ငြင်းနေတဲ့ မီလန်ကိုဗစ်၊ မာရှယ် အခြေအနေ၊ ဟိုင်ဒါရာ၊ ကာဗာနီတို့နဲ့ ယနေ့ည မန်ယူ သတင်းများ
လာဇီယို ကွင်းလယ်လူ မီလင်ကိုဗစ် ဆာဗစ်ဟာ မန်ချက်စတာ ယူနိုက်တက်နဲ့ အပြောင်းအရွှေ့ အတွက် ချိတ်ဆက်မှု ရှိနေတယ်ဆိုတဲ့ သတင်းတွေကို ပယ်ချခဲ့ပါတယ်။
စကိုင်းစပေါ့ သတင်း အဆိုအရ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှုး မာရှယ်ဟာ လာမယ့် ရက်ပိုင်း အတွင်းမှာပဲ ၎င်း အနာဂတ်နဲ့ ပတ်သတ်ပြီး ယူနိုက်တက် နည်းပြ ရန်းနစ်နဲ့ ထိပ်တိုက်ပဲ ပြောဆိုဆွေးနွေးတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ ပြင်သစ်သားဟာ ဇန်နဝါရီမှာ မန်ချက်စတာကနေ ထွက်ခွာလိုနေပြီ ဖြစ်ပါတယ်။

လတ်တလောမှာ မာရှယ် အတွက် ဥရောပအသင်း ၃ သင်းခန့်က အပြိုင်ဖြစ်နေကြပြီး စီးရီးအေ ထိပ်သီးကလပ် ဂျူဗင်တပ်နဲ့ လာလီဂါကလပ်တွေဖြစ်ကြတဲ့ ဆီဗီလာနဲ့ ဘာစီလိုနာတို့က အပြိုင်ကြိုးပမ်းနေတာပါ။
အက်ဒ် ဝုဒ်ဝပ်ဟာ ရာထူးကနေ နှုတ်ထွက်မယ် ဆိုပေမယ့် အသင်းမှာ အကြံပေး ရာထူးနဲ့ လအတန်ကြာ ဆက်ရှိနေဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။ ၎င်းက လက်ထောက် ဥက္ကဌသစ် ဖြစ်လာတဲ့ ရစ်ချက် အာနိုး အထိုင်ကျသည်ထိ စောင့်ကြည့် ကူညီမှာလို့ စကိုင်းစပေါ့က ဖော်ပြထားပါတယ်။
မန်ယူအသင်း ဟာ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကွင်းလယ် ခံစစ်သမား တစ်ယောက် ခေါ်ယူပြီး နည်းပြ ရန်းနစ် အပေါ် ပံ့ပိုးမှု ပြသလိုနေကြောင်း မန်ချက်စတာ ညနေခင်း သတင်းက ဆိုပါတယ်။
ရန်းနစ်က လိုက်ပ်ဇစ် ကွင်းလယ် ဟိုင်ဒါရာကို အဓိက အလိုရှိနေပေမယ့် ၎င်းက အာဖရိကဖလား သွားကစားဖို့ ရှိနေတာကြောင့် အသင်းက စဉ်းစားနေဆဲပါ။

လာလီဂါကလပ် ဘာစီလိုနာ အသင်းဟာ မန်ယူနိုက်တက် တိုက်စစ်မှုး ကာဗာနီကို ခေါ်ယူဖို့ အတော် စိတ်ဝင်စား ခဲ့ပေမယ့် လက်ရှိမှာတော့ စိတ်ဝင်စားမှု အေးစက်သွားခဲ့ပြီ ဖြစ်ကြောင်း စပိန် သတင်းတွေက ဖော်ပြလာပါတယ်။ ဘာစီလိုနာဟာ ကာဗာနီကို ဇန်နဝါရီမှာ ဝယ်ယူဖို့ ဘတ်ဂျက်လည်း မရှိပါဘူး။
မန်ချက်စတာယူနိုက်တက်၊ စပါးတို့အပါအဝင် အခြားပရီးမီးယားလိဂ် အသင်းအချို့ဟာ အက်သလက်တီကို နောက်ခံ အစွန်လူ ထရစ်ပီယာကို ခေါ်ယူနိုင်ဖို့ စိတ်ဝင်စားနေကြကြောင်း သတင်းရရှိပါတယ်။