ဒေါ့မွန် အသင်းပရိသတ်တွေကို အပြီး နှုတ်ဆက်သွားခဲ့ပြီလား မေးခွန်းထုတ်ခံရတဲ့ ဟာလန်း

ဒေါ့မွန်အသင်းနဲ့ အတူ ခြေစွမ်းပြနိုင်မှုကြောင့် ဥရောပကလပ်အသင်းကြီးတွေရဲ့ ခေါ်ယူဖို့ စောင့်ကြည့်ခြင်းခံနေရတဲ့ လူငယ်တိုက်စစ်မှူး ဟာလန်းက ဒေါ့မွန်အသင်းပရိသတ်တွေကို အပြီး နှုတ်ဆက်ဟန် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

လာမယ့် နွေရာသီမှာ ဟာလန်းရဲ့စာချုပ်ပါ လျော်ကြေးဖြစ်တဲ့ ပေါင် ၆၄ သန်းက စတင်အကျုံးဝင်မှာ ဖြစ်ပေမယ့် ဒီ ဇန်နဝါရီ အပြောင်းအရွှေ့မှာပဲ ဟာလန်းအနေနဲ့ အသင်းပြောင်းရွှေ့ဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။

ဒေါ့မွန်အသင်း တိုက်စစ်မှူး အာလင်းဟာလန်းဟာ ပရိသတ်တွေကို လက်ဝှေ့ယမ်းပြ နှုတ်ဆက်ခဲ့တာကြောင့် အသင်း ကနေ သူ ထွက်ခွာတော့မယ်ဆိုတာကို အချက်ပြလိုက်တာဖြစ်တယ်လို့ ဆိုနေကြပါတယ်။

ဒေါ့မွန်ဟာပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အိမ်ကွင်းမှာ ဂရူသာဖတ်ကို ၃-၀ နဲ့နိုင်ခဲ့ပြီး ဒီပွဲဟာသူတို့အတွက် ၂၀၂၁ ထဲမှာ နောက်ဆုံး အိမ်ကွင်းပွဲလည်း ဖြစ်ပါတယ်။ ဘွန်ဒက်လီဂါဟာ ဆောင်းရာသီနားရက်အဖြစ် ရပ်နားသွားပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီပထမအပတ်မှ ပြန်လည်ကစားမှာ ဖြစ်ပါတယ်။

ဟာလန်းရဲ့ အဲဒီလို လက်ပြ နှုတ်ဆက်မှုကို ဂျာမနီသတင်းတွေမှာ အရေးတယူဖော်ပြနေကြပြီး ကလပ် တာဝန်ရှိသူတွေ ကိုလည်း ဟာလန်းရဲ့ ပြုမူပုံနဲ့ပတ်သက်လို့ မေးခွန်းတွေ မေးမြန်းခဲ့ကြပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဒေါ့မွန် အားကစားဒါရိုက်တာဖြစ်တဲ့ မိုက်ကယ်ဇော့က ” သူနဲ့ စကားပြောဖြစ်ခဲ့ပါတယ်။ ဘာကြောင့်ဒီလိုလုပ်တာလဲလို့မေးတော့ ဟာလန်းက ဒီအတိုင်းပဲ လက်ပြ နှုတ်ဆက်ခဲ့တာပါလို့ ပြန်ပြောခဲ့ပါတယ်။” လို့ ပြောခဲ့ပါတယ်။

ဟာလန်းကို စီရော်နယ်ဒိုရဲ့နေရာကို ဆက်ခံမယ့်သူအဖြစ် ယူနိုက်တက်အသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေသလို မန်စီးတီး၊ ရီးရဲလ်၊ ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်အသင်းတွေကလည်း စိတ်ဝင်စားနေကြ ပါတယ်။

ZG

ေဒါ့မြန္အသင္းနဲ႕ အတူ ေျခစြမ္းျပႏိုင္မႈေၾကာင့္ ဥေရာပကလပ္အသင္းႀကီးေတြရဲ႕ ေခၚယူဖို႔ ေစာင့္ၾကည့္ျခင္းခံေနရတဲ့ လူငယ္တိုက္စစ္မႉး ဟာလန္းက ေဒါ့မြန္အသင္းပရိသတ္ေတြကို အျပီး ႏႈတ္ဆက္ဟန္ ျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။

လာမယ့္ ေႏြရာသီမွာ ဟာလန္းရဲ႕စာခ်ဳပ္ပါ ေလ်ာ္ေၾကးျဖစ္တဲ့ ေပါင္ ၆၄ သန္းက စတင္အက်ဳံးဝင္မွာ ျဖစ္ေပမယ့္ ဒီ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕မွာပဲ ဟာလန္းအေနနဲ႔ အသင္းေျပာင္းေ႐ႊ႕ဖို႔ ရွိေနတယ္လို႔လည္း သိရပါတယ္။

ေဒါ့မြန္အသင္း တိုက္စစ္မႉး အာလင္းဟာလန္းဟာ ပရိသတ္ေတြကို လက္ေဝွ႔ယမ္းျပ ႏႈတ္ဆက္ခဲ့တာေၾကာင့္ အသင္း ကေန သူ ထြက္ခြာေတာ့မယ္ဆိုတာကို အခ်က္ျပလိုက္တာျဖစ္တယ္လို႔ ဆိုေနၾကပါတယ္။

ေဒါ့မြန္ဟာၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔က အိမ္ကြင္းမွာ ဂ႐ူသာဖတ္ကို ၃-၀ နဲ႔ႏိုင္ခဲ့ၿပီး ဒီပြဲဟာသူတို႔အတြက္ ၂၀၂၁ ထဲမွာ ေနာက္ဆုံး အိမ္ကြင္းပြဲလည္း ျဖစ္ပါတယ္။ ဘြန္ဒက္လီဂါဟာ ေဆာင္းရာသီနားရက္အျဖစ္ ရပ္နားသြားၿပီး ၂၀၂၂ ခုႏွစ္ ဇန္နဝါရီပထမအပတ္မွ ျပန္လည္ကစားမွာ ျဖစ္ပါတယ္။

ဟာလန္းရဲ႕ အဲဒီလို လက္ျပ ႏႈတ္ဆက္မႈကို ဂ်ာမနီသတင္းေတြမွာ အေရးတယူေဖာ္ျပေနၾကၿပီး ကလပ္ တာဝန္ရွိသူေတြ ကိုလည္း ဟာလန္းရဲ႕ ျပဳမူပုံနဲ႔ပတ္သက္လို႔ ေမးခြန္းေတြ ေမးျမန္းခဲ့ၾကပါတယ္။

ဒီျဖစ္ရပ္နဲ႔ ပတ္သက္ၿပီး ေဒါ့မြန္ အားကစားဒါ႐ိုက္တာျဖစ္တဲ့ မိုက္ကယ္ေဇာ့က ” သူနဲ႔ စကားေျပာျဖစ္ခဲ့ပါတယ္။ ဘာေၾကာင့္ဒီလိုလုပ္တာလဲလို႔ေမးေတာ့ ဟာလန္းက ဒီအတိုင္းပဲ လက္ျပ ႏႈတ္ဆက္ခဲ့တာပါလို႔ ျပန္ေျပာခဲ့ပါတယ္။” လို႔ ေျပာခဲ့ပါတယ္။

ဟာလန္းကို စီေရာ္နယ္ဒိုရဲ႕ေနရာကို ဆက္ခံမယ့္သူအျဖစ္ ယူႏိုက္တက္အသင္းကလည္း ေခၚယူဖို႔ စိတ္ဝင္စားေနသလို မန္စီးတီး၊ ရီးရဲလ္၊ ဘာစီလိုနာနဲ႔ ဘိုင္ယန္ျမဴးနစ္အသင္းေတြကလည္း စိတ္ဝင္စားေနၾက ပါတယ္။