ချန်ပီယံလိဂ်မှာ ဘယ်အသင်း ဗိုလ်စွဲမလဲ တွက်ထုတ်လိုက်တဲ့ စူပါကွန်ပျူတာ
မနေ့ည ချန်ပီယံလိဂ် ၁၆သင်းအဆင့် မဲခွဲမှုတွေဟာ မသမာမှုတွေကြောင့် ၂ကြိမ်တိုင် မဲပြန်ခွဲခဲ့ရပြီး ဒုတိယအကြိမ် မဲခွဲမှုတွေအရ မန်စီးတီးက ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ဖို့ အလား အလာ အကောင်းဆုံး ဖြစ်တယ် လို့ စူပါကွန်ပျူတာက တွက်ထုတ် လိုက်ပါတယ်။

မန်စီးတီးဟာ ဒုတိယအကြိမ် မဲခွဲမှုအရ ကစားရ ပိုလွယ်နိုင်တဲ့ စပို့တင်း လစ္စဘွန်းနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ တစ်ဖက်မှာတော့ လီဗာပူး၊ ချဲလ်ဆီးနဲ့ ယူနိုက်တက်အသင်းတွေဧာ အင်တာမီလန်၊ လိုင်လီ၊ အက်သလက်တီကိုတို့ကို အသီးသီး ကျော်ဖြတ်နိုင်ဖို့ ရှိနေပြီး ကွာတားဖိုင်နယ်မှာ အင်္ဂလိပ်အသင်း ၄သင်းစလုံး ပါဝင်နိုင်ဖို့ ရှိနေတယ်လို့ စူပါကွန်ပျူတာက ဆိုပါတယ်။
ချန်ပီယံလိဂ် ၆ကြိမ်ရ ဘိုင်ယန်မြူးနစ်ဟာ ဆဲလ်ဘတ်ကို ကျော်ဖြတ်သွားဖို့ ရှိနေကာ ၄ကြိမ်ရ အေဂျက်စ်ကလည်း ဘင်ဖီကာကို ကျော်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒါပေမဲ့ ချန်ပီယံလိဂ်မှာ အအောင်မြင်ဆုံးအသင်းဖြစ်တဲ့ ရီးရဲလ်ဟာ ပီအက်စ်ဂျီနဲ့ အတွေ့မှာ ထွက်ရမယ်ဆိုပြီး စူပါကွန်ပျူတာက ဆိုထားပါတယ်။
နောက်ဆုံးအသင်းဖြစ်တဲ့ ဂျူဗင်တပ်စ်ကလည်း ပြည်တွင်းမှာ ရုန်းကန်နေရပေမဲ့ ချန်ပီယံလိဂ် ၁၆သင်း အဆင့်မှာတော့ ဗီလာရီးရဲလ်ကို ကျော်ဖြတ်ကာ ကွာတားရောက်ဖို့ ရှိနေပါတယ်။
Bettingexpect ပြောရေးဆိုခွင့်ရှိသူက “ချန်ပီယံလိဂ် ၁၆သင်းအဆင့် မဲခွဲမှုတွေ ပြုလုပ်ခဲ့ပြီး ဒုတိယအကြိမ် မဲခွဲမှုအရ ရေပန်းစားနေတဲ့ အသင်းအများစုက နောက်တစ်ဆင့်တက်မယ်လို့ စူပါကွန်ပျူတာက ဖော်ပြထားပါတယ်။
ရီးရဲလ်မက်ဒရစ်ကတော့ ဘင်ဖီကာနဲ့ ပထမအကြိမ် ကျပြီးမှ ဒုတိယအကြိမ် ပီအက်စ်ဂျီနဲ့ သွားတွေ့လို့ ခံရခက်နေတမှာ သေချာနေပါတယ်။ ဒီတိုင်းကစားမယ်ဆိုရင် မန်စီးတီးက မေလမှာ ချန်ပီယံလိဂ်ဖလားကို ကိုင်မြောက်သွားဖို့ ရှိနေပါတယ်”လို့ ပြောခဲ့ပါတယ်။

ZG
မေန႔ည ခ်န္ပီယံလိဂ္ ၁၆သင္းအဆင့္ မဲခြဲမႈေတြဟာ မသမာမႈေတြေၾကာင့္ ၂ႀကိမ္တိုင္ မဲျပန္ခြဲခဲ့ရၿပီး ဒုတိယအႀကိမ္ မဲခြဲမႈေတြအရ မန္စီးတီးက ခ်န္ပီယံလိဂ္ဖလား ဆြတ္ခူးႏိုင္ဖို႔ အလား အလာ အေကာင္းဆံုး ျဖစ္တယ္ လို႔ စူပါကြန္ပ်ဴတာက တြက္ထုတ္ လိုက္ပါတယ္။
မန္စီးတီးဟာ ဒုတိယအႀကိမ္ မဲခြဲမႈအရ ကစားရ ပိုလြယ္ႏိုင္တဲ့ စပို႔တင္း လစၥဘြန္းနဲ႔ ရင္ဆိုင္ခဲ့ရတာ ျဖစ္ပါတယ္။ တစ္ဖက္မွာေတာ့ လီဗာပူး၊ ခ်ဲလ္ဆီးနဲ႔ ယူႏိုက္တက္အသင္းေတြဧာ အင္တာမီလန္၊ လိုင္လီ၊ အက္သလက္တီကိုတို႔ကို အသီးသီး ေက်ာ္ျဖတ္ႏိုင္ဖို႔ ရွိေနၿပီး ကြာတားဖိုင္နယ္မွာ အဂၤလိပ္အသင္း ၄သင္းစလုံး ပါဝင္ႏိုင္ဖို႔ ရွိေနတယ္လို႔ စူပါကြန္ပ်ဴတာက ဆိုပါတယ္။
ခ်န္ပီယံလိဂ္ ၆ႀကိမ္ရ ဘိုင္ယန္ျမဴးနစ္ဟာ ဆဲလ္ဘတ္ကို ေက်ာ္ျဖတ္သြားဖို႔ ရွိေနကာ ၄ႀကိမ္ရ ေအဂ်က္စ္ကလည္း ဘင္ဖီကာကို ေက်ာ္ႏိုင္မယ္လို႔ ခန႔္မွန္းထားပါတယ္။ ဒါေပမဲ့ ခ်န္ပီယံလိဂ္မွာ အေအာင္ျမင္ဆုံးအသင္းျဖစ္တဲ့ ရီးရဲလ္ဟာ ပီအက္စ္ဂ်ီနဲ႔ အေတြ႕မွာ ထြက္ရမယ္ဆိုၿပီး စူပါကြန္ပ်ဴတာက ဆိုထားပါတယ္။
ေနာက္ဆုံးအသင္းျဖစ္တဲ့ ဂ်ဴဗင္တပ္စ္ကလည္း ျပည္တြင္းမွာ ႐ုန္းကန္ေနရေပမဲ့ ခ်န္ပီယံလိဂ္ ၁၆သင္း အဆင့္မွာေတာ့ ဗီလာရီးရဲလ္ကို ေက်ာ္ျဖတ္ကာ ကြာတားေရာက္ဖို႔ ရွိေနပါတယ္။
Bettingexpect ေျပာေရးဆိုခြင့္ရွိသူက “ခ်န္ပီယံလိဂ္ ၁၆သင္းအဆင့္ မဲခြဲမႈေတြ ျပဳလုပ္ခဲ့ၿပီး ဒုတိယအႀကိမ္ မဲခြဲမႈအရ ေရပန္းစားေနတဲ့ အသင္းအမ်ားစုက ေနာက္တစ္ဆင့္တက္မယ္လို႔ စူပါကြန္ပ်ဴတာက ေဖာ္ျပထားပါတယ္။
ရီးရဲလ္မက္ဒရစ္ကေတာ့ ဘင္ဖီကာနဲ႔ ပထမအႀကိမ္ က်ၿပီးမွ ဒုတိယအႀကိမ္ ပီအက္စ္ဂ်ီနဲ႔ သြားေတြ႕လို႔ ခံရခက္ေနတမွာ ေသခ်ာေနပါတယ္။ ဒီတိုင္းကစားမယ္ဆိုရင္ မန္စီးတီးက ေမလမွာ ခ်န္ပီယံလိဂ္ဖလားကို ကိုင္ေျမာက္သြားဖို႔ ရွိေနပါတယ္”လို႔ ေျပာခဲ့ပါတယ္။