ကစားသမား ၇ ယောက် ကိုဗစ်ထိနေပေမယ့် ပွဲရွှေ့မပေးလို့ ဒေါသထွက်နေတဲ့ ချဲလ်ဆီး နည်းပြတူချယ်

ချဲလ်ဆီး အသင်းမှာ ကိုဗစ်ကူးစက်ခံရထားရတဲ့သူ ၇ ဦးရှိတာကြောင့် ဝုလ်ဗာဟမ်တန်နဲ့ ကစားမယ့်ပွဲကို ရွှေ့ဆိုင်းဖို့ တောင်းဆိုခဲ့ပေမယ့် ပရီးမီယားလိဂ်တာဝန်ရှိသူတွေက ပယ်ချခဲ့တာကြောင့် ချဲလ်ဆီးနည်းပြ တူချယ်အနေနဲ့ စိတ်ဆိုးဒေါသထွက်နေပြီး နားမလည်နိုင်အောင် ဖြစ်နေရတယ်လို့ သိရပါတယ်။

ချဲလ်ဆီးဟာ ဝုလ်ဗာဟမ်တန်နဲ့ ဂိုးမရှိသရေကျခဲ့တာကြောင့် အမှတ်ပေးဇယားထိပ်ဆုံးက မန်စီးတီးနဲ့ ၆ မှတ် အထိ ကွာဟသွားပြီး ချန်ပီယံဆုအတွက် ဖိအားပိုများသွားခဲ့တယ်လို့လည်း သတင်းတွေကဖော်ပြခဲ့ပါတယ်။

ဝုဗ်နဲ့ ပွဲမတိုင်ခင်မှာပဲ ချဲလ်ဆီးနည်းပြ တူချယ် က ” အသင်းရဲ့အခြေအနေကြောင့် ပွဲရွှေ့ဆိုင်းဖို့ တောင်းဆိုခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။ အသင်းမှာ ကိုဗစ်ကူးစက်ခံထားရတဲ့သူ ၇ ယောက်ရှိပေမယ့် ပွဲ မရွှေ့ပေးခဲ့တာကို နားမလည်နိုင် ဖြစ်ရသလို ဒေါသလည်း ထွက်မိပါတယ်။

အသင်းမှာ ၄ရက်ဆက်တိုက် ကိုဗစ်ကူးစက်ခံထားရသူတွေ ထွက်ပေါ်ခဲ့တာကြောင့် အားလုံးရဲ့ကျန်းမာရေးအတွက် ကျွန်တော်အနေနဲ့ စိတ်ပူမိပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

ဝုဗ်နဲ့ပွဲမှာတော့ ချဲလ်ဆီးအသင်းဟာ လူငယ်တွေ၊ ဒဏ်ရာကနေ သက်သာလာတဲ့ ကစားသမားတွေကိုပါ ပွဲနေ့ လူစာရင်း အတွင်း ခေါ်ယူလာခဲ့ရတယ်။ ကစားသမားအချို့ကို ပုံမှန် မဟုတ်တဲ့ နေရာတွေမှာပါ ပြောင်းကစားစေခဲ့ရပြီး အဆုံး မှာတော့ ဂိုးမရှိ သရေရလဒ်နဲ့ အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။

ZG

ခ်ဲလ္ဆီး အသင္းမွာ ကိုဗစ္ကူးစက္ခံရထားရတဲ့သူ ၇ ဦးရွိတာေၾကာင့္ ဝုလ္ဗာဟမ္တန္နဲ႔ ကစားမယ့္ပြဲကို ေ႐ႊ႕ဆိုင္းဖို႔ ေတာင္းဆိုခဲ့ေပမယ့္ ပရီးမီယားလိဂ္တာဝန္ရွိသူေတြက ပယ္ခ်ခဲ့တာေၾကာင့္ ခ်ဲလ္ဆီးနည္းျပ တူခ်ယ္အေနနဲ႔ စိတ္ဆိုးေဒါသထြက္ေနၿပီး နားမလည္ႏိုင္ေအာင္ ျဖစ္ေနရတယ္လို႔ သိရပါတယ္။

ခ်ဲလ္ဆီးဟာ ဝုလ္ဗာဟမ္တန္နဲ႔ ဂိုးမရွိသေရက်ခဲ့တာေၾကာင့္ အမွတ္ေပးဇယားထိပ္ဆုံးက မန္စီးတီးနဲ႔ ၆ မွတ္ အထိ ကြာဟသြားၿပီး ခ်န္ပီယံဆုအတြက္ ဖိအားပိုမ်ားသြားခဲ့တယ္လို႔လည္း သတင္းေတြကေဖာ္ျပခဲ့ပါတယ္။

ဝုဗ္နဲ႔ ပြဲမတိုင္ခင္မွာပဲ ခ်ဲလ္ဆီးနည္းျပ တူခ်ယ္ က ” အသင္းရဲ႕အေျခအေနေၾကာင့္ ပြဲေ႐ႊ႕ဆိုင္းဖို႔ ေတာင္းဆိုခဲ့ေပမယ့္ ပယ္ခ်ခံခဲ့ရပါတယ္။ အသင္းမွာ ကိုဗစ္ကူးစက္ခံထားရတဲ့သူ ၇ ေယာက္ရွိေပမယ့္ ပြဲ မေ႐ႊ႕ေပးခဲ့တာကို နားမလည္ႏိုင္ ျဖစ္ရသလို ေဒါသလည္း ထြက္မိပါတယ္။

အသင္းမွာ ၄ရက္ဆက္တိုက္ ကိုဗစ္ကူးစက္ခံထားရသူေတြ ထြက္ေပၚခဲ့တာေၾကာင့္ အားလုံးရဲ႕က်န္းမာေရးအတြက္ ကြၽန္ေတာ္အေနနဲ႔ စိတ္ပူမိပါတယ္” လို႔ ေျပာဆိုခဲ့ပါတယ္။

ဝုဗ္နဲ႔ပြဲမွာေတာ့ ခ်ဲလ္ဆီးအသင္းဟာ လူငယ္ေတြ၊ ဒဏ္ရာကေန သက္သာလာတဲ့ ကစားသမားေတြကိုပါ ပြဲေန႔ လူစာရင္း အတြင္း ေခၚယူလာခဲ့ရတယ္။ ကစားသမားအခ်ိဳ႔ကို ပံုမွန္ မဟုတ္တဲ့ ေနရာေတြမွာပါ ေျပာင္းကစားေစခဲ့ရျပီး အဆံုး မွာေတာ့ ဂိုးမရွိ သေရရလဒ္နဲ႔ အဆံုးသတ္ခဲ့တာ ျဖစ္ပါတယ္။