ရူးလောက်စရာ ခြေစွမ်းနဲ့ သူ့ အသင်းဖော်က ကမ္ဘာ့ အကောင်းဆုံးပဲလို့ ဂုဏ်တင်ချီးကျူးခဲ့တဲ့ အာနိုးလ်
လီဗာပူးအသင်းရဲ့ အဓိက ညာနောက်ခံလူ အာနိုးလ် ကတော့ သူ့ရဲ့ အသင်းဖော် တိုက်စစ်မှူး မိုဟာမက် ဆာလာဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်ကြောင်း လီဗာပူး ၃-၁ နယူးကာဆယ် ပွဲစဉ်အပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။
လီဗာပူးအသင်းဟာ မနေ့ညက ပွဲမှာ နယူးကာဆယ်အသင်းကို အိမ်ကွင်း အန်ဖီးလ်မှာ ဧည့်ခံကစားခဲ့ရာ ဂျိုတာ ၊ ဆာလာနဲ့ အာနိုးလ်တို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ ဂိုးပြတ်နိုင်ပွဲ တပွဲ ရခဲ့ကာ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ရှိနေတဲ့ မန်ချက်စတာ စီးတီးအသင်းကို ထပ်ကြပ်မကွာ ဖိအားပေး ကစားနိုင်ခဲ့ပါတယ်။

အဆိုပါပွဲစဉ်မှာ လီဗာပူးအသင်း အတွက် ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့တဲ့ မိုဟာမက် ဆာလာ ကတော့ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၁၅ပွဲစလုံးမှာ အသင်းအတွက် သွင်းဂိုး ဒါမှမဟုတ် ဂိုးဖန်တီးမှုတွေ ပြုလုပ်ပေးနိုင်ခဲ့တဲ့ စံချိန်ကိုလည်း ရရှိခဲ့ပါတယ်။
လီဗာပူး ၃-၁ နယူးကာဆယ် ပွဲစဉ်အပြီးမှာ အာနိုးလ်က မိုဟာမက် ဆာလာဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်ကြောင်း ချီးကျူးသွားခဲ့တာ ဖြစ်ပြီး မိုဟာမက် ဆာလာရဲ့ ခြေစွမ်းတွေက ရူးလောက်စရာ ကောင်းကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
အာနိုးလ်က – “ဆာလာက လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမားပါ။ ဒါက အကြောင်းမဲ့ ပြောတာ မဟုတ်ပါဘူး။ သူ့ရဲ့ သွင်းဂိုးတွေ ၊ ဂိုးဖန်တီးမှုတွေနဲ့ အသင်းအတွက် သူ့ရဲ့ ပေးဆပ်မှုတွေကြောင့် ဒီလိုပြောရတာပါ။ သူ့ရဲ့ ခြေစွမ်းက တပွဲထက် တပွဲ ပိုပိုပြီး ကောင်းလာပါတယ်။ သူက အရမ်းကို ကောင်းတဲ့ ဘောလုံးရာသီ တခု ရရှိထားပါတယ်။ ပြီးတော့ ကျွန်တော့်အထင် သူ့ရဲ့ စိတ်ထဲမှာလည်း ရှိသမျှ စံချိန်တွေ အားလုံးကို ရိုက်ချိုးပစ်မယ် လို့ တွေးထားပုံပါပဲ” လို့ ပြောကြားခဲ့တာပါ။
အသက် ၂၉နှစ် အရွယ် အီဂျစ် အသင်းခေါင်းဆောင် မိုဟာမက် ဆာလာဟာ ယခုနှစ် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမား အဖြစ် ခြေစွမ်းပြထားသူ တဦး ဖြစ်ပြီး ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ၁၇ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၅ဂိုး အထိ သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၉ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။

ZG
လီဗာပူးအသင္းရဲ႕ အဓိက ညာေနာက္ခံလူ အာႏိုးလ္ ကေတာ့ သူ႔ရဲ႕ အသင္းေဖာ္ တိုက္စစ္မႉး မိုဟာမက္ ဆာလာဟာ လက္ရွိ ကမာၻ႔အေကာင္းဆုံး ကစားသမား ျဖစ္ေၾကာင္း လီဗာပူး ၃-၁ နယူးကာဆယ္ ပြဲစဥ္အၿပီးမွာ ထုတ္ေဖာ္ ေျပာၾကားသြားခဲ့ပါတယ္။
လီဗာပူးအသင္းဟာ မေန႔ညက ပြဲမွာ နယူးကာဆယ္အသင္းကို အိမ္ကြင္း အန္ဖီးလ္မွာ ဧည့္ခံကစားခဲ့ရာ ဂ်ိဳတာ ၊ ဆာလာနဲ႔ အာႏိုးလ္တို႔ရဲ႕ သြင္းဂိုးေတြနဲ႔ အတူ ဂိုးျပတ္ႏိုင္ပြဲ တပြဲ ရခဲ့ကာ အမွတ္ေပးဇယားရဲ႕ ထိပ္ဆုံးမွာ ရွိေနတဲ့ မန္ခ်က္စတာ စီးတီးအသင္းကို ထပ္ၾကပ္မကြာ ဖိအားေပး ကစားႏိုင္ခဲ့ပါတယ္။
အဆိုပါပြဲစဥ္မွာ လီဗာပူးအသင္း အတြက္ ဦးေဆာင္ဂိုးကို သြင္းယူေပးႏိုင္ခဲ့တဲ့ မိုဟာမက္ ဆာလာ ကေတာ့ ေနာက္ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ၁၅ပြဲစလုံးမွာ အသင္းအတြက္ သြင္းဂိုး ဒါမွမဟုတ္ ဂိုးဖန္တီးမႈေတြ ျပဳလုပ္ေပးႏိုင္ခဲ့တဲ့ စံခ်ိန္ကိုလည္း ရရွိခဲ့ပါတယ္။
လီဗာပူး ၃-၁ နယူးကာဆယ္ ပြဲစဥ္အၿပီးမွာ အာႏိုးလ္က မိုဟာမက္ ဆာလာဟာ လက္ရွိ ကမာၻ႔အေကာင္းဆုံး ကစားသမား ျဖစ္ေၾကာင္း ခ်ီးက်ဴးသြားခဲ့တာ ျဖစ္ၿပီး မိုဟာမက္ ဆာလာရဲ႕ ေျခစြမ္းေတြက ႐ူးေလာက္စရာ ေကာင္းေၾကာင္း ထုတ္ေဖာ္ ေျပာၾကားခဲ့ပါတယ္။
အာႏိုးလ္က – “ဆာလာက လက္ရွိ ကမာၻ႔အေကာင္းဆုံး ကစားသမားပါ။ ဒါက အေၾကာင္းမဲ့ ေျပာတာ မဟုတ္ပါဘူး။ သူ႔ရဲ႕ သြင္းဂိုးေတြ ၊ ဂိုးဖန္တီးမႈေတြနဲ႔ အသင္းအတြက္ သူ႔ရဲ႕ ေပးဆပ္မႈေတြေၾကာင့္ ဒီလိုေျပာရတာပါ။ သူ႔ရဲ႕ ေျခစြမ္းက တပြဲထက္ တပြဲ ပိုပိုၿပီး ေကာင္းလာပါတယ္။ သူက အရမ္းကို ေကာင္းတဲ့ ေဘာလုံးရာသီ တခု ရရွိထားပါတယ္။ ၿပီးေတာ့ ကြၽန္ေတာ့္အထင္ သူ႔ရဲ႕ စိတ္ထဲမွာလည္း ရွိသမွ် စံခ်ိန္ေတြ အားလုံးကို ႐ိုက္ခ်ိဳးပစ္မယ္ လို႔ ေတြးထားပုံပါပဲ” လို႔ ေျပာၾကားခဲ့တာပါ။
အသက္ ၂၉ႏွစ္ အ႐ြယ္ အီဂ်စ္ အသင္းေခါင္းေဆာင္ မိုဟာမက္ ဆာလာဟာ ယခုႏွစ္ ေဘာလုံးရာသီမွာ ပရီးမီးယားလိဂ္ၿပိဳင္ပြဲရဲ႕ အေကာင္းဆုံး ကစားသမား အျဖစ္ ေျခစြမ္းျပထားသူ တဦး ျဖစ္ၿပီး ပရီးမီးယားလိဂ္ ၿပိဳင္ပြဲမွာ ၁၇ပြဲ ပါဝင္ ကစားေပးထားရာ သြင္းဂိုး ၁၅ဂိုး အထိ သြင္းယူထားႏိုင္ကာ ဂိုးဖန္တီးမႈ ၉ႀကိမ္ အထိ ျပဳလုပ္ႏိုင္ခဲ့ပါတယ္။