လက်ရှိ အာဆင်နယ်ကို မန်ယူရဲ့ နာမည်ကျော် ၁၉၉၂ အဖွဲ့နဲ့ နှိုင်းယှဉ်ချီးကျူးလိုက်တဲ့ ပေါမာဆန်

အာဆင်နယ် အသင်းရဲ့ ကစားသမားဟောင်း တစ်ဦး ဖြစ်တဲ့ ပေါမာဆဆန် ကတော့ လက်ရှိ ဂန်းနား လူငယ် အစုအဖွဲ့ကို သဘောကျ နေပြီး ဒီအဖွဲ့ဟာ ၁၉၉၂ ခုနှစ် က မန်ချက်စတာ ယူနိုက်တက် အစုအဖွဲ့ လိုမျိုး အောင်မြင်မှုတွေ ရလာနိုင်တယ်လို့ စကိုင်းစပေါ့မှာ ပြောကြားသွားခဲ့ ပါတယ်။

” လက်ရှိ အာဆင်နယ် အသင်းမှာ ကောင်းမွန်တဲ့ အရာတစ်ချို့ ဖြစ်ပျက် နေပါတယ် ၊ လူငယ်တွေနဲ့ ပတ်သက်ပြီး ကောင်းမွန်တဲ့ အလားအလာ ရှိနေပါတယ်။ ရှေ့မှာ အန်ကီးတီးယား၊ တောင်ပံ တစ်ဖက်တစ်ချက်စီမှာ စမစ်ရို နဲ့ ဆာကာ သို့မဟုတ် မာတီနယ်လီ ၊ စမစ်ရို က နောက်ကိုလည်း ပြန်ဆင်းပေါ့ဗျာ။

ဒီလေးယောက်ရယ် ချာလီ ပါတီနို ရယ်ပေါ့ဗျာ၊ ဒီငါးယောက် က လာမယ့် ငါးနှစ် ၆ နှစ် ၇ နှစ်လောက်အထိ အာဆင်နယ် မှာ ရှိကြဦးမှာပါ၊ သူတို့ အစုအဖွဲ့က အရင်က မန်ယူနိုက်တက် အစုအဖွဲ့ လိုမျိုး ဖြစ်လာနိုင်ပါတယ်။ ” လို့ ပြောကြား သွားခဲ့ပါတယ်။

အာဆင်နယ် အသင်းရဲ့ဒီရာသီ ပရီးမီးယားလိဂ် သွင်းဂိုး ၂၇ ဂိုးမှာ ဂိုး ၂၀ ဟာ အသက် ၂၃ နှစ်နဲ့အောက် လူငယ်တွေ ဖြစ်ကြပါတယ်။ အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကာလမှာ ပရီးမီးယားလိဂ် ရဲ့ ငွေသုံး အကြမ်းဆုံး ဖြစ်ခဲ့ပြီး ခါ်ယူခဲ့တဲ့ ကစားသမားတွေဟာ အသက် ၂၃ နှစ် နဲ့ အောက်တွေပါ။

အာဆင်နယ်ဟာ အသင်းရဲ့အနာဂတ် အတွက် လူငယ်တွေကို ခေါ်ယူကာ အသင်းကို အခြေခိုင်အောင် တည်ဆောက် နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် အာဆင်နယ် အသင်း အကယ်ဒမီထွက် လူငယ် ကြယ်ပွင့်တွေ ဖြစ်ကြတဲ့ စမစ်ရို ၊ ဆာကာ တို့ဟာ အသင်းအတွက် အားထားရတဲ့ ကစားသမားတွေ ဖြစ်နေကြပြီ ဖြစ်ပါတယ်။

ZG

အာဆင္နယ္ အသင္းရဲ႕ ကစားသမားေဟာင္း တစ္ဦး ျဖစ္တဲ့ ေပါမာဆဆန္ ကေတာ့ လက္ရွိ ဂန္းနား လူငယ္ အစုအဖြဲ႕ကို သေဘာက် ေနၿပီး ဒီအဖြဲ႕ဟာ ၁၉၉၂ ခုႏွစ္ က မန္ခ်က္စတာ ယူႏိုက္တက္ အစုအဖြဲ႕ လိုမ်ိဳး ေအာင္ျမင္မႈေတြ ရလာႏိုင္တယ္လို႔ စကိုင္းစေပါ့မွာ ေျပာၾကားသြားခဲ့ ပါတယ္။

” လက္ရွိ အာဆင္နယ္ အသင္းမွာ ေကာင္းမြန္တဲ့ အရာတစ္ခ်ိဳ႕ ျဖစ္ပ်က္ ေနပါတယ္ ၊ လူငယ္ေတြနဲ႔ ပတ္သက္ၿပီး ေကာင္းမြန္တဲ့ အလားအလာ ရွိေနပါတယ္။ ေရွ႕မွာ အန္ကီးတီးယား၊ ေတာင္ပံ တစ္ဖက္တစ္ခ်က္စီမွာ စမစ္႐ို နဲ႔ ဆာကာ သို႔မဟုတ္ မာတီနယ္လီ ၊ စမစ္႐ို က ေနာက္ကိုလည္း ျပန္ဆင္းေပါ့ဗ်ာ။

ဒီေလးေယာက္ရယ္ ခ်ာလီ ပါတီႏို ရယ္ေပါ့ဗ်ာ၊ ဒီငါးေယာက္ က လာမယ့္ ငါးႏွစ္ ၆ ႏွစ္ ၇ ႏွစ္ေလာက္အထိ အာဆင္နယ္ မွာ ရွိၾကဦးမွာပါ၊ သူတို႔ အစုအဖြဲ႕က အရင္က မန္ယူႏိုက္တက္ အစုအဖြဲ႕ လိုမ်ိဳး ျဖစ္လာႏိုင္ပါတယ္။ ” လို႔ ေျပာၾကား သြားခဲ့ပါတယ္။

အာဆင္နယ္ အသင္းရဲ႕ဒီရာသီ ပရီးမီးယားလိဂ္ သြင္းဂိုး ၂၇ ဂိုးမွာ ဂိုး ၂၀ ဟာ အသက္ ၂၃ ႏွစ္နဲ႔ေအာက္ လူငယ္ေတြ ျဖစ္ၾကပါတယ္။ အာဆင္နယ္ အသင္းဟာ ၿပီးခဲ့တဲ့ ေႏြရာသီ အေျပာင္းအေ႐ႊ႕ကာလမွာ ပရီးမီးယားလိဂ္ ရဲ႕ ေငြသုံး အၾကမ္းဆုံး ျဖစ္ခဲ့ျပီး ခၚယူခဲ့တဲ့ ကစားသမားေတြဟာ အသက္ ၂၃ ႏွစ္ နဲ႔ ေအာက္ေတြပါ။

အာဆင္နယ္ဟာ အသင္းရဲ႕အနာဂတ္ အတြက္ လူငယ္ေတြကို ေခၚယူကာ အသင္းကို အေျခခိုင္ေအာင္ တည္ေဆာက္ ေနတာ ျဖစ္ပါတယ္။ ဒါ့အျပင္ အာဆင္နယ္ အသင္း အကယ္ဒမီထြက္ လူငယ္ ၾကယ္ပြင့္ေတြ ျဖစ္ၾကတဲ့ စမစ္႐ို ၊ ဆာကာ တို႔ဟာ အသင္းအတြက္ အားထားရတဲ့ ကစားသမားေတြ ျဖစ္ေနၾကျပီ ျဖစ္ပါတယ္။