ဒိုလေးသာ မရှိရင် မန်ယူက ချန်ပီယံလိဂ်မှာ ရှုံးထွက်အဆင့်ကိုတောင် တက်မလာနိုင်ဘူး လို့ ပြောဆိုလိုက်သူ

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီရာသီမှာ ခရစ္စတီယာနို ရော်နယ်ဒိုသာ မရှိရင် အုပ်စုကနေ တက်ပြီး ၁၆သင်း ရှုံးထွက် အဆင့်ကိုတောင် ရောက်လာမှာ မဟုတ်ကြောင်း အတ္တလန္တာ ခံစစ်သမား မီရာ ဒါမီရယ် ပြောဆိုလိုက်ပါတယ်။ ဒါမီရယ်ဟာ ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ အတူ ဂျူဗင်တပ်မှာ ၃နှစ်တာ ကစားဖူးတဲ့ အသင်းဖော်ဟောင်း ဖြစ်ပါတယ်။

” ခရစ္စတီယာနို နဲ့ ကျနော့် ကြားမှာ ခိုင်မာတဲ့ ခင်မင်ရင်းနှီးမှု ရှိပါတယ်။ သူက ကျနော့်ကိုဆို အမြဲ ကူညီတယ်။ Whatsapp မှာလည်း မကြာ မကြာ စကားတွေ ပြောဖြစ်တုန်းပဲ။ သူက ကျနော် တွေ့ဖူးသမျှထဲ အကောင်းဆုံးသော သူ တစ်ယောက်ပါ။

သူနဲ့ တစ်သင်းတည်း ကစားရတာက ပြိုင်ဘက်အသင်းမှာ ရင်ဆိုင်ရတာထက် အများကြီး ပိုကောင်းတယ် ဆိုတာ သေချာပေါက် ပြောနိုင်ပါတယ်။ သူက သူကစားရတဲ့ အသင်းအပေါ် ကြီးမားတဲ့ ခြားနားမှု ဖြစ်စေတယ်လေ။

ချန်ပီယံလိဂ်မှာ သူ လုပ်ပြခဲ့တာတွေကိုလည်း ကြည့်လိုက်ဦး။ မန်ချက်စတာ ယူနိုက်တက်ဟာ သူ မပါရင် ၁၆ သင်း အဆင့် ရောက်လာမယ် ထင်လား။ နိုးပါ။ ” လို့ ဒါမီရယ်က ပြောဆိုခဲ့ပါတယ်။

ချန်ပီယံလိဂ်မှာ အုပ်စုတက်ပြီး ရှုံးထွက် အဆင့် ရောက်သွားတဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ ဒီအဆင့်မှာ အက်သလက်တီကို မက်ဒရစ်နဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ဒီရာသီ ချန်ပီယံလိဂ် ၅ ပွဲ ပါဝင် ကစားခဲ့ရာမှာ ၆ ဂိုး ထိ သွင်းယူထားပါတယ်။

Zawgyi

မန္ခ်က္စတာ ယူနိုက္တက္ဟာ ဒီရာသီမွာ ခရစၥတီယာနို ေရာ္နယ္ဒိုသာ မရွိရင္ အုပ္စုကေန တက္ျပီး ၁၆သင္း ရံႈးထြက္ အဆင့္ကိုေတာင္ ေရာက္လာမွာ မဟုတ္ေၾကာင္း အတၱလႏၱာ ခံစစ္သမား မီရာ ဒါမီရယ္ ေျပာဆိုလိုက္ပါတယ္။ ဒါမီရယ္ဟာ ခရစၥတီယာနို ေရာ္နယ္ဒိုနဲ႔ အတူ ဂ်ဴဗင္တပ္မွာ ၃နွစ္တာ ကစားဖူးတဲ့ အသင္းေဖာ္ေဟာင္း ျဖစ္ပါတယ္။

” ခရစၥတီယာနို နဲ႕ က်ေနာ့္ ၾကားမွာ ခိုင္မာတဲ့ ခင္မင္ရင္းနွီးမႈ ရွိပါတယ္။ သူက က်ေနာ့္ကိုဆို အျမဲ ကူညီတယ္။ Whatsapp မွာလည္း မၾကာ မၾကာ စကားေတြ ေျပာျဖစ္တုန္းပဲ။ သူက က်ေနာ္ ေတြ႔ဖူးသမွ်ထဲ အေကာင္းဆံုးေသာ သူ တစ္ေယာက္ပါ။

သူနဲ႕ တစ္သင္းတည္း ကစားရတာက ျပိဳင္ဘက္အသင္းမွာ ရင္ဆိုင္ရတာထက္ အမ်ားၾကီး ပိုေကာင္းတယ္ ဆိုတာ ေသခ်ာေပါက္ ေျပာနိုင္ပါတယ္။ သူက သူကစားရတဲ့ အသင္းအေပၚ ၾကီးမားတဲ့ ျခားနားမႈ ျဖစ္ေစတယ္ေလ။

ခ်န္ပီယံလိဂ္မွာ သူ လုပ္ျပခဲ့တာေတြကိုလည္း ၾကည့္လိုက္ဦး။ မန္ခ်က္စတာ ယူနိုက္တက္ဟာ သူ မပါရင္ ၁၆ သင္း အဆင့္ ေရာက္လာမယ္ ထင္လား။ နိုးပါ။ ” လို႔ ဒါမီရယ္က ေျပာဆိုခဲ့ပါတယ္။

ခ်န္ပီယံလိဂ္မွာ အုပ္စုတက္ျပီး ရံႈးထြက္ အဆင့္ ေရာက္သြားတဲ့ မန္ခ်က္စတာ ယူနိုက္တက္ဟာ ဒီအဆင့္မွာ အက္သလက္တီကို မက္ဒရစ္နဲ႕ ရင္ဆိုင္ ကစားရမွာ ျဖစ္ပါတယ္။ ေရာ္နယ္ဒိုဟာ ဒီရာသီ ခ်န္ပီယံလိဂ္ ၅ ပြဲ ပါဝင္ ကစားခဲ့ရာမွာ ၆ ဂိုး ထိ သြငး္ယူထားပါတယ္။