ငွေသုံးပြီး အောင်မြင်မှုနဲ့ဖလားတွေ ဝယ်ဖို့ ဘောလောကထဲ ဝင်ခဲ့ပေမယ့် ထင်တိုင်းမပေါက်သေးတဲ့ နယူးကာဆယ်
နယူးကာဆယ်အသင်းဟာ ဆော်ဒီမင်းသား မိုဟာမက် ဘင်ဆယ်လ်မန် ပိုင်ရှင်သစ် ဖြစ်လာတဲ့နောက် ငွေကြေး အလုံးအရင်း သုံးပြီး ဘောလုံးလောကထဲမှာ အောင်မြင်မှုနဲ့ ဆုဖလားတွေ ရယူဖို့ ရည်မှန်းချက်ကြီး ထားလာခဲ့တာပါ။
ပိုင်ရှင်တွေဘက်ကနေ ငွေသုံးဖို့ အဆင်သင့်ရှိနေပေမယ့် နယူးကာဆယ်နဲ့ ဆော်ဒီအိမ်ရှေ့စံတို့ရဲ့ မျှော်လင့်ချက် တွေက ရေးရေးမှ မနီးစပ်နိုင်သေးဘဲ ဘောလုံးမှာအောင်မြင်မှုနဲ့ အဆင့်အတန်းကိုငွေနဲ့ ချက်ချင်းပြောင်းလဲပစ်နိုင်မှာ မဟုတ်ဘူး ဆိုတာကို သိရှိသွားပြီဖြစ်ပါတယ်။
တန်းဆင်းဇုန်ထဲ ရောက်နေတဲ့ နယူးကာဆယ်အသင်းဟာ လက်ရှိမှာ ကမ္ဘာကျော်တွေဖြစ်တဲ့ အမ် ဘာပေနဲ့ ဟာလန်း တို့ကို ခေါ်ယူဖို့မပြောနဲ့ လိုင်ယွန်အသင်းမှ ဘရာဇီး တိုက်စစ်မှူး လူးကပ်စ်ပါကီတာ ကို တောင် စည်းရုံး မရသေးပါဘူး။

လူးကပ်စ်ပါကီတာ ကို တစ်ပတ် လစာယူရို ၈၅၀၀၀၀ အထိ ပေးမယ်ဆိုတဲ့ မက်လုံးနဲ့ ကမ်းလှမ်းခဲ့ ပေမယ့် အောင်မြင်မှုမရခဲ့ဘဲ နယူးကာဆယ်က ကစားသမားရဲ့ ငြင်းပယ်ခြင်းကို ခံခဲ့ရပါတယ်။
ဒီပမာဏဟာ တစ်နှစ်လစာယူရို ၁၀ သန်းကျော်ထက်ပိုမိုများပြားပေမယ့် ဘောလုံးမှာ ငွေက အရာရာ မဟုတ်ဘူး ဆိုတာကို ပြသတဲ့ အနေနဲ့ ပါကီတာကငြင်းပယ်ခဲ့တာဖြစ်ပါတယ်။ ဘရာဇီးသားဟာ အသင်းပြောင်းချင်တာမှန်ပေမယ့် လိုင်ယွန်ထက် အဆင့် ပိုမိုမြင့်မားတဲ့ အသင်း တစ်သင်းသင်းကိုသာ ပြောင်းလိုတာဖြစ်ပါတယ်။ ပါကီတာ ဟာဒီရာသီမှာလိုင်ယွန်အတွက်ပြိုင်ပွဲအရပ်ရပ် ၂၁ ပွဲကစားပြီး ၇ ဂိုးသွင်းကာ ၄ ဂိုး ဖန်တီးပေးထားတာပါ။
ဒါကြောင့်လည်း နယူးကာဆယ်အသင်းရဲ့ ပိုင်ရှင် တစ်ဦးဖြစ်တဲ့ အမန်ဒါစတာဗီလီကက ”ဘာပေနဲ့ ဟာလန်းတို့ကို တကယ့် စူပါစတားတွေကို ခေါ်ဖို့ကတော့ လက်ရှိပုံစံနဲ့ မဖြစ်နိုင်သေးပါဘူး။ ကိုယ့်အသင်းက နာမည်ကျော်တွေကို ဘယ်လောက် အထိ စွဲဆောင်နိုင်ပြီလည်း ဆိုတာ ပြန်သုံးသပ်ရပါမယ်။
ဒါပေမယ့်တစ်ချိန်မှာတော့ အရည်အသွေးပိုင်းမြင့်မားတဲ့သူတွေကိုခေါ်ယူနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒီအတွက် အချိန်တော့ ယူရပါဦးမယ်” လို့ ပြောသွားတာပါ။

ZG
နယူးကာဆယ္အသင္းဟာ ေဆာ္ဒီမင္းသား မိုဟာမက္ ဘင္ဆယ္လ္မန္ ပိုင္ရွင္သစ္ ျဖစ္လာတဲ့ေနာက္ ေငြေၾကး အလံုးအရင္း သံုးျပီး ေဘာလံုးေလာကထဲမွာ ေအာင္ျမင္မႈနဲ႕ ဆုဖလားေတြ ရယူဖို႔ ရည္မွန္းခ်က္ၾကီး ထားလာခဲ့တာပါ။
ပိုင္ရွင္ေတြဘက္ကေန ေငြသုံးဖို႔ အဆင္သင့္ရွိေနေပမယ့္ နယူးကာဆယ္နဲ႕ ေဆာ္ဒီအိမ္ေရွ႕စံတို႔ရဲ႕ ေမွ်ာ္လင့္ခ်က္ေတြက ေရးေရးမွ မနီးစပ္နိုင္ေသးဘဲ ေဘာလုံးမွာေအာင္ျမင္မႈနဲ႔ အဆင့္အတန္းကိုေငြနဲ႔ ခ်က္ခ်င္းေျပာင္းလဲပစ္ႏိုင္မွာ မဟုတ္ဘူး ဆိုတာကို သိရွိသြားၿပီျဖစ္ပါတယ္။
တန္းဆင္းဇုန္ထဲ ေရာက္ေနတဲ့ နယူးကာဆယ္အသင္းဟာ လက္ရွိမွာ ကမာၻေက်ာ္ေတြျဖစ္တဲ့ အမ္ ဘာေပနဲ႔ ဟာလန္း တို႔ကို ေခၚယူဖို႔မေျပာနဲ႔ လိုင္ယြန္အသင္းမွ ဘရာဇီး တိုက္စစ္မႉး လူးကပ္စ္ပါကီတာ ကို ေတာင္ စည္းရံုး မရေသးပါဘူး။
လူးကပ္စ္ပါကီတာ ကို တစ္ပတ္ လစာယူ႐ို ၈၅၀၀၀၀ အထိ ေပးမယ္ဆိုတဲ့ မက္လုံးနဲ႔ ကမ္းလွမ္းခဲ့ ေပမယ့္ ေအာင္ျမင္မႈမရခဲ့ဘဲ နယူးကာဆယ္က ကစားသမားရဲ႕ ျငင္းပယ္ျခင္းကို ခံခဲ့ရပါတယ္။
ဒီပမာဏဟာ တစ္ႏွစ္လစာယူ႐ို ၁၀ သန္းေက်ာ္ထက္ပိုမိုမ်ားျပားေပမယ့္ ေဘာလုံးမွာ ေငြက အရာရာ မဟုတ္ဘူး ဆိုတာကို ျပသတဲ့ အေနနဲ႔ ပါကီတာကျငင္းပယ္ခဲ့တာျဖစ္ပါတယ္။ ဘရာဇီးသားဟာ အသင္းေျပာင္းခ်င္တာမွန္ေပမယ့္ လိုင္ယြန္ထက္ အဆင့္ ပိုမိုျမင့္မားတဲ့ အသင္း တစ္သင္းသင္းကိုသာ ေျပာင္းလိုတာျဖစ္ပါတယ္။ ပါကီတာ ဟာဒီရာသီမွာလိုင္ယြန္အတြက္ၿပိဳင္ပြဲအရပ္ရပ္ ၂၁ ပြဲကစားၿပီး ၇ ဂိုးသြင္းကာ ၄ ဂိုး ဖန္တီးေပးထားတာပါ။
ဒါေၾကာင့္လည္း နယူးကာဆယ္အသင္းရဲ႕ ပိုင္ရွင္ တစ္ဦးျဖစ္တဲ့ အမန္ဒါစတာဗီလီကက ”ဘာေပနဲ႔ ဟာလန္းတို႔ကို တကယ့္ စူပါစတားေတြကို ေခၚဖို႔ကေတာ့ လက္ရွိပုံစံနဲ႔ မျဖစ္ႏိုင္ေသးပါဘူး။ ကိုယ့္အသင္းက နာမည္ေက်ာ္ေတြကို ဘယ္ေလာက္ အထိ စြဲေဆာင္ႏိုင္ၿပီလည္း ဆိုတာ ျပန္သုံးသပ္ရပါမယ္။
ဒါေပမယ့္တစ္ခ်ိန္မွာေတာ့ အရည္အေသြးပိုင္းျမင့္မားတဲ့သူေတြကိုေခၚယူႏိုင္မယ္လို႔ ယုံၾကည္ပါတယ္။ ဒီအတြက္ အခ်ိန္ေတာ့ ယူရပါဦးမယ္” လို႔ ေျပာသြားတာပါ။