ကမ္ဘာ့အကောင်းဆုံးထဲ ၉ဦးထိ ပါဝင်ခြင်း၊ ထရိန်နင်ပြန်ဆင်းနေတဲ့ ချာလိုဘတ် ကန်တေနဲ့ ယနေ့ ချဲလ်ဆီး သတင်းများ

ဘန်ချေးဝဲလ် ဒဏ်ရာ ရနေချိန်မှာ ပွဲထွက် ကစားခွင့်တွေ ရလာတဲ့ အလွန်ဆို က သူ့အသင်းဖော် တစ်ယောက်ယောက် ဒဏ်ရာ ရတာအတွက် ဝမ်းသာတာမျိုးတော့ ဘယ်တော့မှ မရှိကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။

FIFPRO ရဲ့ ကမ္ဘာ့ အကောင်းဆုံးအသင်း အတွက် ၂၃ဦး ဆန်ခါတင်စာရင်းတွေ ထွက်ပေါ်လာရာမှာ ချဲလ်ဆီး အသင်းမှ ၉ဦး အထိ ပါဝင်လာပါတယ်။

ထို ၉ဦးကတော့ မန်ဒီ၊ ဂျော်ဂျင်ဟို၊ ကန်တီ၊ လူကာကူတို့က အမျိုးသားအသင်း၊ ဘာဂါ၊ ဘရိုက်၊ ဆမ်ကား၊ ဟာဒါနဲ့ အသင်းခေါင်းဆောင် အဲရစ်ဆင်တို့က အမျိုးသမီးအသင်းမှာ ပါဝင်ပါတယ်။

ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ ရာသီက အမျိုးသားရော၊ အမျိုးသမီးအသင်းပါ ချန်ပီယံလိဂ် ဗိုလ်လုပွဲရောက်ခဲ့ပြီး အမျိုးသမီး အသင်းက ဘာစီလိုနာကို ၄ဂိုးပြတ် ရှုံးခဲ့သလို အမျိုးသားအသင်းက မန်စီးတီးကို နိုင်ခဲ့ပါတယ်။

ချဲလ်ဆီးအနေနဲ့ နော့ဝှစ်ချ်နဲ့ ပဲလေ့စ်တို့ကို အငှားချထားတဲ့ ကွင်းလယ်ကြယ်ပွင့်တွေဖြစ်ကြတဲ့ ဂယ်လ်မောနဲ့ ဂယ်လဲဟာ တို့ကို စာချုပ်ပါ အချက်အလက်တွေအရ ဇန်နဝါရီမှာ ပြန်ခေါ်ခွင့်ရမှာ မဟုတ်ဘူးလို့ သိရပါတယ်။

ခရစ် ဆပ်တန်ကတော့ ချန်ပီယံလိဂ်မှာ ချဲလ်ဆီးအနေနဲ့ လိုင်လီကိုကျော်ဖြတ်ပြီး နောက်တစ်ဆင့်ကို တက်ရောက်နိုင်မယ် လို့ သုံးသပ်လိုက်ပြီး တူချယ်က သူ့ကစားသမားတွေရဲ့ အရည်အသွေးကို ကောင်းကောင်း သိကြောင်း မှတ်ချက်ပြု ခဲ့ပါတယ်။

ဒဏ်ရာကြောင့် အနားယူနေရတဲ့ နောက်ခံလူ ချာလိုဘတ်ချ်နဲ့ ကွင်းလယ်လူ ကန်တီတို့ဟာ ချဲလ်ဆီးအသင်းမှာ လေ့ကျင့်ခန်း ပြန်ဆင်းနေကြပြီဖြစ်ကြောင်း သိရပါတယ်။ ဒါကြောင့် သူတို့အနေနဲ့ အဲဗာတန်နဲ့ပွဲမှာ ပါဝင်လာဖွယ် ရှိနေပါတယ်။

ချဲလ်ဆီးနောက်ခံလူ ရူဒီဂါကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့အသင်းတွေထဲ မန်ချက်စတာ ယူနိုက်တက်လည်း ပါဝင်လာခဲ့ပြီ ဖြစ်ပါတယ်။ မန်ယူက ဘိုင်လီကို လက်လွှတ်ရဖို့ ရှိတဲ့ အပြင် လင်ဒီလော့ဖ် အခြေအနေကလည်း မသေချာသေးတာကြောင့် ခံစစ်သမား ရှာဖွေလာတာပါ။

ရီးရဲမက်ဒရစ် တိုက်စစ်ကစားသမား ဟာဇက်ဟာ အသင်းဟောင်း ချဲလ်ဆီးထံ ပြန်လည်ပြောင်းရွှေ့လိုနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဟာဇက်နဲ့ ရီးရဲတို့အကြား ဆက်ဆံရေးက အဆင်မပြေဖြစ်နေတာပါ။

ပဲလေ့စ်နည်းပြ ဗီအဲရာကတော့ ချဲလ်ဆီးကနေအငှားနဲ့ ခေါ်ထားတဲ့ ကြယ်ပွင့် ဂယ်လင်ဟာကို ချဲလ်ဆီးဂန္ထဝင်လမ်းပတ်၊ အာဆင်နယ် ဂန္ထဝင် ရေးပါလာတို့နဲ့ ခိုင်းနှိုင်းခဲ့ပြီး ဂယ်လဲဟာရဲ့ ပွဲပေါ် စီးမျောနိုင်စွမ်းဟာ သူတို့နဲ့ဆင်တူကြောင်း၊ ဂယ်လဲဟာလို အစွမ်းကုန်ပေးဆပ်တတ်တဲ့ ကစားသမားမျိုးကို ကိုင်တွယ်ဖို့က နည်းပြတစ်ယောက်ရဲ့ အိပ်မက်မျိုး ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။