မန်ယူအသင်းရဲ့ ထရိန်နင် ဒီနေ့ ပြန်စပေမယ့် ကိုဗစ်တွေ့တဲ့ ကစားသမားတွေ ထပ်ရှိနေပြန်
ကိုဗစ်ကူးစက်ခံရတဲ့ အသင်းဝန်ထမ်းတွေနဲ့ ကစားသမားတွေ ရှိနေတဲ့ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ဘရန့်ဖို့ဒ်နဲ့ ပွဲကို ရွှေ့ဆိုင်းပြီး လေ့ကျင့်ရေးကွင်းကိုလည်း ပိတ်ထားခဲ့ပေမယ့် ဗုဒ္ဓဟူးနေ့ မနက်မှာတော့ ကာရင်တန် ထရိန်နင်သို့ ကစားသမားတွေကို ပြန်ခေါ်ခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက် ကစားသမားတွေ ကာရင်တန် လေ့ကျင့်ရေးကွင်းဆီကို ပြန်လည်ရောက်ရှိလာပြီး ကိုဗစ် စစ်ဆေးမှုတွေကို ပြုလုပ်ခဲ့ရာမှာ ကစားသမား ၂ဦးလောက် Positive ပြနေတဲ့အတွက် လေ့ကျင့်ရေးကွင်းကနေ ချက်ချင်း ပြန်လည်စေလွှတ်ခဲ့ရတယ်လို့ ဒေးလီးမေးလ် က ဖော်ပြထားပါတယ်။
အင်္ဂါနေ့ကတော့ ယူနိုက်တက်အသင်းရဲ့ ပထမအသင်း စီနီယာကစားသမားတွေကလွဲပြီး ယူ-၂၃အသင်း ယူ-၁၈အသင်းနဲ့ အမျိုးသမီးအသင်းတို့ရဲ့ လေ့ကျင့်မှုတွေကို ကာရင်တန် လေ့ကျင့်ရေးကွင်းအတွင်းမှာပဲ ပြုလုပ်ခဲ့ပြီး ဝန်ထမ်းပေါင်း (၁၃၀)နီးပါးလည်း အတူရှိနေခဲ့တယ်လို့ ထိုသတင်းက ဆိုပါတယ်။
အခုလို ကိုဗစ် ကူးစက်မှုတွေ ဆက်လက် ဖြစ်ပွားနေတဲ့ အခြေအနေကြောင့် ယူနိုက်တက်အသင်းအနေနဲ့ လာမယ့် စနေနေ့ အိုးထရက်ဖိုဒ့်မှာ ဘရိုက်တန်အသင်းနဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်ကိုပါ ထပ်မံရွှေ့ဆိုင်းရနိုင်ပါတယ်။
ဘရိုက်တန် အသင်း ကိုယ်တိုင်ကလည်း ကိုဗစ် ရိုက်ခတ်မှုရဲ့ဒဏ်ကို ခံစားနေရတဲ့ အသင်းတစ်သင်း ဖြစ်နေတဲ့အတွက် ဒီပွဲကိုပါ ထပ်မံရွှေ့ဆိုင်းဖို့ သေချာသွားမယ်ဆိုရင် ယူနိုက်တက်အသင်းအနေနဲ့ နောက်ပိုင်းကာလမှာ ပွဲစဉ်ဇယားတွေ ပိုကြပ်သွားနိုင်ပါတယ်။

ZG
ကိုဗစ္ကူးစက္ခံရတဲ့ အသင္းဝန္ထမ္းေတြနဲ႕ ကစားသမားေတြ ရွိေနတဲ့ ယူနိုက္တက္ဟာ ျပီးခဲ့တဲ့ ဘရန္႔ဖို႔ဒ္နဲ႕ ပြဲကို ေရႊ႕ဆိုင္းျပီး ေလ့က်င့္ေရးကြင္းကိုလည္း ပိတ္ထားခဲ့ေပမယ့္ ဗုဒၶဟူးေန႔ မနက္မွာေတာ့ ကာရင္တန္ ထရိန္နင္သို႔ ကစားသမားေတြကို ျပန္ေခၚခဲ့ပါတယ္။
မန္ခ်က္စတာ ယူႏိုက္တက္ ကစားသမားေတြ ကာရင္တန္ ေလ့က်င့္ေရးကြင္းဆီကို ျပန္လည္ေရာက္ရွိလာၿပီး ကိုဗစ္ စစ္ေဆးမႈေတြကို ျပဳလုပ္ခဲ့ရာမွာ ကစားသမား ၂ဦးေလာက္ Positive ျပေနတဲ့အတြက္ ေလ့က်င့္ေရးကြင္းကေန ခ်က္ခ်င္း ျပန္လည္ေစလႊတ္ခဲ့ရတယ္လို႔ ေဒးလီးေမးလ္ က ေဖာ္ျပထားပါတယ္။
အဂၤါေန႔ကေတာ့ ယူႏိုက္တက္အသင္းရဲ႕ ပထမအသင္း စီနီယာကစားသမားေတြကလြဲၿပီး ယူ-၂၃အသင္း ယူ-၁၈အသင္းနဲ႔ အမ်ိဳးသမီးအသင္းတို႔ရဲ႕ ေလ့က်င့္မႈေတြကို ကာရင္တန္ ေလ့က်င့္ေရးကြင္းအတြင္းမွာပဲ ျပဳလုပ္ခဲ့ၿပီး ဝန္ထမ္းေပါင္း (၁၃၀)နီးပါးလည္း အတူရွိေနခဲ့တယ္လို႔ ထိုသတင္းက ဆိုပါတယ္။
အခုလို ကိုဗစ္ ကူးစက္မႈေတြ ဆက္လက္ ျဖစ္ပြားေနတဲ့ အေျခအေနေၾကာင့္ ယူႏိုက္တက္အသင္းအေနနဲ႔ လာမယ့္ စေနေန႔ အိုးထရက္ဖိုဒ့္မွာ ဘ႐ိုက္တန္အသင္းနဲ႔ ရင္ဆိုင္ရမယ့္ ပြဲစဥ္ကိုပါ ထပ္မံေ႐ႊ႕ဆိုင္းရႏိုင္ပါတယ္။
ဘ႐ိုက္တန္ အသင္း ကိုယ္တိုင္ကလည္း ကိုဗစ္ ႐ိုက္ခတ္မႈရဲ႕ဒဏ္ကို ခံစားေနရတဲ့ အသင္းတစ္သင္း ျဖစ္ေနတဲ့အတြက္ ဒီပြဲကိုပါ ထပ္မံေ႐ႊ႕ဆိုင္းဖို႔ ေသခ်ာသြားမယ္ဆိုရင္ ယူႏိုက္တက္အသင္းအေနနဲ႔ ေနာက္ပိုင္းကာလမွာ ပြဲစဥ္ဇယားေတြ ပိုၾကပ္သြားႏိုင္ပါတယ္။