီးယားလိဂ် ချန်ပီယံမဖြစ်နိုင်ပါဘူး။ မနေ့ကပွဲမှာ မြင်တဲ့အတိုင်းပဲ အဲဗာတန်က ကောင်တာစလာရင် ဘယ်လောက်ထိ သရုပ်ပျက်လိုက်လဲ။ ဒူကူရေးနဲ့ အယ်လန်ကိုပဲကြည့်၊ ဟိုနှစ်ယောက်ကို သက်သက် အနိုင်ကျင့်သလို ဖြစ်နေတယ်” ဆိုပြီး ဝေဖန်ထောက်ပြခဲ့ပါတယ်။

Zawgyi
မန္ခ်က္စတာယူႏိုက္တက္ဟာ ဖရက္ဒ္နဲ႔ စေကာ့မက္တိုမီေနးကို ပြဲထြက္ကစားခိုင္းေနသေ႐ြ႕ ပရီးမီးယားလိဂ္ခ်န္ပီယံ ဘယ္ေတာ့မွမျဖစ္ႏိုင္ဘူးလို႔ ဒါရင္းဘန႔္ခ္က ေျပာခဲ့ပါတယ္။ ဒါ့အျပင္ စေနေန႔က အိုးလ္ထရက္ဖို႔ဒ္မွာ ၁-၁ သေရရလဒ္ ထြက္ေပၚခဲ့တဲ့ အဲဗာတန္နဲ႔ပြဲစဥ္မွာ အဲဗာတန္ရဲ႕ အက္ဘ္ဒူလာရီဒူကူေရးနဲ႔ အယ္လန္တို႔ရဲ႕ ကြင္းလယ္က သိသိသာသာပြဲကို ပိုၿပီး ထိန္းခ်ဳပ္ႏိုင္ခဲ့ပါတယ္။
ယူႏိုက္တက္ရဲ႕ ကြင္းလယ္ဟာ တည္ၿငိမ္မႈေပ်ာက္ဆုံးေနခဲ့ၿပီး ပရီးမီးယားလိဂ္ ၂ ပြဲဆက္ အမွတ္ဆုံးရႈံးခဲ့ရတာလည္း ျဖစ္ပါတယ္။ မာရွယ္ရဲ႕ဦးေဆာင္ဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ အဲဗာတန္က ေတာင္ဆန္ရဲ႕ ေကာင္တာဂိုးနဲ႔ ေခ်ပဂိုးျပန္လည္ ရရွိသြားခဲ့ပါတယ္။
နည္းျပဆိုးလ္ရွားက ၄-၂-၃-၁ ကစားကြက္ အသုံးျပဳေပမယ့္ ကြင္းလယ္ခံစစ္ပိုင္းပိုင္းက အမွားအယြင္းမ်ားလြန္းေနခဲ့ၿပီး ဒီရာသီမွာ အေဝဖန္ခံရဆုံးေနရာလည္း ျဖစ္ပါတယ္။ ေနာ္ေဝသားနည္းျပရဲ႕ ကြင္းလယ္အထိုင္ကစားသမားေတြအျဖစ္ေတာ့ နီမန္ဂ်ာမာနစ္နဲ႔ ဖရက္ဒ္တို႔သာရွိေနၿပီး မက္တိုမီေနး၊ ေပါလ္ေပါ့ဂ္ဘာနဲ႔ ဒြန္နီဗန္ဒီဘိခ္တို႔ကေတာ့ ၄-၃-၃ ကစားကြက္နဲ႔သာ ပိုၿပီးကိုက္ညီတဲ့ ကစားသမားေတြ ျဖစ္ၾကပါတယ္။
ဘန႔္ခ္က “မေန႔က ကစားခဲ့တဲ့ သူ႔အသင္းကိုၾကည့္၊ ကာဗာနီ တစ္ေယာက္ေလာက္ပဲ ႀကိဳက္တယ္၊ မာရွယ္ရဲ႕ ဂိုးကလည္း ေတာ္ေတာ္ေလး ေကာင္းတယ္။ ဒါေပမယ့္ သူလည္း မတည္ၿငိမ္ဘူး။ ဖာနန္ဒက္စ္ကေတာ့ ဘယ္ေလာက္ထိ အေရးပါလဲ အားလုံးအသိပဲ၊ ဂရင္းဝုဒ္လည္း အဆင္ေျပတယ္။ မေျပတာက ဖရက္ဒ္နဲ႔ မက္တိုမီေနးပဲ၊
သူတို႔ႏွစ္ေယာက္က ကစားသမားေကာင္းေတြပါ ဒါေပမယ့္ ဒီႏွစ္ေယာက္ကို ကြင္းလယ္မွာသုံးေနသေ႐ြ႕ ပရိးမီးယားလိဂ္ ခ်န္ပီယံမျဖစ္ႏိုင္ပါဘူး။ မေန႔ကပြဲမွာ ျမင္တဲ့အတိုင္းပဲ အဲဗာတန္က ေကာင္တာစလာရင္ ဘယ္ေလာက္ထိ သ႐ုပ္ပ်က္လိုက္လဲ။ ဒူကူေရးနဲ႔ အယ္လန္ကိုပဲၾကည့္၊ ဟိုႏွစ္ေယာက္ကို သက္သက္ အႏိုင္က်င့္သလို ျဖစ္ေနတယ္” ဆိုၿပီး ေဝဖန္ေထာက္ျပခဲ့ပါတယ္။