မန်ယူ တိုက်စစ်မှုး မာရှယ်ကို ငွေမကုန်ဘဲ ခေါ်ဖို့ ကြံစည်လှုပ်ရှားနေတဲ့ အက်သလက်တီကို

အက်သလက်တီကိုမက်ဒရစ်အသင်းဟာ ဇန်နဝါရီမှာ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး အန်တိုနီမာရှယ်ကို ခေါ်ယူဖို့စိတ်ဝင်စားနေပြီး ပြောင်းရွှေ့ကြေးနဲ့ ဝယ်ဖို့ထက် ကစားသမား အလဲအထပ် ပြုလုပ်ဖို့ စီစဉ်နေတယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။

မာရှယ်ရဲ့ အေးဂျင့်ကလည်း သူ့ရဲ့ကစားသမားဟာ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာပြီး ပုံမှန်ပွဲထွက်ခွင့် ရရှိမယ့်အသင်းတစ်သင်းမှာ ကစားလိုတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ပြင်သစ်ဘယ်ရောက်နိုင်လဲဆိုတဲ့ ကောလာဟလတွေကတော့ ဆက်တိုက်ထွက်ပေါ်နေပြီး မကြာသေးမီကတင် ဘာစီလိုနာ က ချဉ်းကပ်ခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်ခဲ့ပြီး လာလီဂါနှစ်သင်းမှာ ဘယ်အသင်းကို ရောက်မလဲ စောင့်ကြည့်ရတော့မှာပါ။

အက်သလက်တီကိုကတော့ မာရှယ်ကိုကာလရှည် စောင့်ကြည့်ခဲ့တာဖြစ်ပြိး ဇန်နဝါရီမှာ ခေါ်ယူဖို့အခွင့်အရေး ရနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ သတင်းတွေအရတော့ တီကို က ငွေသုံးဖို့ထက် မန်ယူ လိုချင်တဲ့ ကစားသမားနဲ့ မာရှယ်ကို အလဲအလှယ်ပြုလုပ်ဖို့ကို ပိုပြီးမျက်စိကျနေပါတယ်။

မန် ယူနိုက်တက်ကတော့ နွေရာသီတုန်းက တီကိုညာနောက်ခံလူ ကီရန်ထရစ်ပီယာကို ခေါ်ယူဖို့ကြိုးစားခဲ့ဖူးပြီး လက်ရှိမှာ နယူးကာဆယ်ကလည်း ထရစ်ပီယာကို စိတ်ဝင်စားလျက်ရှိပါတယ်။

ZG

အက္သလက္တီကိုမက္ဒရစ္အသင္းဟာ ဇန္နဝါရီမွာ မန္ခ်က္စတာယူႏိုက္တက္ တိုက္စစ္မႉး အန္တိုနီမာရွယ္ကို ေခၚယူဖို႔စိတ္ဝင္စားေနၿပီး ေျပာင္းေရႊ႕ေၾကးနဲ႕ ဝယ္ဖို႔ထက္ ကစားသမား အလဲအထပ္ ျပဳလုပ္ဖို႔ စီစဥ္ေနတယ္လို႔ သတင္းေတြက ေဖာ္ျပေနပါတယ္။

မာရွယ္ရဲ႕ ေအးဂ်င့္ကလည္း သူ႔ရဲ႕ကစားသမားဟာ အိုးလ္ထရက္ဖို႔ဒ္ကေန ထြက္ခြာၿပီး ပုံမွန္ပြဲထြက္ခြင့္ ရရွိမယ့္အသင္းတစ္သင္းမွာ ကစားလိုတယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

ျပင္သစ္ဘယ္ေရာက္ႏိုင္လဲဆိုတဲ့ ေကာလာဟလေတြကေတာ့ ဆက္တိုက္ထြက္ေပၚေနၿပီး မၾကာေသးမီကတင္ ဘာစီလိုနာ က ခ်ဥ္းကပ္ခဲ့တယ္ဆိုတဲ့ သတင္းေတြထြက္ခဲ့ၿပီး လာလီဂါႏွစ္သင္းမွာ ဘယ္အသင္းကို ေရာက္မလဲ ေစာင့္ၾကည့္ရေတာ့မွာပါ။

အက္သလက္တီကိုကေတာ့ မာရွယ္ကိုကာလရွည္ ေစာင့္ၾကည့္ခဲ့တာျဖစ္ၿပိး ဇန္နဝါရီမွာ ေခၚယူဖို႔အခြင့္အေရး ရႏိုင္လိမ့္မယ္လို႔ ယုံၾကည္ေနပါတယ္။ သတင္းေတြအရေတာ့ တီကို က ေငြသံုးဖို႔ထက္ မန္ယူ လိုခ်င္တဲ့ ကစားသမားနဲ႔ မာရွယ္ကို အလဲအလွယ္ျပဳလုပ္ဖို႔ကို ပိုၿပီးမ်က္စိက်ေနပါတယ္။

မန္ ယူႏိုက္တက္ကေတာ့ ေႏြရာသီတုန္းက တီကိုညာေနာက္ခံလူ ကီရန္ထရစ္ပီယာကို ေခၚယူဖို႔ႀကိဳးစားခဲ့ဖူးၿပီး လက္ရွိမွာ နယူးကာဆယ္ကလည္း ထရစ္ပီယာကို စိတ္ဝင္စားလ်က္ရွိပါတယ္။