မန်ယူက ဒီရာသီ ချန်ပီယံလိဂ်ဖလားတောင် ရသွားနိုင်တယ်လို့ ဟောကိန်းထုတ်လိုက်တဲ့ သရဲနီဟောင်း
ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် မဲခွဲမှုများ မနေ့ညက ပြုလုပ်ခဲ့ရာမှာ မန်ချက်စတာ ယူနိုက်တက်က အက်သလက်တီကိုမက်ဒရစ်နဲ့ တွေ့ဆုံနေပြီး ပေါလ်အင့်စ်ကတော့ မန်ယူက ဒီရာသီ ချန်ပီယံလိဂ် ဖလားပါ ရယူ သွားနိုင်တယ်လို့ ပြောဆိုသွားခဲ့တာပါ။

မန်ချက်စတာ ယူနိုက်တက်အသင်းက ဒီရာသီမှာ ချန်ပီယံလိဂ်ဖလားကို ရယူသွားနိုင်တယ်လို့ အသင်း ကစားသမားဟောင်း တဦးဖြစ်တဲ့ ပေါလ်အင့်စ်က ပြောဆိုလိုက်ပါတယ်။ ၁၆ သင်းအဆင့်မှာ အက်သလက်တီကို မက်ဒရစ်နဲ့ ရင်ဆိုင်ရတော့မယ့် ယူနိုက်တက်ရဲ့ အနေအထားကို ပေါလ်အင့်စ်က သုံးသပ်ခဲ့ပြီး ဆုဖလားပါ ရယူနိုင်စွမ်းရှိတယ်လို့ ပြောဆိုသွားခဲ့တာပါ။
“သူတို့တွေ ချန်ပီယံလိဂ်ဖလားကို ရယူသွားနိုင်ပါတယ်၊ လူတွေကတော့ ကျနော်ရူးနေလားလို့ ထင်နေနိုင်ပါတယ်၊ ဒါပေမယ့် သူတို့ လုပ်နိုင်ပါတယ်၊ ယူနိုက်တက်က တကယ်ခြေစွမ်းကောင်းပြီဆိုရင် ဘယ်အသင်းကို မဆို အနိုင်ယူနိုင်ပါတယ်၊ ဘယ်သူပဲဖြစ်ဖြစ်ပါ။
ရှုံးထွက်ကစားရတဲ့ ပြိုင်ပွဲတွေမှာ ခင်ဗျားက အကောင်းဆုံးပုံစံရှိနေမယ်၊ ကမ္ဘာ့အဆင့်ကစားသမားတွေလည်း ပိုင်ဆိုင်ထားမယ်ဆိုရင် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို မရောက်ဘူး၊ ဖလားမရနိုင်ဘူးလို့ ပြောစရာအကြောင်းပြချက် ဘာမှကိုမရှိပါဘူး” လို့ ပေါလ်အင့်စ်က ဆိုပါတယ်။
လောလောဆယ်မှာတော့ မန်ချက်စတာ ယူနိုက်တက်ဟာ ဒီကြားရက်မှာ ဘရန်ဖို့ဒ်နဲ့ကစားရဖို့ရှိနေပေမယ့် အသင်းတွင်း ကိုဗစ်ပြသနာကြောင့် လေ့ကျင့်ကွင်းကို ပိတ်ထားရပြီး ပွဲကို ရွှေ့ဆိုင်းလိုက်ရပြီ ဖြစ်ပါတယ်။

ZG
ခ်န္ပီယံလိဂ္ ၁၆ သင္း ရံႈးထြက္အဆင့္ မဲခြဲမႈမ်ား မေန႔ညက ျပဳလုပ္ခဲ့ရာမွာ မန္ခ်က္စတာ ယူနိုက္တက္က အက္သလက္တီကိုမက္ဒရစ္နဲ႔ ေတြ႔ဆံုေနျပီး ေပါလ္အင့္စ္ကေတာ့ မန္ယူက ဒီရာသီ ခ်န္ပီယံလိဂ္ ဖလားပါ ရယူ သြားနိုင္တယ္လို႔ ေျပာဆိုသြားခဲ့တာပါ။
မန္ခ်က္စတာ ယူႏိုက္တက္အသင္းက ဒီရာသီမွာ ခ်န္ပီယံလိဂ္ဖလားကို ရယူသြားႏိုင္တယ္လို႔ အသင္း ကစားသမားေဟာင္း တဦးျဖစ္တဲ့ ေပါလ္အင့္စ္က ေျပာဆိုလိုက္ပါတယ္။ ၁၆ သင္းအဆင့္မွာ အက္သလက္တီကို မက္ဒရစ္နဲ႔ ရင္ဆိုင္ရေတာ့မယ့္ ယူႏိုက္တက္ရဲ႕ အေနအထားကို ေပါလ္အင့္စ္က သုံးသပ္ခဲ့ၿပီး ဆုဖလားပါ ရယူႏိုင္စြမ္းရွိတယ္လို႔ ေျပာဆိုသြားခဲ့တာပါ။
“သူတို႔ေတြ ခ်န္ပီယံလိဂ္ဖလားကို ရယူသြားႏိုင္ပါတယ္၊ လူေတြကေတာ့ က်ေနာ္႐ူးေနလားလို႔ ထင္ေနႏိုင္ပါတယ္၊ ဒါေပမယ့္ သူတို႔ လုပ္ႏိုင္ပါတယ္၊ ယူႏိုက္တက္က တကယ္ေျခစြမ္းေကာင္းၿပီဆိုရင္ ဘယ္အသင္းကို မဆို အႏိုင္ယူႏိုင္ပါတယ္၊ ဘယ္သူပဲျဖစ္ျဖစ္ပါ။
ရႈံးထြက္ကစားရတဲ့ ၿပိဳင္ပြဲေတြမွာ ခင္ဗ်ားက အေကာင္းဆုံးပုံစံရွိေနမယ္၊ ကမာၻ႔အဆင့္ကစားသမားေတြလည္း ပိုင္ဆိုင္ထားမယ္ဆိုရင္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို မေရာက္ဘူး၊ ဖလားမရႏိုင္ဘူးလို႔ ေျပာစရာအေၾကာင္းျပခ်က္ ဘာမွကိုမရွိပါဘူး” လို႔ ေပါလ္အင့္စ္က ဆိုပါတယ္။
ေလာေလာဆယ္မွာေတာ့ မန္ခ်က္စတာ ယူႏိုက္တက္ဟာ ဒီၾကားရက္မွာ ဘရန္ဖို႔ဒ္နဲ႔ကစားရဖို႔ရွိေနေပမယ့္ အသင္းတြင္း ကိုဗစ္ျပသနာေၾကာင့္ ေလ့က်င့္ကြင္းကို ပိတ္ထားရၿပီး ပြဲကို ေရႊ႕ဆိုင္းလိုက္ရျပီ ျဖစ္ပါတယ္။