ချဲလ်ဆီးအတွက် ခေါ်ပေးဖို့ နည်းပြတူချယ် ကိုယ်တိုင် အသင်းပိုင်ရှင်ထံ ပူဆာထားရတဲ့ ကစားသမား

ချဲလ်ဆီးအသင်းနည်းပြ တူချယ်က ဘယ်နောက်ခံလူနေရာအတွက် သီယိုဟာနန်ဒက်ဇ်ကို ခေါ်ပေးဖို့ အီဘရာမိုဗစ်ထံ တောင်းဆိုထားတယ် လို့ သတင်းတွေက ဆိုပါတယ်။

ချဲလ်ဆီးဟာ ဘန်ချီဝဲလ်ဒဏ်ရာရရှိခဲ့တာကြောင့် ဘယ်နောက်ခံလူ နေရာအတွက် အပူတပြင်းရှာဖွေဖို့ ပြင်ဆင်လာတာ ဖြစ်ပါတယ်။ တူချယ်ရဲ့ချဲလ်ဆီးဟာ ကြာသပတေးညတုန်းက အဲဗာတန်ကို သရေသာကန်နိုင်ခဲ့ပြီး ချန်ပီယံဆုအတွက် ထိခိုက်မှုတွေရှိလာကာာ တူချယ်က ဘန်ချီဝဲလ်ပြန်လာမယ့်ရက်ကိုစောင့်ဖို့ မဖြစ်နိုင်ဘူးလို့ ဆိုခဲ့ပါတယ်။

နောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းတွေအရ ချဲလ်ဆီး နည်းပြ တူချယ်ဟာ ဟာ အသင်းပိုင်ရှင် မိုဗစ်ထံ ဘယ်နောက်ခံလူ နေရာ ဝယ်ယူ အားဖြည့်ဖို့ တောင်းဆိုထားတယ်လို့ ဖော်ပြခဲ့ပါတယ်။

တူချယ်ဟာ ဟာနန်ဒက်ဇ်ရဲ့ စွမ်းဆောင်ရည်ကို သဘောကျနေပြီး ကမ္ဘာ့အကောင်းဆုံး ဘယ်နောက်ခံလူ အဖြစ် သတ်မှတ်ခံထားရပါတယ်။

ဟာနန်ဒက်ဇ်ဟာ ရီးရဲလ်မက်ဒရစ် အသင်းမှာ နေရာမရခဲ့ပြီးနောက် ၂၀၁၉ မှာ မီလန်ကို ရောက်လာခဲ့ကာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် ပြင်သစ်အသင်းက ခေါ်ယူခြင်းခံခဲ့ရပါတယ်။

ZG

ခ်ဲလ္ဆီးအသင္းနည္းျပ တူခ်ယ္က ဘယ္ေနာက္ခံလူေနရာအတြက္ သီယိုဟာနန္ဒက္ဇ္ကို ေခၚေပးဖို႔ အီဘရာမိုဗစ္ထံ ေတာင္းဆိုထားတယ္ လို႔ သတင္းေတြက ဆိုပါတယ္။

ခ်ဲလ္ဆီးဟာ ဘန္ခ်ီဝဲလ္ဒဏ္ရာရရွိခဲ့တာေၾကာင့္ ဘယ္ေနာက္ခံလူ ေနရာအတြက္ အပူတျပင္းရွာေဖြဖို႔ ျပင္ဆင္လာတာ ျဖစ္ပါတယ္။ တူခ်ယ္ရဲ႕ခ်ဲလ္ဆီးဟာ ၾကာသပေတးညတုန္းက အဲဗာတန္ကို သေရသာကန္ႏိုင္ခဲ့ၿပီး ခ်န္ပီယံဆုအတြက္ ထိခိုက္မႈေတြရွိလာကာာ တူခ်ယ္က ဘန္ခ်ီဝဲလ္ျပန္လာမယ့္ရက္ကိုေစာင့္ဖို႔ မျဖစ္ႏိုင္ဘူးလို႔ ဆိုခဲ့ပါတယ္။

ေနာက္ဆံုး ထြက္ေပၚလာတဲ့ သတင္းေတြအရ ခ်ဲလ္ဆီး နည္းျပ တူခ်ယ္ဟာ ဟာ အသင္းပိုင္ရွင္ မိုဗစ္ထံ ဘယ္ေနာက္ခံလူ ေနရာ ဝယ္ယူ အားျဖည့္ဖို႔ ေတာင္းဆိုထားတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

တူခ်ယ္ဟာ ဟာနန္ဒက္ဇ္ရဲ႕ စြမ္းေဆာင္ရည္ကို သေဘာက်ေနၿပီး ကမာၻ႔အေကာင္းဆုံး ဘယ္ေနာက္ခံလူ အျဖစ္ သတ္မွတ္ခံထားရပါတယ္။

ဟာနန္ဒက္ဇ္ဟာ ရီးရဲလ္မက္ဒရစ္ အသင္းမွာ ေနရာမရခဲ့ၿပီးေနာက္ ၂၀၁၉ မွာ မီလန္ကို ေရာက္လာခဲ့ကာ ေျခစြမ္းေကာင္းေတြ ျပသႏိုင္ခဲ့တာေၾကာင့္ ျပင္သစ္အသင္းက ေခၚယူျခင္းခံခဲ့ရပါတယ္။