မိခင်ကလပ် ပြန်ပြီး ချောင်ထိုးခံရချင်သလားလို့ လင်ဂတ် ကို နမူနာပြပြီး ဆုံးမခံလိုက်ရတဲ့ ဂလဲဟား
လာမယ့်နွေရာသီမှာ မိခင်ကလပ်ဖြစ်တဲ့ ချဲလ်ဆီးအသင်းထံ ပြန်သွားပြီး ပုံမှန်ကစားခွင့် မရဘူးဆိုရင် ဂလဲဟားဟာလည်း မန်ယူက လင်ဂတ်အတိုင်း ဖြစ်သွားလိမ့်မယ်လို့ ဝါရင့် နည်းပြကြီး ဆမ်အလာဒိုက်စ်က သတိပေး ပြောဆိုလိုက်ပါတယ်။
အင်္ဂလန်သား ဂလဲဟား ဟာ ခရစ္စတယ်ပဲလေ့စ်အသင်းမှာ အငှား သွားရောက်ကစားနေပြီး ခြေစွမ်းပြနေတာ ဖြစ်ပါတယ်။ အသက်၂၁နှစ်သားဟာ ပရီးမီးယားလိဂ်တွင် ပြီးခဲ့တဲ့ တနင်္ဂနွေက အဲဗာတန်ကို ၃-၁ဂိုးဖြင့် အနိုင်ရခဲ့ရာတွင် ခြေစွမ်းပြဂိုးတွေ အပါဝင် ၆ဂိုးအထိ ပဲလေ့စ်အတွက် သွင်းယူထားပါတယ်။

ဒီနှစ်အတွင်း သူရဲ့ ခြေစွမ်းပြမှုတွေကြောင့် နည်းပြဆောက်ဂိတ်က ပြီးခဲ့တဲ့လက ဆန်မာရီနိုနဲ့ပွဲမှာ အင်္ဂလန်အသင်းနဲ့ အတူ အခွင့်အရေး ပေးခဲ့ပါတယ်။ ၎င်းဟာ ရာသီအကုန်မှာ ချဲလ်ဆီးအသင်းထံ ပြန်သွားမှာဖြစ်ပြီး အသင်းမှာ ပွဲထွက်ခွင့်ရရန် မျှော်လင့်ထားသူ ဖြစ်ပါတယ်။
ဒါပေမဲ့ ချဲလ်ဆီးနည်းပြ တူချယ်က ဂလဲဟားရဲ့ ခြေစွမ်းကို ကြိုက်နှစ်သက်ပါ့မလားဆိုတာ ခန့်မှန်းရ ခက်နေပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်လို့ အလာဒိုက်စ်က ဂလဲဟားကို သတိပေး ပြောကြားလိုက်ပါတယ်။
“ကျွန်တော်သာ ဆို ပထမအသင်းမှာ နေရာ မရခဲ့ရင် အချိန်အကြာကြီး ဆက်နေမှာ မဟုတ်ပါဘူး။ အဲဒီလို ဆိုရင် ဂျက်စီ လင်ဂတ်လို နောက်ပြန်သွားသလို ဖြစ်သွားပါလိမ့်မယ်။
ဒါကြောင့် အချိန်မှန်မှာ သင်အနေနဲ့ရွေးချယ်မှုကို ဂရုတစိုက် ရှိဖို့လိုပါတယ်။ လက်ရှိ ကော်နာ ဂလဲဟား ကစား ရနေသလို ဆက်လက် ပွဲထွက်ခွင့်ရမယ်။ ပဲလေ့စ်မှာလည်း သူ ပျော်ရွှင်နေတယ်ဆိုရင် ကျွန်တော်ကတော့ သူကို ဆက် ကစားသွားစေချင်ပါတယ်”ဟု ပြောကြားသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်က လင်ဂတ်ဟာ မန်ချက်စတာယူနိုက်တက်ကနေ ဝက်စ်ဟမ်းထံ ဒုတိယရာသီဝက်မှာ အငှားထွက်ကစားခဲ့ပြီး ၉ဂိုးသွင်းယူကာ ခြေစွမ်းပြခဲ့ပါတယ်။ ဒါပေမဲ့ ရာသီအကုန်မှာ လင်ဂတ်က မန်ယူ ပြန်ကာ ပွဲကစားခွင့် ရဖို့ ကြိုးစားရန် ဆုံးဖြတ်ပြီး အသင်း မပြောင်းခဲ့ပါဘူး။
ဒါပေမယ့် မန်ယူ အသင်းမှာ ၂၀၂၁-၂၂ရာသီအတွင်း လင်ဂတ် ဟာ လိဂ်ပွဲတစ်ပွဲမှတောင် မကစားရသေးဘဲ လာမယ့် ဇွန်လ စာချုပ်ကုန်ဆုံးချိန်မှာ အသင်းကနေ ထွက်ခွာသွားဖွယ် ရှိပါတယ်။
ZG
လာမယ့္ေႏြရာသီမွာ မိခင္ကလပ္ျဖစ္တဲ့ ခ်ဲလ္ဆီးအသင္းထံ ျပန္သြားၿပီး ပုံမွန္ကစားခြင့္ မရဘူးဆိုရင္ ဂလဲဟားဟာလည္း မန္ယူက လင္ဂတ္အတိုင္း ျဖစ္သြားလိမ့္မယ္လို႔ ဝါရင့္ နည္းျပၾကီး ဆမ္အလာဒိုက္စ္က သတိေပး ေျပာဆိုလိုက္ပါတယ္။
အဂၤလန္သား ဂလဲဟား ဟာ ခရစၥတယ္ပဲေလ့စ္အသင္းမွာ အငွား သြားေရာက္ကစားေနၿပီး ေျခစြမ္းျပေနတာ ျဖစ္ပါတယ္။ အသက္၂၁ႏွစ္သားဟာ ပရီးမီးယားလိဂ္တြင္ ၿပီးခဲ့တဲ့ တနဂၤေႏြက အဲဗာတန္ကို ၃-၁ဂိုးျဖင့္ အႏိုင္ရခဲ့ရာတြင္ ေျခစြမ္းျပဂိုးေတြ အပါဝင္ ၆ဂိုးအထိ ပဲေလ့စ္အတြက္ သြင္းယူထားပါတယ္။
ဒီႏွစ္အတြင္း သူရဲ႕ ေျခစြမ္းျပမႈေတြေၾကာင့္ နည္းျပေဆာက္ဂိတ္က ၿပီးခဲ့တဲ့လက ဆန္မာရီႏိုနဲ႔ပြဲမွာ အဂၤလန္အသင္းနဲ႕ အတူ အခြင့္အေရး ေပးခဲ့ပါတယ္။ ၎ဟာ ရာသီအကုန္မွာ ခ်ဲလ္ဆီးအသင္းထံ ျပန္သြားမွာျဖစ္ၿပီး အသင္းမွာ ပြဲထြက္ခြင့္ရရန္ ေမွ်ာ္လင့္ထားသူ ျဖစ္ပါတယ္။
ဒါေပမဲ့ ခ်ဲလ္ဆီးနည္းျပ တူခ်ယ္က ဂလဲဟားရဲ႕ ေျခစြမ္းကို ႀကိဳက္ႏွစ္သက္ပါ့မလားဆိုတာ ခန္႔မွန္းရ ခက္ေနပါတယ္။ ဒီအေျခအေနနဲ႔ ပတ္သက္လို႔ အလာဒိုက္စ္က ဂလဲဟားကို သတိေပး ေျပာၾကားလိုက္ပါတယ္။
“ကြၽန္ေတာ္သာ ဆို ပထမအသင္းမွာ ေနရာ မရခဲ့ရင္ အခ်ိန္အၾကာႀကီး ဆက္ေနမွာ မဟုတ္ပါဘူး။ အဲဒီလို ဆိုရင္ ဂ်က္စီ လင္ဂတ္လို ေနာက္ျပန္သြားသလို ျဖစ္သြားပါလိမ့္မယ္။
ဒါေၾကာင့္ အခ်ိန္မွန္မွာ သင္အေနနဲ႔ေ႐ြးခ်ယ္မႈကို ဂ႐ုတစိုက္ ရွိဖို႔လိုပါတယ္။ လက္ရွိ ေကာ္နာ ဂလဲဟား ကစား ရေနသလို ဆက္လက္ ပြဲထြက္ခြင့္ရမယ္။ ပဲေလ့စ္မွာလည္း သူ ေပ်ာ္႐ႊင္ေနတယ္ဆိုရင္ ကြၽန္ေတာ္ကေတာ့ သူကို ဆက္ ကစားသြားေစခ်င္ပါတယ္”ဟု ေျပာၾကားသြားခဲ့ပါတယ္။
ၿပီးခဲ့တဲ့ ႏွစ္က လင္ဂတ္ဟာ မန္ခ်က္စတာယူႏိုက္တက္ကေန ဝက္စ္ဟမ္းထံ ဒုတိယရာသီဝက္မွာ အငွားထြက္ကစားခဲ့ၿပီး ၉ဂိုးသြင္းယူကာ ေျခစြမ္းျပခဲ့ပါတယ္။ ဒါေပမဲ့ ရာသီအကုန္မွာ လင္ဂတ္က မန္ယူ ျပန္ကာ ပြဲကစားခြင့္ ရဖို႔ ၾကိဳးစားရန္ ဆုံးျဖတ္ၿပီး အသင္း မေျပာင္းခဲ့ပါဘူး။
ဒါေပမယ့္ မန္ယူ အသင္းမွာ ၂၀၂၁-၂၂ရာသီအတြင္း လင္ဂတ္ ဟာ လိဂ္ပြဲတစ္ပြဲမွေတာင္ မကစားရေသးဘဲ လာမယ့္ ဇြန္လ စာခ်ဳပ္ကုန္ဆုံးခ်ိန္မွာ အသင္းကေန ထြက္ခြာသြားဖြယ္ ရွိပါတယ္။