၇ ဂိုးပြတ် ရှုံးပေမယ့် မန်စီးတီးက ကောင်းလွန်းလို့ မဟုတ်ဘူး ဆိုတဲ့ လိဒ်စ်နည်းပြ ဘီယဲလ်ဆာ
လိဒ်စ်ယူနိုက်တက် နည်းပြ မာဆယ်လို ဘီယဲလ်ဆာ က မန်စီးတီးနဲ့ပွဲစဉ်မှ လိဒ်စ် ရဲ့ စွမ်းဆောင်ရည်အပေါ် လုံး၀ ကျေနပ်ခြင်းမရှိပဲ အသင်းနည်းပြဘ၀ ၄နှစ်တာအတွင်း အဆိုးရွားဆုံး ဖြစ်တယ်လို့ ပွဲအပြီးမှာ ဆိုခဲ့ပါတယ်။
လိဒ်စ်တို့ ယမန်နေ့ညက မန်စီးတီးကို ၇ဂိုးပြတ် ရှုံးခဲ့ပေမဲ့ တကယ်တမ်းမှာ စီးတီးထပ်သွင်းရင် ဒီထက်ဂိုးပြတ်တဲ့ ရှုံးပွဲနဲ့ ကြုံတွေ့သွားရနိုင်တာ ဖြစ်ပါတယ်။

လိဒ်စ်ဟာ အဆင့် ၁၈ နေရာက ဘန်လေထက် ၂ပွဲပိုကစားထားပေမဲ့ ၅မှတ်သာ ကွာပြီး အဆင့် ၁၆ နေရာမှာ ရှိနေပါတယ်။ မန်စီးတီးကတော့ အဆင့် ၁ နေရာမှာပဲ ဆက်ရှိနေပါတယ်။
ပွဲအပြီးမှာ ဘီယဲလ်ဆာက “ဒီစွမ်းဆောင်ရည်က ၄နှစ်အတွင်း အဆိုးဆုံးပါပဲ။ အခိုက်အတန့်တစ်ခုလေးတောင်မှ ပွဲကို ဟန်ချက်ညီအောင် မလုပ်နိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ သူတို့ လုပ်သမျှ ခွင့်ပြုပေးခဲ့ပြီး ဘာမှကို တားဆီးနိုင်ခြင်း မရှိခဲ့ပါဘူး။
မန်စီးတီးက အရမ်းကြီးကောင်းလို့လည်း မဟုတ်ပဲ ကျွန်တော်တို့ ဆိုးနေတာက စီးတီး ကောင်းတာက ပိုနေတာပါ။ မန်စီးတီးတို့ ဒီလိုပဲ အမြဲကစားနေတာ ဖြစ်ပေမဲ့ ကျွန်တော်တို့ ၄နှစ်အတွင်း ခုကစားတဲ့ပုံစံက အဆိုးဆုံးပါပဲ”

“ကစားပုံက ကောင်းမွန်ခြင်း လုံးဝမရှိခဲ့ပါဘူး။ ဒီပွဲကနေ ကျွန်တော်တို့ အကောင်းဘက်က မြင်စရာ ဘာမှမရှိပါဘူး။ တန်ဖိုးရှိမယ့် အရာလည်း တစ်ခုမှ မမြင်ပါဘူး။ ကျွန်တော် မျှမျှတတ ပြောစရာလည်း တစ်ခုမှ မတွေ့ပဲ ဒီပွဲက ထင်ထားတဲ့ အတိုင်း ဖြစ်လာတယ်။ ကျွန်တော်တို့ ဒီလို ဖြစ်မယ်ထင်လို့ ရှောင်လွှဲနိုင်ဖို့ ပြင်ဆင်ခဲ့ပြီး ဘာမှ မလုပ်နိုင်ခဲ့ပါဘူး”လို့ ပြောဆို ခဲ့ပါတယ်။
ZG
လိဒ္စ္ယူႏိုက္တက္ နည္းျပ မာဆယ္လို ဘီယဲလ္ဆာ က မန္စီးတီးနဲ႔ပြဲစဥ္မွ လိဒ္စ္ ရဲ႕ စြမ္းေဆာင္ရည္အေပၚ လုံး၀ ေက်နပ္ျခင္းမရွိပဲ အသင္းနည္းျပဘ၀ ၄ႏွစ္တာအတြင္း အဆိုး႐ြားဆုံး ျဖစ္တယ္လို႔ ပြဲအျပီးမွာ ဆိုခဲ့ပါတယ္။
လိဒ္စ္တို႔ ယမန္ေန႔ညက မန္စီးတီးကို ၇ဂိုးျပတ္ ရႈံးခဲ့ေပမဲ့ တကယ္တမ္းမွာ စီးတီးထပ္သြင္းရင္ ဒီထက္ဂိုးျပတ္တဲ့ ရႈံးပြဲနဲ႔ ႀကဳံေတြ႕သြားရႏိုင္တာ ျဖစ္ပါတယ္။
လိဒ္စ္ဟာ အဆင့္ ၁၈ ေနရာက ဘန္ေလထက္ ၂ပြဲပိုကစားထားေပမဲ့ ၅မွတ္သာ ကြာၿပီး အဆင့္ ၁၆ ေနရာမွာ ရွိေနပါတယ္။ မန္စီးတီးကေတာ့ အဆင့္ ၁ ေနရာမွာပဲ ဆက္ရွိေနပါတယ္။
ပြဲအၿပီးမွာ ဘီယဲလ္ဆာက “ဒီစြမ္းေဆာင္ရည္က ၄ႏွစ္အတြင္း အဆိုးဆုံးပါပဲ။ အခိုက္အတန႔္တစ္ခုေလးေတာင္မွ ပြဲကို ဟန္ခ်က္ညီေအာင္ မလုပ္ႏိုင္ခဲ့ပါဘူး။ ကြၽန္ေတာ္တို႔ သူတို႔ လုပ္သမွ် ခြင့္ျပဳေပးခဲ့ၿပီး ဘာမွကို တားဆီးႏိုင္ျခင္း မရွိခဲ့ပါဘူး။
မန္စီးတီးက အရမ္းႀကီးေကာင္းလို႔လည္း မဟုတ္ပဲ ကြၽန္ေတာ္တို႔ ဆိုးေနတာက စီးတီး ေကာင္းတာက ပိုေနတာပါ။ မန္စီးတီးတို႔ ဒီလိုပဲ အၿမဲကစားေနတာ ျဖစ္ေပမဲ့ ကြၽန္ေတာ္တို႔ ၄ႏွစ္အတြင္း ခုကစားတဲ့ပုံစံက အဆိုးဆုံးပါပဲ”
“ကစားပုံက ေကာင္းမြန္ျခင္း လုံး၀မရွိခဲ့ပါဘူး။ ဒီပြဲကေန ကြၽန္ေတာ္တို႔ အေကာင္းဘက္က ျမင္စရာ ဘာမွမရွိပါဘူး။ တန္ဖိုးရွိမယ့္ အရာလည္း တစ္ခုမွ မျမင္ပါဘူး။ ကြၽန္ေတာ္ မွ်မွ်တတ ေျပာစရာလည္း တစ္ခုမွ မေတြ႕ပဲ ဒီပြဲက ထင္ထားတဲ့ အတိုင္း ျဖစ္လာတယ္။ ကြၽန္ေတာ္တို႔ ဒီလို ျဖစ္မယ္ထင္လို႔ ေရွာင္လႊဲႏိုင္ဖို႔ ျပင္ဆင္ခဲ့ၿပီး ဘာမွ မလုပ္နုိင္ခဲ့ပါဘူး”လို႔ ေျပာဆို ခဲ့ပါတယ္။