ဘရန့်ဖို့ဒ်နဲ့ပွဲ ရွှေ့ဆိုင်းခြင်း၊ ဒီဂျောင်၊ မာရှယ်၊ ပေါ့ဘာတို့နဲ့ ယနေ့ည မန်ချက်စတာ ယူနိုက်တက် သတင်းများ
ဘရန်ဖို့ဒ်နဲ့ ကစားမဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို အသင်းတွင်းကိုဗစ်ပြန့်ပွားမှုများကြောင့် ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း မန်ယူအသင်းက အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိမှာ မန်ယူအသင်းတွင်း ကိုဗစ် ကူးစက်မှုများဖြစ်ပွားနေပြီး ဆေးပညာရှင်တွေရဲ့ အကြံပေးချက်အရ ပွဲရွှေ့ဆိုင်းခဲ့တာပါ။
မန်ချက်စတာ ယူနိုက်တက်အနေနဲ့ ဘာစီလိုနာ ကွင်းလယ်လူ ဒီဂျောင်ကို ခေါ်ယူလိုနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒီဂျောင်ရဲ့ ဖခင်ဖြစ်သူက သူ့သားကို ဥရောပထိပ်သီး ၅ သင်းခန့်က ခေါ်ယူဖို့ ချိတ်ဆက်ထားပြီး ဘာစီလိုနာ အလိုရှိတဲ့ ငွေကြေးနဲ့ ကမ်းလှမ်းနိုင်ရင် အပြောင်းအရွှေ့ ဖြစ်လာမယ်လို့ ဆိုလိုက်ပါတယ်။
မန်ယူ အနေနဲ့ ဂိုးသမား ဒီဂီယာကို စာချုပ်သက်တမ်း တိုးမြှင့်ဖွယ်ရှိနေကြောင်း မန်ချက်စတာ ညနေခင်း သတင်း က ဖော်ပြထားပါတယ်။ လက်ရှိမှာ ဒီဂီယာရဲ့ သက်တမ်းဟာ ၂၀၂၄ ခုနှစ်အထိ ရှိနေပြီး မန်ယူက နောက်ထပ် သက်တမ်း တိုးလိုနေတာ ဖြစ်ပါတယ်။

မန်ယူ ဝါရင့်နောက်ခံလူ ဖီးလ်ဂျုံးစ်ကတော့ ယူ-၂၃ အသင်းမှာ ပါဝင်ကစားဖို့ တောင်းဆိုထားကြောင်း သိရပါတယ်။ ဖီးဂျုံးစ် အနေနဲ့ သူ့ရဲ့ ကြံ့ခိုင်မှုအနေအထားကို ပြန်တည်ဆောက်နိုင်ဖို့အတွက် ယူ-၂၃ ပွဲစဉ်တွေမှာပါဝင်လိုနေတာ ဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်အနေနဲ့ မာဆေးကွင်းလယ်လူ ကာမာရာကို ခေါ်ယူဖို့ စိတ်ဝင်စားလျက်ရှိနေပါတယ်။ မန်ယူ အနေနဲ့ လာမဲ့နွေရာသီမှာ ကာမာရာကို အလွတ်နဲ့ ခေါ်ယူနိုင်ဖို့ ကြိုးပမ်းလျက်ရှိနေတာပါ။
မန်ယူဝါရင့်တိုက်စစ်မှူး ကာဗာနီအနေနဲ့ စီးရီးအေကလပ် ဂျူဗင်တပ်ကိုပြောင်းရွှေ့ဖွယ်ရှိနေကြောင်း အီတလီ က ဖော်ပြ ထားပါတယ်။ ကာဗာနီဟာ ရာသီကုန်ရင် မန်ယူကနေ ထွက်ခွာမှာဖြစ်ပြီး တောင်အမေရိကကို မပြန်သေးဘဲ ဥရောပမှာ ဆက်နေဖွယ် ရှိနေပါတယ်။
ပီအက်စ်ဂျီနဲ့ ရီးရဲတို့အနေနဲ့ မန်ချက်စတာ ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဂ်ဘာကို ခေါ်ယူဖို့ အပြိုင်ကြိုးပမ်းနေကြဆဲ ဖြစ်ပါတယ်။ ပေါ့ဂ်ဘာရဲ့ စာချုပ်ဟာ ၂၀၂၂ ခုနှစ်မှာကုန်ဆုံးမှာဖြစ်ပြီး မန်ယူကနေ အလွတ်နဲ့ထွက်ခွာဖွယ် ရှိနေတာပါ။

မန်ယူနည်းပြ ရန်နစ်က သူ့အနေနဲ့ တိုက်စစ်မှူး မာရှယ်လ်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး တိုက်ရိုက် စကားပြောဆိုရခြင်း မရှိကြောင်း၊ တကယ်လို့ မာရှယ်လ်အနေနဲ့ အသင်းကနေ ထွက်ခွာချင်တယ်ဆိုရင် သူ့ကို တိုက်ရိုက် လာပြောလို့ရကြောင်း ဖွင့်ဟခဲ့ပါတယ်။