လင်ဒီလော့ဖ် မရေရာတာကြောင့် ချဲလ်ဆီးရဲ့ ရူဒီဂါကို အလွတ်နဲ့ ခေါ်ဖို့ ဝင်ပါလာတဲ့ မန်ယူ
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပြိုင်ဘက် ချဲလ်ဆီး အသင်းနဲ့ သက်တမ်းတိုး စာချုပ်ကိစ္စ အဆင်မပြေဖြစ်နေတဲ့ နောက်ခံလူ ရူဒီဂါကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ စတင် ပြုလုပ်လာကြောင်း အင်္ဂလန် သတင်းဌာနတွေက ဖော်ပြလာကြပါတယ်။

အသက် ၂၈နှစ် အရွယ် ဂျာမနီ လက်ရွေးစင် ဗဟိုနောက်ခံလူ ရူဒီဂါဟာ ချဲလ်ဆီး နဲ့ စာချုပ်သက်တမ်း ၆လကျော်သာ ကျန်ရှိတော့သူ ဖြစ်ပြီး ဒီလထဲမှာသာ စာချုပ်သစ် ချုပ်ဆိုခြင်း မရှိပါက လာမယ့် ဇန်နဝါရီလ ၁ရက်နေ့မှ စတင်ကာ အခြားအသင်းတွေနဲ့ စာချုပ် ချုပ်ဆိုဖို့ လွတ်လပ်စွာ ဆွေးနွေးခွင့်ရမယ့်သူလည်း ဖြစ်ပါတယ်။
ရူဒီဂါ ဟာ ချဲလ်ဆီးမှာ အဓိက နောက်ခံလူ တဦး အဖြစ် ခြေစွမ်းပြနေသူ ဖြစ်ပြီး လက်ရှိ ကမ္ဘာ့အကောင်းဆုံး ဗဟိုနောက်ခံလူ ၁၀ဦး စာရင်းထဲလည်း ပါဝင်နေတာကြောင့် ချဲလ်ဆီး က သူ့ကို အသင်းမှာပဲ ဆက်လက် ထိန်းသိမ်းချင်နေပါတယ်။
ဒါပေမယ့် စာချုပ်သစ် အတွက် သဘောတူညီမှု ရဖို့ အလှမ်းဝေးနေဆဲ ဖြစ်ပြီး ရူဒီဂါက စာချုပ်သစ်မှာ တနှစ်လုပ်ခလစာ ယူရို ၁၅သန်း ဝန်းကျင် လိုချင်နေပေမယ့် ချဲလ်ဆီး က တနှစ်ကို လုပ်ခလစာ ယူရို ၉သန်း ဝန်းကျင်သာ ပေးချင် နေတာကြောင့် သဘောတူညီမှု ရဖို့ ခက်ခဲနေတာပါ။
လောလောဆယ်တော့ ရီးရဲလ်မက်ဒရစ်နဲ့ ဂျာမန် အင်အားကြီးကလပ် ဘိုင်ယန်မြူးနစ်တို့က ရူဒီဂါကို ခေါ်ယူဖို့ အတွက် ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေပြီး မန်ချက်စတာ ယူနိုက်တက်ကလည်း ရူဒီဂါကို ကြားဖြတ် ခေါ်ယူနိုင်ဖို့ အံ့အားသင့်ဖွယ် လှုပ်ရှားလာကြောင်း စကိုင်းစပေါ့သတင်းဌာနက ဖော်ပြလာပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းရဲ့ နောက်ခံလူ တဦး ဖြစ်သူ ဘိုင်လီကို ရောင်းထုတ်ဖို့ စဉ်းစားထားသလို လင်ဒီလော့ဖ်ရဲ့ နှလုံးကျန်းမာရေး အခြေအနေကလည်း မသဲကွဲသေးပါဘူး။
ဒါကြောင့် ထိပ်တန်း ခံစစ်မှူး တဦး ဖြစ်သူ ရူဒီဂါကို ခေါ်ယူဖို့ ကြိုးစားလာတာ ဖြစ်ပြီး မန်ယူ နည်းပြ ရန်းဂ်နစ်ကလည်း ရူဒီဂါကို သူတို့အသင်းထံ လာရောက် ကစားဖို့ စည်းရုံးနိုင်မယ်လို့ ယုံကြည်နေကြောင်း သိရပါတယ်။
ZG
မန္ခ်က္စတာ ယူႏိုက္တက္အသင္းဟာ ၿပိဳင္ဘက္ ခ်ဲလ္ဆီး အသင္းနဲ႔ သက္တမ္းတိုး စာခ်ဳပ္ကိစၥ အဆင္မေျပျဖစ္ေနတဲ့ ေနာက္ခံလူ ႐ူဒီဂါကို ေခၚယူဖို႔ ခ်ိတ္ဆက္မႈေတြ စတင္ ျပဳလုပ္လာေၾကာင္း အဂၤလန္ သတင္းဌာနေတြက ေဖာ္ျပလာၾကပါတယ္။
အသက္ ၂၈ႏွစ္ အ႐ြယ္ ဂ်ာမနီ လက္ေ႐ြးစင္ ဗဟိုေနာက္ခံလူ ႐ူဒီဂါဟာ ခ်ဲလ္ဆီး နဲ႔ စာခ်ဳပ္သက္တမ္း ၆လေက်ာ္သာ က်န္ရွိေတာ့သူ ျဖစ္ၿပီး ဒီလထဲမွာသာ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုျခင္း မရွိပါက လာမယ့္ ဇန္နဝါရီလ ၁ရက္ေန႔မွ စတင္ကာ အျခားအသင္းေတြနဲ႔ စာခ်ဳပ္ ခ်ဳပ္ဆိုဖို႔ လြတ္လပ္စြာ ေဆြးေႏြးခြင့္ရမယ့္သူလည္း ျဖစ္ပါတယ္။
႐ူဒီဂါ ဟာ ခ်ဲလ္ဆီးမွာ အဓိက ေနာက္ခံလူ တဦး အျဖစ္ ေျခစြမ္းျပေနသူ ျဖစ္ၿပီး လက္ရွိ ကမာၻ႔အေကာင္းဆုံး ဗဟိုေနာက္ခံလူ ၁၀ဦး စာရင္းထဲလည္း ပါဝင္ေနတာေၾကာင့္ ခ်ဲလ္ဆီး က သူ႔ကို အသင္းမွာပဲ ဆက္လက္ ထိန္းသိမ္းခ်င္ေနပါတယ္။
ဒါေပမယ့္ စာခ်ဳပ္သစ္ အတြက္ သေဘာတူညီမႈ ရဖို႔ အလွမ္းေဝးေနဆဲ ျဖစ္ၿပီး ႐ူဒီဂါက စာခ်ဳပ္သစ္မွာ တႏွစ္လုပ္ခလစာ ယူ႐ို ၁၅သန္း ဝန္းက်င္ လိုခ်င္ေနေပမယ့္ ခ်ဲလ္ဆီး က တႏွစ္ကို လုပ္ခလစာ ယူ႐ို ၉သန္း ဝန္းက်င္သာ ေပးခ်င္ ေနတာေၾကာင့္ သေဘာတူညီမႈ ရဖို႔ ခက္ခဲေနတာပါ။
ေလာေလာဆယ္ေတာ့ ရီးရဲလ္မက္ဒရစ္နဲ႔ ဂ်ာမန္ အင္အားႀကီးကလပ္ ဘိုင္ယန္ျမဴးနစ္တို႔က ႐ူဒီဂါကို ေခၚယူဖို႔ အတြက္ ေဆြးေႏြးမႈေတြ စတင္ ျပဳလုပ္ေနၿပီး မန္ခ်က္စတာ ယူႏိုက္တက္ကလည္း ႐ူဒီဂါကို ၾကားျဖတ္ ေခၚယူႏိုင္ဖို႔ အံ့အားသင့္ဖြယ္ လႈပ္ရွားလာေၾကာင္း စကိုင္းစေပါ့သတင္းဌာနက ေဖာ္ျပလာပါတယ္။
မန္ခ်က္စတာ ယူႏိုက္တက္အသင္းဟာ လာမယ့္ ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာ အသင္းရဲ႕ ေနာက္ခံလူ တဦး ျဖစ္သူ ဘိုင္လီကို ေရာင္းထုတ္ဖို႔ စဥ္းစားထားသလို လင္ဒီေလာ့ဖ္ရဲ႕ ႏွလုံးက်န္းမာေရး အေျခအေနကလည္း မသဲကြဲေသးပါဘူး။
ဒါေၾကာင့္ ထိပ္တန္း ခံစစ္မႉး တဦး ျဖစ္သူ ႐ူဒီဂါကို ေခၚယူဖို႔ ႀကိဳးစားလာတာ ျဖစ္ၿပီး မန္ယူ နည္းျပ ရန္းဂ္နစ္ကလည္း ႐ူဒီဂါကို သူတို႔အသင္းထံ လာေရာက္ ကစားဖို႔ စည္း႐ုံးႏိုင္မယ္လို႔ ယုံၾကည္ေနေၾကာင္း သိရပါတယ္။