မန်ယူနဲ့ အက်သလက်တီကို ဘယ်အသင်း ချန်ပီယံလိဂ် ကွာတား ရောက်မလဲ ခရစ်ဆက်တန် ခန့်မှန်း
ဒီရာသီအတွက် ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက် အဆင့် မဲခွဲမှု ပြုလုပ်ခဲ့ပြီ ဖြစ်ရာ မန်ချက်စတာ ယူနိုက်တက်ဟာ အက်သလက်တီကို မက်ဒရစ်နဲ့ ထိပ်တိုက် တွေ့ဆုံနေပြီး ကြည့်ကောင်းမယ့် ပွဲတစ်ပွဲ ဖြစ်ပါတယ်။
ဒေးလီးမေးလ် သတင်းဌာနရဲ့ ဆောင်းပါးရှင် တဦးလည်းဖြစ် ၊ ချဲလ်ဆီး တိုက်စစ်မှူးဟောင်း တဦးလည်းဖြစ်တဲ့ ခရစ်ဆက်တန် က ရှုံးထွက်အဆင့် ပွဲတွေကို သုံးသပ်မှု ပြုလုပ်ခဲ့ရာ အက်သလက်တီကိုနဲ့ မန်ယူတို့ ပွဲစဉ်ကိုလည်း သုံးသပ် ခန့်မှန်းထားခဲ့ပါတယ်။

” မန်ချက်စတာ ယူနိုက်တက် ဟာ မက်ဆီ၊ အမ်ဘတ်ပေ၊ နေမာတို့ကနေ ၊ လူးဝစ် ဆွာရက်ဇ်၊ အန်တွိုင် ဂရဇ်မန်း တို့နဲ့ ပြောင်းလဲ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ရန်းနစ် ဟာ မန်ယူ ခံစစ် ကို ကျစ်လျစ်မှု ရှိအောင် အတတ်နိုင်ဆုံး လုပ်ဆောင်နေပါတယ်။ နောက်ပြီး မန်ယူ အသင်းသားတွေကို သူ့ ကိုယ်ပိုင် ဖီလိုဆိုဖီ ရိုက်သွင်းနိုင်ဖို့လည်း ကြိုးစားနေပါတယ် ။ ”
” အသင်းလိုက် စွမ်းဆောင်ရည် တခုလုံး က အားရစရာ မကောင်းသေးသည့်တိုင် သူဟာ မန်ယူအတွက် ရလဒ်ကောင်းတွေ ယူဆောင်ထားပေးတယ်။ လာမယ့် ဖေဖော်ဝါရီမှာ ယူနိုက်တက် ဟာ ဘယ်လို ခြေစွမ်း အဆင့်ကို ရောက်နေမယ် ဆိုတာ ဘယ်သူ သိနိုင်ပါ့မလဲ။
သူ့ရဲ့ လေ့ကျင့်ရေး အစီအစဉ်တွေက အရမ်း ပြင်းထန်မှု ရှိတာကြောင့် ကစားသမား တချို့ တံကောက်ကြော ဒဏ်ရာ ရတာမျိုးလည်း ကြုံကောင်း ကြုံနိုင်ပါလိမ့်မယ်။
ဒါပေမယ့် သူတို့ဟာ အက်သလက်တီကိုနဲ့ ရင်ဆိုင်ရတဲ့ အချိန်မှာ တိုးတက်မှု အတော်အသင့် ရှိတဲ့ ယူနိုက်တက် အဖြစ် မြင်တွေ့ရဖို့ မျှော်လင့်ထားပါတယ်။ အက်သလက်တီကို ဟာ အရင်လို ခံစစ်အား အရမ်း ကျစ်လျစ်တဲ့ အသင်း တသင်း အသွင်မှာ ရှိမနေတော့ပါဘူး။ ” လို့ ဆက်တန်က သုံးသပ်ထားပါတယ်။
ခရစ်ဆက်တန်က ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို မန်ချက်စတာ ယူနိုက်တက် ကပဲ တက်ရောက်သွားမယ်လို့ ခန့်မှန်းခဲ့ပါတယ်။

ZG
ဒီရာသီအတြက္ ခ်န္ပီယံလိဂ္ ၁၆ သင္း ရံႈးထြက္ အဆင့္ မဲခြဲမႈ ျပဳလုပ္ခဲ့ျပီ ျဖစ္ရာ မန္ခ်က္စတာ ယူနိုက္တက္ဟာ အက္သလက္တီကို မက္ဒရစ္နဲ႕ ထိပ္တိုက္ ေတြ႔ဆံုေနျပီး ၾကည့္ေကာင္းမယ့္ ပြဲတစ္ပြဲ ျဖစ္ပါတယ္။
ေဒးလီးေမးလ္ သတင္းဌာနရဲ႕ ေဆာင္းပါးရွင္ တဦးလည္းျဖစ္ ၊ ခ်ဲလ္ဆီး တိုက္စစ္မႉးေဟာင္း တဦးလည္းျဖစ္တဲ့ ခရစ္ဆက္တန္ က ရံႈးထြက္အဆင့္ ပြဲေတြကို သံုးသပ္မႈ ျပဳလုပ္ခဲ့ရာ အက္သလက္တီကိုနဲ႕ မန္ယူတို႔ ပြဲစဥ္ကိုလည္း သံုးသပ္ ခန္႔မွန္းထားခဲ့ပါတယ္။
” မန္ခ်က္စတာ ယူႏိုက္တက္ ဟာ မက္ဆီ၊ အမ္ဘတ္ေပ၊ ေနမာတို႔ကေန ၊ လူးဝစ္ ဆြာရက္ဇ္၊ အန္တြိဳင္ ဂရဇ္မန္း တို႔နဲ႔ ေျပာင္းလဲ ရင္ဆိုင္ရမွာ ျဖစ္ပါတယ္။ ရန္းနစ္ ဟာ မန္ယူ ခံစစ္ ကို က်စ္လ်စ္မႈ ရွိေအာင္ အတတ္ႏိုင္ဆုံး လုပ္ေဆာင္ေနပါတယ္။ ေနာက္ၿပီး မန္ယူ အသင္းသားေတြကို သူ႔ ကိုယ္ပိုင္ ဖီလိုဆိုဖီ ႐ိုက္သြင္းႏိုင္ဖို႔လည္း ႀကိဳးစားေနပါတယ္ ။ ”
” အသင္းလိုက္ စြမ္းေဆာင္ရည္ တခုလုံး က အားရစရာ မေကာင္းေသးသည့္တိုင္ သူဟာ မန္ယူအတြက္ ရလဒ္ေကာင္းေတြ ယူေဆာင္ထားေပးတယ္။ လာမယ့္ ေဖေဖာ္ဝါရီမွာ ယူႏိုက္တက္ ဟာ ဘယ္လို ေျခစြမ္း အဆင့္ကို ေရာက္ေနမယ္ ဆိုတာ ဘယ္သူ သိႏိုင္ပါ့မလဲ။
သူ႔ရဲ႕ ေလ့က်င့္ေရး အစီအစဥ္ေတြက အရမ္း ျပင္းထန္မႈ ရွိတာေၾကာင့္ ကစားသမား တခ်ိဳ႕ တံေကာက္ေၾကာ ဒဏ္ရာ ရတာမ်ိဳးလည္း ႀကဳံေကာင္း ႀကဳံႏိုင္ပါလိမ့္မယ္။
ဒါေပမယ့္ သူတို႔ဟာ အက္သလက္တီကိုနဲ႔ ရင္ဆိုင္ရတဲ့ အခ်ိန္မွာ တိုးတက္မႈ အေတာ္အသင့္ ရွိတဲ့ ယူႏိုက္တက္ အျဖစ္ ျမင္ေတြ႕ရဖို႔ ေမွ်ာ္လင့္ထားပါတယ္။ အက္သလက္တီကို ဟာ အရင္လို ခံစစ္အား အရမ္း က်စ္လ်စ္တဲ့ အသင္း တသင္း အသြင္မွာ ရွိမေနေတာ့ပါဘူး။ ” လို႔ ဆက္တန္က သံုးသပ္ထားပါတယ္။
ခရစ္ဆက္တန္က ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ကို မန္ခ်က္စတာ ယူနိုက္တက္ ကပဲ တက္ေရာက္သြားမယ္လို႔ ခန္႔မွန္းခဲ့ပါတယ္။