နည်းပြ ရန်းနစ်ကြောင့် ရူဒီဂါကို ရဖို့ အခြေအနေကောင်းနေတဲ့ မန်ချက်စတာ ယူနိုက်တက်

ချဲလ်ဆီးအသင်းနောက်ခံလူ ရူဒီဂါဟာ ပြီးခဲ့တဲ့ ရာသီကတည်းက အသင်းမှ ထွက်ခွါလိုခဲ့ကြောင်း ဝန်ခံပြောဆိုခဲ့သလို ကစားသမားရဲ့ အေးဂျင့်နဲ့ အလွန်ရင်းနှီးခင်မင်နေတဲ့ မန်ယူနည်းပြ ရန်းဂ်နစ်ရဲ့ ကြိုးစားအားထုတ်မှုတွေကို မြင်တွေ့လာရဖွယ် ရှိနေကြောင်း သတင်းများအရ သိရပါတယ်။

ယခုရာသီအကုန် ချဲလ်ဆီးအသင်းမှ ထွက်ခွါဖို့ သေချာသလောက်နီးပါး ရှိနေတဲ့ ရူဒီဂါကို ခေါ်ယူနိုင်ဖို့ ရီးရဲလ်၊ ပီအက်စ်ဂျီ၊ ဘိုင်ယန် စတဲ့ ထိပ်တန်း အသင်း ၃ သင်းအပြင် ပရီးမီးယားလိဂ်ပြိုင်ဘက် မန်ယူအသင်းကလည်း စိတ်ဝင်စားနေပြီး လက်ရှိ အနေအထားအရ ရူဒီဂါတစ်ယောက် ဘိုင်ယန်အကြီးအကဲအချို့နဲ့ တွေ့ဆုံဆွေးနွေးထားပြီး ဖြစ်ကြောင်း နီးစပ်ရာသတင်းများအရ သိရပါတယ်။

အသက် ၂၈ နှစ်အရွယ်ရှိ ရူဒီဂါဟာ လက်ရှိ ချဲလ်ဆီးအသင်းထံမှ တစ်ပါတ်လုပ်ခ ပေါင် ၁၄၀၀၀၀ သာရရှိနေသူ တစ်ယောက်ဖြစ်တာကြောင့် အသင်းထံ တစ်ပါတ်လုပ်ခ ပေါင် ၂၀၀၀၀၀ အထိ တိုးမြှင့်တောင်းဆိုထားပေမယ့် ချဲလ်ဆီးဘက်က အနည်းငယ်တုန့်ဆိုင်းနေတာကြောင့် အသင်းမှ ထွက်ခွါဖို့အထိ အခြေအနေဖြစ်လာခဲ့တာ တွေ့ရပါတယ်။

ရီးရဲလ်အသင်းကတော့ ရူဒီဂါ တောင်းဆိုထားတဲ့ လစာပမာဏကို အပြည့်အဝပေးချေသွားဖို့ အသင့်အနေအထားမှာ ရှိနေကြောင်း သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ထားပေမယ့် နောက်ဆုံး သတင်းတွေ အရ မန်ယူအသင်းကလည်း ရူဒီဂါကို ရဖို့ အခြေအနေ ကောင်းလာနေပါတယ်။

မန်ယူက အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရနိုင်မယ့် ရူဒီဂါ အပေါ် အာရုံကျလာခဲ့ပြီး လိုက်ပ်ဇ်စ်၊ ဆောလ်ဘတ် စတဲ့ အသင်းတွေမှာ အားကစားဒါရိုက်တာအဖြစ် လုပ်ကိုင်ခဲ့ဖူးတဲ့ ရန်းဂ်နစ်နဲ့ ကစားသမားရဲ့ အေးဂျင့်ကြား ဆက်ဆံရေး တွေကြောင့် မန်ယူအသင်းက အလားအလာ အရှိဆုံး အသင်းအဖြစ် အားလုံးရဲ့ သက်မှတ်ခြင်း ခံလာခဲ့ရတာ ဖြစ်ပါတယ်။

ZG

ခ်ဲလ္ဆီးအသင္းေနာက္ခံလူ ႐ူဒီဂါဟာ ၿပီးခဲ့တဲ့ ရာသီကတည္းက အသင္းမွ ထြက္ခြါလိုခဲ့ေၾကာင္း ဝန္ခံေျပာဆိုခဲ့သလို ကစားသမားရဲ႕ ေအးဂ်င့္နဲ႔ အလြန္ရင္းႏွီးခင္မင္ေနတဲ့ မန္ယူနည္းျပ ရန္းဂ္နစ္ရဲ႕ ႀကိဳးစားအားထုတ္မႈေတြကို ျမင္ေတြ႕လာရဖြယ္ ရွိေနေၾကာင္း သတင္းမ်ားအရ သိရပါတယ္။

ယခုရာသီအကုန္ ခ်ဲလ္ဆီးအသင္းမွ ထြက္ခြါဖို႔ ေသခ်ာသေလာက္နီးပါး ရွိေနတဲ့ ႐ူဒီဂါကို ေခၚယူႏိုင္ဖို႔ ရီးရဲလ္၊ ပီအက္စ္ဂ်ီ၊ ဘိုင္ယန္ စတဲ့ ထိပ္တန္း အသင္း ၃ သင္းအျပင္ ပရီးမီးယားလိဂ္ၿပိဳင္ဘက္ မန္ယူအသင္းကလည္း စိတ္ဝင္စားေနၿပီး လက္ရွိ အေနအထားအရ ႐ူဒီဂါတစ္ေယာက္ ဘိုင္ယန္အႀကီးအကဲအခ်ိဳ႕နဲ႔ ေတြ႕ဆုံေဆြးေႏြးထားၿပီး ျဖစ္ေၾကာင္း နီးစပ္ရာသတင္းမ်ားအရ သိရပါတယ္။

အသက္ ၂၈ ႏွစ္အ႐ြယ္ရွိ ႐ူဒီဂါဟာ လက္ရွိ ခ်ဲလ္ဆီးအသင္းထံမွ တစ္ပါတ္လုပ္ခ ေပါင္ ၁၄၀၀၀၀ သာရရွိေနသူ တစ္ေယာက္ျဖစ္တာေၾကာင့္ အသင္းထံ တစ္ပါတ္လုပ္ခ ေပါင္ ၂၀၀၀၀၀ အထိ တိုးျမႇင့္ေတာင္းဆိုထားေပမယ့္ ခ်ဲလ္ဆီးဘက္က အနည္းငယ္တုန႔္ဆိုင္းေနတာေၾကာင့္ အသင္းမွ ထြက္ခြါဖို႔အထိ အေျခအေနျဖစ္လာခဲ့တာ ေတြ႕ရပါတယ္။

ရီးရဲလ္အသင္းကေတာ့ ႐ူဒီဂါ ေတာင္းဆိုထားတဲ့ လစာပမာဏကို အျပည့္အဝေပးေခ်သြားဖို႔ အသင့္အေနအထားမွာ ရွိေနေၾကာင္း သတင္းေတြ က်ယ္က်ယ္ျပန႔္ျပန႔္ ထြက္ထားေပမယ့္ ေနာက္ဆံုး သတင္းေတြ အရ မန္ယူအသင္းကလည္း ရူဒီဂါကို ရဖို႔ အေျခအေန ေကာင္းလာေနပါတယ္။

မန္ယူက အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ရႏိုင္မယ့္ ႐ူဒီဂါ အေပၚ အာ႐ုံက်လာခဲ့ၿပီး လိုက္ပ္ဇ္စ္၊ ေဆာလ္ဘတ္ စတဲ့ အသင္းေတြမွာ အားကစားဒါ႐ိုက္တာအျဖစ္ လုပ္ကိုင္ခဲ့ဖူးတဲ့ ရန္းဂ္နစ္နဲ႔ ကစားသမားရဲ႕ ေအးဂ်င့္ၾကား ဆက္ဆံေရး ေတြေၾကာင့္ မန္ယူအသင္းက အလားအလာ အရွိဆုံး အသင္းအျဖစ္ အားလုံးရဲ႕ သက္မွတ္ျခင္း ခံလာခဲ့ရတာ ျဖစ္ပါတယ္။