ပင်နယ်တီ လွဲခဲ့ပေမယ့် အာဆင်နယ် ယာယီ ကပ္ပတိန် လာကာဇက်ကို အာတီတာ ချီးမွမ်းခန်း ဖွင့်

အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ အာတီတာက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ပွဲစဉ်မှာ ၂-ဝ နဲ့ နိုင်ခဲ့ပြီးနောက် ထိုပွဲစဉ်မှာ အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူခဲ့တဲ့ တိုက်စစ်မှူး လာကာဇက်ကို လူငယ်တွေရဲ့ စံပြပုဂ္ဂိုလ် ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ဝက်စ်ဟမ်းအသင်းနဲ့ ပွဲစဉ်မတိုင်မီမှာပဲ အဓိက တိုက်စစ်မှူး အူဘာမီယန်းကို စည်းကမ်းပိုင်း အားနည်းချက်ကြောင့် အသင်းခေါင်းဆောင် ရာထူးကနေ ဖယ်ရှားခဲ့ပြီး အာတီတာက ဝက်စ်ဟမ်းအသင်းနဲ့ ပွဲစဉ်မှာတော့ လာကာဇက်ကို ယာယီ အသင်းခေါင်းဆောင် အဖြစ် ခန့်ခဲ့ပါတယ်။

အာတီတာက ဝက်စ်ဟမ်းအသင်းနဲ့ ပွဲစဉ်အပြီးမှာ ယာယီ အသင်းခေါင်းဆောင် လာကာဇက်ကို ချီးကျူးသွားခဲ့ပြီး လာကာဇက်က အာဆင်နယ်အသင်းမှာ ရှိနေတဲ့ လူငယ်တွေ အတုယူသင့်တဲ့ ပုဂ္ဂိုလ်တဦး ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

အာတီတာက – “လာကာဇက်က ဒီနေ့ပွဲမှာ အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူပြီး အတော်လေး ကောင်းအောင် ကစားနိုင်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာ သူက တခြား ကစားသမားတွေလိုပဲ အသင်းအတွက် ရာနှုန်းပြည့် ပေးဆပ် ကစား သွားခဲ့ပါတယ်။

လာကာက အမြဲတမ်း လူငယ် ကစားသမားတွေကို ကူညီဖို့ အဆင်သင့် ဖြစ်နေတတ်သူ တဦးပါ။ သူက အဝတ်လဲခန်းထဲမှာလည်း လူငယ် ကစားသမားတွေကို ကူညီလေ့ ရှိပါတယ်။ သူက တကိုယ်ကောင်းဆန်တဲ့ ကစားသမား တဦး မဟုတ်ပါဘူး။

သူက သူ့ရဲ့ဘေးနားမှာ ရှိနေတဲ့ တခြား ကစားသမားတွေ အားလုံး ခြေစွမ်း ပိုကောင်းလာရင် ပျော်နေတတ်တဲ့သူပါ။ ဒါကြောင့် လူငယ် ကစားသမားတွေ အတွက် စံပြပုဂ္ဂိုလ် တဦးလည်း ဖြစ်ပါတယ်” လို့ ပြောကြားခဲ့တာပါ။

ဝက်စ်ဟမ်းအသင်းနဲ့ ပွဲစဉ်မှာ လာကာဇက်က ပင်နယ်တီ တလုံး လွဲချော်ခဲ့ပေမယ့် အသင်းရဲ့ တိုက်စစ်ပိုင်းကို အကောင်းဆုံး ဦးဆောင်နိုင်ခဲ့သလို သူ့ရဲ့ နေရာလွတ် ရှာဖွေပေးမှုတွေကြောင့်ပဲ အာဆင်နယ် အသင်းရဲ့ လူငယ်ကြယ်ပွင့်တွေ ဖြစ်တဲ့ ဆာကာ ၊ စမစ်ရိုဝီ ၊ မာတီနယ်လီတို့က နေရာလွတ်တွေ ရရှိလာပြီး အသင်းအတွက် အနိုင်ဂိုးတွေကို သွင်းယူပေးနိုင်ခဲ့ကြပါတယ်။

ZG

အာဆင္နယ္အသင္းရဲ႕ နည္းျပျဖစ္သူ အာတီတာက ယေန႔မနက္ အေစာပိုင္းမွာ ယွဥ္ၿပိဳင္ ကစားခဲ့တဲ့ ဝက္စ္ဟမ္းနဲ႕ ႔ပြဲစဥ္မွာ ၂-ဝ နဲ႕ နုိင္ခဲ့ၿပီးေနာက္ ထိုပြဲစဥ္မွာ အသင္းေခါင္းေဆာင္ အျဖစ္ တာဝန္ယူခဲ့တဲ့ တိုက္စစ္မႉး လာကာဇက္ကို လူငယ္ေတြရဲ႕ စံျပပုဂၢိဳလ္ ျဖစ္ေၾကာင္း ခ်ီးက်ဴးသြားခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ ဝက္စ္ဟမ္းအသင္းနဲ႔ ပြဲစဥ္မတိုင္မီမွာပဲ အဓိက တိုက္စစ္မႉး အူဘာမီယန္းကို စည္းကမ္းပိုင္း အားနည္းခ်က္ေၾကာင့္ အသင္းေခါင္းေဆာင္ ရာထူးကေန ဖယ္ရွားခဲ့ၿပီး အာတီတာက ဝက္စ္ဟမ္းအသင္းနဲ႔ ပြဲစဥ္မွာေတာ့ လာကာဇက္ကို ယာယီ အသင္းေခါင္းေဆာင္ အျဖစ္ ခန႔္ခဲ့ပါတယ္။

အာတီတာက ဝက္စ္ဟမ္းအသင္းနဲ႔ ပြဲစဥ္အၿပီးမွာ ယာယီ အသင္းေခါင္းေဆာင္ လာကာဇက္ကို ခ်ီးက်ဴးသြားခဲ့ၿပီး လာကာဇက္က အာဆင္နယ္အသင္းမွာ ရွိေနတဲ့ လူငယ္ေတြ အတုယူသင့္တဲ့ ပုဂၢိဳလ္တဦး ျဖစ္ေၾကာင္း ေျပာၾကားသြားခဲ့ပါတယ္။

အာတီတာက – “လာကာဇက္က ဒီေန႔ပြဲမွာ အသင္းေခါင္းေဆာင္ အျဖစ္ တာဝန္ယူၿပီး အေတာ္ေလး ေကာင္းေအာင္ ကစားႏိုင္ခဲ့ပါတယ္။ ဒီေန႔ပြဲမွာ သူက တျခား ကစားသမားေတြလိုပဲ အသင္းအတြက္ ရာႏႈန္းျပည့္ ေပးဆပ္ ကစား သြားခဲ့ပါတယ္။

လာကာက အၿမဲတမ္း လူငယ္ ကစားသမားေတြကို ကူညီဖို႔ အဆင္သင့္ ျဖစ္ေနတတ္သူ တဦးပါ။ သူက အဝတ္လဲခန္းထဲမွာလည္း လူငယ္ ကစားသမားေတြကို ကူညီေလ့ ရွိပါတယ္။ သူက တကိုယ္ေကာင္းဆန္တဲ့ ကစားသမား တဦး မဟုတ္ပါဘူး။

သူက သူ႔ရဲ႕ေဘးနားမွာ ရွိေနတဲ့ တျခား ကစားသမားေတြ အားလုံး ေျခစြမ္း ပိုေကာင္းလာရင္ ေပ်ာ္ေနတတ္တဲ့သူပါ။ ဒါေၾကာင့္ လူငယ္ ကစားသမားေတြ အတြက္ စံျပပုဂၢိဳလ္ တဦးလည္း ျဖစ္ပါတယ္” လို႔ ေျပာၾကားခဲ့တာပါ။

ဝက္စ္ဟမ္းအသင္းနဲ႔ ပြဲစဥ္မွာ လာကာဇက္က ပင္နယ္တီ တလုံး လြဲေခ်ာ္ခဲ့ေပမယ့္ အသင္းရဲ႕ တိုက္စစ္ပိုင္းကို အေကာင္းဆုံး ဦးေဆာင္ႏိုင္ခဲ့သလို သူ႔ရဲ႕ ေနရာလြတ္ ရွာေဖြေပးမႈေတြေၾကာင့္ပဲ အာဆင္နယ္ အသင္းရဲ႕ လူငယ္ၾကယ္ပြင့္ေတြ ျဖစ္တဲ့ ဆာကာ ၊ စမစ္႐ိုဝီ ၊ မာတီနယ္လီတို႔က ေနရာလြတ္ေတြ ရရွိလာၿပီး အသင္းအတြက္ အႏိုင္ဂိုးေတြကို သြင္းယူေပးႏိုင္ခဲ့ၾကပါတယ္။