ဇယားထိပ်ပိုင်းမှာ ရှိနေပေမယ့် ဆိုးရှား ဖိအားများနေရတဲ့ အကြောင်းရင်းကို ပေါလ်မာဆန် ပြောပြ

ပရီးမီးယားလိဂ် ကစားသမားဟောင်းကြီး ပေါလ်မာဆန်က ယူနိုက်တက်မန်နေဂျာ ဆိုးရှားတစ်ယောက် ဖိအားကြီးတွေ ရင်ဆိုင်နေရတာဟာ သူခေါ်ယူထားတဲ့ ကစားသမားတွေကို နေရာမပေးနိုင်ခြင်းကြောင့်လို့ ထုတ်ပြောလာပါတယ်။

ယူနိုက်တက်ဟာ အပြောင်းအရွှေ့ ဈေးကွက်တွေမှာ တန်ကြေးကြီးကြီး ပေးပြီး ခေါ်ယူထားတဲ့ လူငယ်ကစားသမားတွေဖြစ်တဲ့ ဆန်ချိုနဲ့ ဗန်ဒါဘိခ်ကို အရန်ခုံမှာပဲ ထိုင်ခိုင်းနေတာပါ။ ပေါင် သန်း ရာချီ ကုန်ကျထားပေမယ့် သူတို့လို ကြယ်ပွင့်တွေထံက တောက်ပတဲ့ စွမ်းဆောင်ရည် မမြင်ရတာဟာ ပရိသတ်တွေအဖို့ လက်မခံနိုင်စရာ ကိစ္စ ဖြစ်နေခဲ့ပါတယ်။

“ တကယ်တော့ ယူနိုက်တက်ရဲ့ ကစားပုံ တသမတ်တည်း မရှိတာက ကြာခဲ့ပါပြီ။ ဒီလို အနေအထားမှာ ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၁၀ လောက် သုံးထားတဲ့ ကစားသမား နှစ်ယောက်ကို အရန်ခုံမှာပဲ ဆက်ရှိနေစေတာက သူတို့အတွက် ဖိအားတွေ ပိုရလာစေတယ်။ လူတွေက အဲ့အကြောင်းတွေ သိပ်မပြောကြသေးပေမယ့် ဆိုးရှားရဲ့ ရာထူးအတွက် အာမခံချက်လည်း မရှိပါဘူး။

သူက အသင်းရဲ့ ရလဒ်တွေကို တည်ငြိမ်အောင် ကြိုးစားပေးဖို့ လိုအပ်သလို ဆန်ချိုနဲ့ ဗန်ဒါဘိခ်လို ကစားသမားတွေထံက အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ရယူပြဖို့ဆိုတဲ့ ဖိအားမျိုးလည်း ရှိနေပါတယ်။ အဲ့ကစားသမားတွေ့ ယုံကြည်မှုပိုင်းမှာ အားနည်းနေပြီး အဲ့အတွက် အဖြေကတော့ ပွဲကစားခွင့်တွေ ပေးဖို့ပဲ ဖြစ်ပါတယ်။

ကျနော် အာဆင်နယ်မှာ ရှိနေတုန်းက ဘားကမ့်ကလည်း အစောပိုင်း ၃ ပွဲ ၄ ပွဲမှာ အတော်လေး ရုန်းကန်ခဲ့ရတယ်။ ဒါပေမယ့် အသင်းက သူ့အပေါ် ယုံကြည်ပြီး ဆက်ပြီး ပွဲကစားခွင့်တွေ ပေးတာကြောင့် သူက ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦး ဖြစ်လာခဲ့တာပါ။

ဆန်ချိုအတွက် ယူနိုက်တက်က ပေါင် သန်း ၇၀ လောက် သုံးထားရတာပါ။ သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ သံသယဖြစ်နေဖို့ မလိုပါဘူး။ ဒါကြောင့်မို့ ယုံကြည်မှု အပြည့်ထားပြီးသာ အခွင့်အရေးတွေ ပေးလိုက်ပါတယ်။ အခု သူက အဖွင့်မကောင်းခဲ့တာကြောင့် အတင်း ကြိုးစားနေရသလို ဖြစ်နေပါတယ်။

နိုင်ငံတကာ ပွဲစဉ်တွေ ပြီးရင်တော့ သူတို့ နှစ်ယောက် စလုံးကို ပွဲထွက် ကစားသမား စာရင်းမှာ ပြန်လည် မြင်တွေ့ခွင့်ရဖို့ မျှော်လင့်ထားပါတယ်။ အထူးသဖြင့် လက်စတာနဲ့ ပွဲမှာ အခွင့်အရေး ပေးဖို့ အတွက်ပါပဲ” လို့ ပေါလ်မာဆန်က သုံးသပ်သွားခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္ ကစားသမားေဟာင္းၾကီး ေပါလ္မာဆန္က ယူႏုိက္တက္မန္ေနဂ်ာ ဆိုးရွားတစ္ေယာက္ ဖိအားၾကီးေတြ ရင္ဆိုင္ေနရတာဟာ သူေခၚယူထားတဲ့ ကစားသမားေတြကို ေနရာမေပးႏုိင္ျခင္းေၾကာင့္လို႔ ထုတ္ေျပာလာပါတယ္။

ယူႏုိက္တက္ဟာ အေျပာင္းအေရႊ႔ ေစ်းကြက္ေတြမွာ တန္ေၾကးၾကီးၾကီး ေပးျပီး ေခၚယူထားတဲ့ လူငယ္ကစားသမားေတြျဖစ္တဲ့ ဆန္ခ်ိဳနဲ႔ ဗန္ဒါဘိခ္ကို အရန္ခံုမွာပဲ ထိုင္ခိုင္းေနတာပါ။ ေပါင္ သန္း ရာခ်ီ ကုန္က်ထားေပမယ့္ သူတို႔လို ၾကယ္ပြင့္ေတြထံက ေတာက္ပတဲ့ စြမ္းေဆာင္ရည္ မျမင္ရတာဟာ ပရိသတ္ေတြအဖို႔ လက္မခံႏုိင္စရာ ကိစၥ ျဖစ္ေနခဲ့ပါတယ္။

“ တကယ္ေတာ့ ယူႏုိက္တက္ရဲ႕ ကစားပံု တသမတ္တည္း မရွိတာက ၾကာခဲ့ပါျပီ။ ဒီလို အေနအထားမွာ ေျပာင္းေရႊ႔ေၾကး ေပါင္ သန္း ၁၁၀ ေလာက္ သံုးထားတဲ့ ကစားသမား ႏွစ္ေယာက္ကို အရန္ခံုမွာပဲ ဆက္ရွိေနေစတာက သူတို႔အတြက္ ဖိအားေတြ ပိုရလာေစတယ္။ လူေတြက အဲ့အေၾကာင္းေတြ သိပ္မေျပာၾကေသးေပမယ့္ ဆိုးရွားရဲ႕ ရာထူးအတြက္ အာမခံခ်က္လည္း မရွိပါဘူး။

သူက အသင္းရဲ႕ ရလဒ္ေတြကို တည္ျငိမ္ေအာင္ ၾကိဳးစားေပးဖို႔ လိုအပ္သလို ဆန္ခ်ိဳနဲ႔ ဗန္ဒါဘိခ္လို ကစားသမားေတြထံက အေကာင္းဆံုး စြမ္းေဆာင္ရည္ေတြကို ရယူျပဖို႔ဆိုတဲ့ ဖိအားမ်ိဳးလည္း ရွိေနပါတယ္။ အဲ့ကစားသမားေတြ႕ ယံုၾကည္မႈပိုင္းမွာ အားနည္းေနျပီး အဲ့အတြက္ အေျဖကေတာ့ ပြဲကစားခြင့္ေတြ ေပးဖို႔ပဲ ျဖစ္ပါတယ္။

က်ေနာ္ အာဆင္နယ္မွာ ရွိေနတုန္းက ဘားကမ့္ကလည္း အေစာပိုင္း ၃ ပြဲ ၄ ပြဲမွာ အေတာ္ေလး ရုန္းကန္ခဲ့ရတယ္။ ဒါေပမယ့္ အသင္းက သူ႔အေပၚ ယံုၾကည္ျပီး ဆက္ျပီး ပြဲကစားခြင့္ေတြ ေပးတာေၾကာင့္ သူက ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆံုး ကစားသမားေတြထဲက တစ္ဦး ျဖစ္လာခဲ့တာပါ။

ဆန္ခ်ိဳအတြက္ ယူႏုိက္တက္က ေပါင္ သန္း ၇၀ ေလာက္ သံုးထားရတာပါ။ သူ႔ရဲ႕ စြမ္းေဆာင္ရည္နဲ႔ ပတ္သက္လို႔ သံသယျဖစ္ေနဖို႔ မလိုပါဘူး။ ဒါေၾကာင့္မို႔ ယုံၾကည္မႈ အျပည့္ထားၿပီးသာ အခြင့္အေရးေတြ ေပးလိုက္ပါတယ္။ အခု သူက အဖြင့္မေကာင္းခဲ့တာေၾကာင့္ အတင္း ၾကိဳးစားေနရသလို ျဖစ္ေနပါတယ္။

ႏိုင္ငံတကာ ပြဲစဥ္ေတြ ၿပီးရင္ေတာ့ သူတို႔ ႏွစ္ေယာက္ စလုံးကို ပြဲထြက္ ကစားသမား စာရင္းမွာ ျပန္လည္ ျမင္ေတြ႕ခြင့္ရဖို႔ ေမွ်ာ္လင့္ထားပါတယ္။ အထူးသျဖင့္ လက္စတာနဲ႔ ပြဲမွာ အခြင့္အေရး ေပးဖို႔ အတြက္ပါပဲ” လို႔ ေပါလ္မာဆန္က သုံးသပ္သြားခဲ့တာ ျဖစ္ပါတယ္။