လီဗာပူးထံ ပြောင်းပြီး ကလော့ပ်အတွက် ကစားဖို့ တိုက်တွန်းခံရတဲ့ ဘာစီလိုနာကြယ်ပွင့်

ပြီးခဲ့တဲ့ ရက်ပိုင်းက ဘာစီလိုနာ လူငယ်ကြယ်ပွင့် ဂါဘီကို လီဗာပူး အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတယ် ဆိုပြီး သတင်းတွေ ထွက်ပေါ်ခဲ့ ပါတယ်။

အသက် ၁၇ နှစ်အရွယ် ဂါဘီဟာ ဘာစီလိုနာနဲ့ ၂၀၂၃ ခုနှစ် စာချုပ်သက်တမ်း ရှိနေသူ ဖြစ်ပေမယ့် ကတ်တလန် ကလပ်ဟာ လက်ရှိမှာ ဆိုးရွားတဲ့ ဘဏ္ဍာရေး အကျပ်အတည်းကို ရင်ဆိုင်နေရတာကြောင့် အသင်းရဲ့ ကစားသမား တစ်ချို့ကို ထုတ်ရောင်းသွားဖို့ ရှိနေပါတယ်။

စပိန်ကစားသမားဟောင်း အန်နရီကေးက ဂါဘီဟာ အရမ်းကို အလားအလားကောင်းတဲ့ ကစားသမား ဖြစ်ပြီး လီဗာပူး အတွက် ကြီးကြယ်တဲ့ ခေါ်ယူမှု ဖြစ်လာနိုင်တယ်လို့ ခံစားမိကြောင်း ဆိုသွားပါတယ်။

လီဗာပူး ဘယ်နောက်ခံလူဟောင်းက “အကယ်လို့ သူ လီဗာပူးကို ပြောင်းလာခဲ့မယ် ဆိုရင် သူ့အနေနဲ့ သင်ယူစရာတွေ အများကြီး ရှိနေပါသေးတယ်။ ဒါပေမယ့် သူဟာ အရမ်း အရမ်းကို ကောင်းတဲ့ ကစားသမား ဖြစ်ပြီး အရည်အသွေးတွေ အများအပြား ရှိနေပါတယ်။

အကယ်လို့ ဘာစီလိုနာက သူ့ကို ပျော်ပျော်ကြီး ရောင်းသွားမယ် ဆိုရင် သူဟာ လီဗာပူး အတွက် ကောင်းကောင်း လုပ်ပေးနိုင်မှာပါ။

ကလော့ဟာ သူ့ဆီက အမြင့်ဆုံး အရည်အသွေးကို ထုတ်ယူနိုင်မယ် ဆိုတာ သေချာပါတယ်။ ဘာစီလိုနာ သူ့ကို လီဗာပူးထံ ရောင်းချသွားမယ်လို့ ကျွန်တော် မမြင်မိပါဘူး။ ဂါဘီဟာ ဘာကာမှာ လစာနည်းတဲ့ ကစားသမားတွေ ထဲမှာ ပါဝင်နေပါတယ်။

ဘာစီလိုနာရဲ့ အဓိက ပြသနာက ကြီးမားတဲ့ လစာတွေ ရှိနေတဲ့ ကစားသမားတွေကို ရှင်းထုတ်ဖို့ပါ။ လီဗာပူးအတွက်ကတော့ သူဟာ အရမ်းကောင်းတဲ့ ကစားသမား တစ်ဦး ဖြစ်ပြီး ဒီလို ကစားသမားတွေကို အန်ဖီးက အမြဲ ကြိုဆိုနေမှာပါ ” ဆိုပြီး ပြောခဲ့ခြင်းဖြစ်ပါတယ်။