ယူရို သန်း ၄ဝ တန် ကစားသမားကို ကနဦး အငှားနဲ့ ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ အာဆင်နယ် အသင်း
အာဆင်နယ် အသင်းဟာ လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ သူတို့အသင်းရဲ့ အားနည်းချက် တခု ဖြစ်တဲ့ ကွင်းလယ်ပိုင်းကို အားဖြည့်ဖို့ ဂျူဗင်တပ်အသင်း ကနေ ထွက်ခွာဖို့ စိုင်းပြင်းနေတဲ့ ဘရာဇီးလ် ကွင်းလယ်လူ အာသာ မယ်လိုကို ရာသီဝက် အငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။
အသက် ၂၅နှစ် အရွယ် ဘရာဇီးလ် ကွင်းလယ်လူ အာသာ မယ်လိုဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ ဘာစီလိုနာအသင်း ကနေ ဂျူဗင်တပ် အသင်းထံ ပြောင်းရွှေ့လာသူပါ။ ဘာစီလိုနာအသင်းမှာ ရှိနေစဉ်က ဥရောပရဲ့ အကောင်းဆုံး ကွင်းလယ်လူတွေထဲက တဦး အဖြစ် ခြေစွမ်းပြနိုင်ခဲ့ပေမယ့် ဂျူဗင်တပ် အသင်းထံ ရောက်ရှိပြီးချိန် မှာတော့ ပုံမှန် ပွဲထွက်ခွင့် ရရှိဖို့ပါ ရုန်းကန်နေရပါတယ်။
ဒါကြောင့်ပဲ ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အသင်းနဲ့အတူ ဝင်ရောက် ယှဉ်ပြိုင်ချင်နေတဲ့ အာသာ မယ်လိုက ဇန်နဝါရီလ အပြောင်းအရွှေ့မှာပဲ အသင်းပြောင်းဖို့ ဆုံးဖြတ်ထားပြီး ဂျူဗင်တပ်အသင်းထံလည်း အသင်းပြောင်းခွင့် တောင်းခံထားပါတယ်။
နာမည်ကြီး အီတလီ သတင်းဌာန အဆို အရ အာဆင်နယ်အသင်းဟာ အာသာ မယ်လိုကို ခေါ်ယူဖို့ စတင် ချိတ်ဆက် နေပြီး ရာသီကုန်မှာ အပြီးသတ် ခေါ်ယူခွင့်ပါတဲ့ ရာသီဝက် ကနဦးအငှားနဲ့ ကမ်းလှမ်းဖို့ စီစဉ်နေကြောင်း သိရပါတယ်။
ဂျူဗင်တပ် အသင်းကလည်း အသင်းရဲ့နည်းပြ အယ်လီဂရီနဲ့ ဆက်ဆံရေး အဆင်မပြေတဲ့ အာသာ မယ်လိုကို ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားပြီး အာသာ မယ်လို အတွက် ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း ဝန်းကျင် လိုချင်နေပါတယ်။

ZG
အာဆင္နယ္ အသင္းဟာ လာမယ့္ ဇန္နဝါရီလ အေျပာင္းအေ႐ႊ႕မွာ သူတို႔အသင္းရဲ႕ အားနည္းခ်က္ တခု ျဖစ္တဲ့ ကြင္းလယ္ပိုင္းကို အားျဖည့္ဖို႔ ဂ်ဴဗင္တပ္အသင္း ကေန ထြက္ခြာဖို႔ စိုင္းျပင္းေနတဲ့ ဘရာဇီးလ္ ကြင္းလယ္လူ အာသာ မယ္လိုကို ရာသီဝက္ အငွားနဲ႔ ေခၚယူဖို႔ စိတ္ဝင္စားေနေၾကာင္း အီတလီ အေျခစိုက္ သတင္းဌာနေတြက ေဖာ္ျပ သြားၾကပါတယ္။
အသက္ ၂၅ႏွစ္ အ႐ြယ္ ဘရာဇီးလ္ ကြင္းလယ္လူ အာသာ မယ္လိုဟာ ၿပီးခဲ့တဲ့ ေႏြရာသီ အေျပာင္းအေ႐ႊ႕ကမွ ဘာစီလိုနာအသင္း ကေန ဂ်ဴဗင္တပ္ အသင္းထံ ေျပာင္းေ႐ႊ႕လာသူပါ။ ဘာစီလိုနာအသင္းမွာ ရွိေနစဥ္က ဥေရာပရဲ႕ အေကာင္းဆုံး ကြင္းလယ္လူေတြထဲက တဦး အျဖစ္ ေျခစြမ္းျပႏိုင္ခဲ့ေပမယ့္ ဂ်ဴဗင္တပ္ အသင္းထံ ေရာက္ရွိၿပီးခ်ိန္ မွာေတာ့ ပုံမွန္ ပြဲထြက္ခြင့္ ရရွိဖို႔ပါ ႐ုန္းကန္ေနရပါတယ္။
ဒါေၾကာင့္ပဲ ၂၀၂၂ခုႏွစ္ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ဘရာဇီးလ္အသင္းနဲ႔အတူ ဝင္ေရာက္ ယွဥ္ၿပိဳင္ခ်င္ေနတဲ့ အာသာ မယ္လိုက ဇန္နဝါရီလ အေျပာင္းအေ႐ႊ႕မွာပဲ အသင္းေျပာင္းဖို႔ ဆုံးျဖတ္ထားၿပီး ဂ်ဴဗင္တပ္အသင္းထံလည္း အသင္းေျပာင္းခြင့္ ေတာင္းခံထားပါတယ္။
နာမည္ႀကီး အီတလီ သတင္းဌာန အဆို အရ အာဆင္နယ္အသင္းဟာ အာသာ မယ္လိုကို ေခၚယူဖို႔ စတင္ ခ်ိတ္ဆက္ ေနၿပီး ရာသီကုန္မွာ အၿပီးသတ္ ေခၚယူခြင့္ပါတဲ့ ရာသီဝက္ ကနဦးအငွားနဲ႕ ကမ္းလွမ္းဖို႔ စီစဥ္ေနေၾကာင္း သိရပါတယ္။
ဂ်ဴဗင္တပ္ အသင္းကလည္း အသင္းရဲ႕နည္းျပ အယ္လီဂရီနဲ႔ ဆက္ဆံေရး အဆင္မေျပတဲ့ အာသာ မယ္လိုကို ေရာင္းထုတ္ဖို႔ ဆုံးျဖတ္ထားၿပီး အာသာ မယ္လို အတြက္ ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၄၀သန္း ဝန္းက်င္ လိုခ်င္ေနပါတယ္။