အဲဗာတန်နဲ့ ပွဲ သရေကျသွားတာ ကိုဗစ်ကြောင့် မဟုတ်ဘူးလို့ ဝန်ခံလိုက်တဲ့ ချဲလ်ဆီးနည်းပြ တူချယ်
ချဲလ်ဆီး အသင်း ဟာ မနေ့ည က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၇မှာ နောက်ပိုင်းပွဲ အများစုမှာ ရုန်းကန် နေခဲ့ရတဲ့ အဲဗာတန် ကို မိနစ် ၇၀ အရောက်မှာ မေဆင်မောင့်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ၄မိနစ် အကြာ မှာတင် ချေပဂိုး ပြန်ပေးခဲ့ရတာကြောင့် တဖက် တဂိုးစီ သရေ ရလဒ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။
ဒီပွဲ မစမီ စစ်ဆေးမှုမှာ ကိုဗစ် ပေါ့စတစ် အဖြေထွက်ထားတာကြောင့် ရိုမီလူ လူကာကူ ၊ တီမို ဗာနာ ၊ အိုဒွိုင်းနဲ့ ကိုင်ဟာဗက်ဇ်တို့ ကို ချန်လှပ်ခံခဲ့ရကာ ခရစ်တီယန် ပူလီဆစ် က အထောင် တိုက်စစ် နေရာကို တာဝန်ယူခဲ့ရပါတယ်။

ပွဲအပြီး အင်တာဗျူးမှာတော့ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် က ၎င်းတို့ဟာ ရမှတ် ဆုံးရှုံးခဲ့ခြင်း အတွက် ဒဏ်ရာနဲ့ ကိုဗစ် ပြဿနာတွေကို အပြစ်ပုံချဖို့ မသင့်ကြောင်း တုန့်ပြန်ရင်း အဆုံးသတ် အားနည်းခြင်း က အနိုင် ၃မှတ် အပြည့် မရခဲ့ခြင်းရဲ့ အဓိက အကြောင်းအရင်း ဖြစ်ကြောင်း ဖြေကြားခဲ့ပါတယ်။
တူချယ် က ” ဟုတ်ပါတယ် ။ ဒါဟာ စိတ်ပျက်စရာ ညတညပါ။ အထူးသဖြင့် ကိုယ်က ပွဲကို ဦးဆောင်နေပြီး ဖြစ်ကတတ်ဆန်း ချေပဂိုး ပြန်ပေးလိုက်ရတဲ့ အနေအထားမျိုးမှာပေါ့။ နောက်ပြီး ကျွန်တော်တို့ဖက်က တဂိုး သွင်းဖို့ စိုက်ထုတ်ရတဲ့ အားနဲ့ ပြိုင်ဖက်က ချေပဂိုး ပြန်ရဖို့ စိုက်ထုတ်ရတဲ့ အားကို ယှဉ်ကြည့်ရင် ဒီနေ့ပွဲ ရလဒ်ဟာ အတော်ကို လက်ခံရ ခက်ပါတယ်။
ပထမပိုင်းမှာ အပိုင် အခွင့်အရေးတွေ ဖြုန်းတီးခဲ့တာနဲ့ ဒုတိယပိုင်းမှာ တည်ငြိမ်တဲ့ ရစ်သမ်ကောင်းကို မရှာဖွေနိုင်ခဲ့ခြင်း က ဒီနေ့ပွဲမှာ ကျွန်တော်တို့ကို အမှတ်လျော့စေခဲ့တာပါ။ ရှိနေတဲ့ အရန် အင်အား ကနေ လိုအပ်တဲ့ အင်အား ထုတ်ယူဖို့ကလည်း အနည်းငယ် ခက်ခဲခဲ့ပါတယ်။
ဘောလုံးမှာ မနိုင်ဘူး ဆိုရင် အကြောင်းအရာ တခုတည်းကြောင့်နဲ့ မသက်ဆိုင်ပါဘူး။ ဒါပေမယ့် အဲလို ရုန်းကန်ရတဲ့ အကြောင်းအရင်းတွေ ထဲမှာတော့ အပိုင် အခွင့်အရေးတွေကို အဆုံးမသတ်နိုင်တာ ပါဝင်ပါတယ်။ ပထမပိုင်းမှာ ၂ဂိုး ၊ ၃ဂိုးလောက် ဦးဆောင်နိုင်ခဲ့ရဲ့သားနဲ့ မလိုအပ်ပဲ မီးနဲ့ ဆော့ကစားသလို ဖြစ်ခဲ့ပါတယ်။
ဒီနေ့ပွဲမှာ အသင်းရဲ့ တိုက်စစ်အားကို ကြီးကြီးမားမား အထောက်အကူ ပေးနိုင်မယ့် အသင်းသားတွေ ကိုဗစ်ကြောင့် လွဲချော်ခဲ့ရတာ မှန်ပါတယ်။ ဒါပေမယ့် ကျွန်တော် ကတော့ ဒါကို အမှတ်လျော့ခဲ့ရခြင်း အတွက် ဆင်ခြေအဖြစ် သုံးသွားမှာ မဟုတ်ပါဘူး။ ” လို့ ပြောကြားခဲ့ပါတယ်။

ZG
ခ်ဲလ္ဆီး အသင္း ဟာ မေန႔ည က ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ပြဲစဥ္ ၁၇မွာ ေနာက္ပိုင္းပြဲ အမ်ားစုမွာ ႐ုန္းကန္ ေနခဲ့ရတဲ့ အဲဗာတန္ ကို မိနစ္ ၇၀ အေရာက္မွာ ေမဆင္ေမာင့္ရဲ႕ သြင္းဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ ၄မိနစ္ အၾကာ မွာတင္ ေခ်ပဂိုး ျပန္ေပးခဲ့ရတာေၾကာင့္ တဖက္ တဂိုးစီ သေရ ရလဒ္နဲ႔သာ ေက်နပ္ခဲ့ရပါတယ္။
ဒီပြဲ မစမီ စစ္ေဆးမႈမွာ ကိုဗစ္ ေပါ့စတစ္ အေျဖထြက္ထားတာေၾကာင့္ ႐ိုမီလူ လူကာကူ ၊ တီမို ဗာနာ ၊ အိုဒြိဳင္းနဲ႕ ကိုင္ဟာဗက္ဇ္တို႔ ကို ခ်န္လွပ္ခံခဲ့ရကာ ခရစ္တီယန္ ပူလီဆစ္ က အေထာင္ တိုက္စစ္ ေနရာကို တာဝန္ယူခဲ့ရပါတယ္။
ပြဲအၿပီး အင္တာဗ်ဴးမွာေတာ့ ခ်ဲလ္ဆီး နည္းျပ ေသာမတ္စ္ တူခ်ယ္ က ၎တို႔ဟာ ရမွတ္ ဆုံးရႈံးခဲ့ျခင္း အတြက္ ဒဏ္ရာနဲ႔ ကိုဗစ္ ျပႆနာေတြကို အျပစ္ပုံခ်ဖို႔ မသင့္ေၾကာင္း တုန႔္ျပန္ရင္း အဆုံးသတ္ အားနည္းျခင္း က အႏိုင္ ၃မွတ္ အျပည့္ မရခဲ့ျခင္းရဲ႕ အဓိက အေၾကာင္းအရင္း ျဖစ္ေၾကာင္း ေျဖၾကားခဲ့ပါတယ္။
တူခ်ယ္ က ” ဟုတ္ပါတယ္ ။ ဒါဟာ စိတ္ပ်က္စရာ ညတညပါ။ အထူးသျဖင့္ ကိုယ္က ပြဲကို ဦးေဆာင္ေနၿပီး ျဖစ္ကတတ္ဆန္း ေခ်ပဂိုး ျပန္ေပးလိုက္ရတဲ့ အေနအထားမ်ိဳးမွာေပါ့။ ေနာက္ၿပီး ကြၽန္ေတာ္တို႔ဖက္က တဂိုး သြင္းဖို႔ စိုက္ထုတ္ရတဲ့ အားနဲ႔ ၿပိဳင္ဖက္က ေခ်ပဂိုး ျပန္ရဖို႔ စိုက္ထုတ္ရတဲ့ အားကို ယွဥ္ၾကည့္ရင္ ဒီေန႔ပြဲ ရလဒ္ဟာ အေတာ္ကို လက္ခံရ ခက္ပါတယ္။
ပထမပိုင္းမွာ အပိုင္ အခြင့္အေရးေတြ ျဖဳန္းတီးခဲ့တာနဲ႔ ဒုတိယပိုင္းမွာ တည္ၿငိမ္တဲ့ ရစ္သမ္ေကာင္းကို မရွာေဖြႏိုင္ခဲ့ျခင္း က ဒီေန႔ပြဲမွာ ကြၽန္ေတာ္တို႔ကို အမွတ္ေလ်ာ့ေစခဲ့တာပါ။ ရွိေနတဲ့ အရန္ အင္အား ကေန လိုအပ္တဲ့ အင္အား ထုတ္ယူဖို႔ကလည္း အနည္းငယ္ ခက္ခဲခဲ့ပါတယ္။
ေဘာလုံးမွာ မနိုင္ဘူး ဆိုရင္ အေၾကာင္းအရာ တခုတည္းေၾကာင့္နဲ႔ မသက္ဆိုင္ပါဘူး။ ဒါေပမယ့္ အဲလို ႐ုန္းကန္ရတဲ့ အေၾကာင္းအရင္းေတြ ထဲမွာေတာ့ အပိုင္ အခြင့္အေရးေတြကို အဆုံးမသတ္ႏိုင္တာ ပါဝင္ပါတယ္။ ပထမပိုင္းမွာ ၂ဂိုး ၊ ၃ဂိုးေလာက္ ဦးေဆာင္ႏိုင္ခဲ့ရဲ႕သားနဲ႔ မလိုအပ္ပဲ မီးနဲ႔ ေဆာ့ကစားသလို ျဖစ္ခဲ့ပါတယ္။
ဒီေန႔ပြဲမွာ အသင္းရဲ႕ တိုက္စစ္အားကို ႀကီးႀကီးမားမား အေထာက္အကူ ေပးႏိုင္မယ့္ အသင္းသားေတြ ကိုဗစ္ေၾကာင့္ လြဲေခ်ာ္ခဲ့ရတာ မွန္ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္ ကေတာ့ ဒါကို အမွတ္ေလ်ာ့ခဲ့ရျခင္း အတြက္ ဆင္ေျခအျဖစ္ သံုးသြားမွာ မဟုတ္ပါဘူး။ ” လို႔ ေျပာၾကားခဲ့ပါတယ္။