ချဲလ်ဆီးက တစ်ယောက်ပဲ ပါတဲ့ ၂ဝ၂၁ ခုနှစ် ပရီးမီးယားလိဂ် အကောင်းဆုံး လူစာရင်း
ဘောလုံးအချက်အလက် ဒေတာနဲ့ စောင့်ကြည့်ရေး CIES က ရွေးချယ်ခဲ့တဲ့ ၂၀၂၁ ခုနှစ် အတွက် ပရီးမီးယားလိဂ် အကောင်းဆုံး လူစာရင်းမှာ ချဲလ်ဆီး ကစားသမား ၁ဦးသာ ပါဝင်ခဲ့ပတယ်။ ချဲလ်ဆီးအသင်းမှ ပါဝင်ခဲ့တဲ့ ၁ဦးတည်းသော ကစားသမားကတော့ ဂိုးသမား အက်ဒ်ဝါ့ မန်ဒီပဲ ဖြစ်ပါတယ်။
ဂိုးသမား မန်ဒီဟာ ချဲလ်ဆီးအသင်းကို ထိပ်ဆုံး ၄နေရာ ရရှိအောင် ကူညီပေးခဲ့ပြီး ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်အောင် လည်း စွမ်းဆောင်ပေးခဲ့ပါတယ်။ ချဲလ်ဆီးမှ မေဆင်မောင့်ဟာည်း အကောင်းဆုံးအသင်းမှာ ပါဝင်ဖို့ နီးစပ်ခဲ့ပေမဲ့ ဘာနာဒိုဆေးလ်ဗားကြောင့် လူစာရင်းမှာ ပါဝင်ခဲ့ခြင်း မရှိပါဘူး။

ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးနဲ့ ပြိုင်ဘက် လီဗာပူးတို့ကတော့ ၁သင်းကို ၅ယောက်စီ ကစားသမားတွေ ပါဝင်ခဲ့ပါတယ်။ မန်စီးတီးမှ ရူဘင် ဒီယက်စ်၊ ကန်ဆယ်လို၊ လာပေါ်တေး၊ ရိုဒရီနဲ့အတူ ဘာနာဒို ဆေးလ်ဗားတို့ ရွေးချယ်ခံခဲ့ရပါတယ်။
လီဗာပူး အသင်းကတော့ အလက်ဇန်းဒါး အာနိုးလ်၊ ဟန်ဒါဆန်၊ ဆာလက်၊ မာနေး၊ ဂျိုတာတို့ အကောင်းဆုံး အသင်းမှာ ပါဝင်လာခဲ့ပါတယ်။
နာမည်ကျော် ကစားသမားတွေဖြစ်တဲ့ ဒီဘရိုင်း၊ ဗန်ဒိုက်၊ ကန်တီတို့ကတော့ ယမန်နှစ်ရာသီ ဒဏ်ရာတွေနဲ့ ရုန်းကန် ခဲ့ရတာကြောင့် လူစာရင်းမှာ ပါဝင်ခဲ့ခြင်း မရှိခဲ့ပဲ ယမန်နှစ်ရာသီ စီးတီးခံစစ်မှာ ဒီယက်စ်နဲ့အတူ ခြေစွမ်းပြကစားခဲ့တဲ့ စတုန်းကလည်း ကံမကောင်းစွာပဲ လွဲချော်ခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက် ဘယ်နောက်ခံလူ လုခ်ရှောကလည်း အသင်းကို ဒုတိယနေရာရအောင် ကူညီခဲ့ပြီးနောက် ယခုလို ရွေးချယ်ခံရခြင်းမရှိတဲ့ အပေါ် ခံရခက်နေမှာ သေချာပါတယ်။

ZG
ေဘာလံုးအခ်က္အလက္ ေဒတာနဲ႕ ေစာင့္ၾကည့္ေရး CIES က ေ႐ြးခ်ယ္ခဲ့တဲ့ ၂၀၂၁ ခုႏွစ္ အတြက္ ပရီးမီးယားလိဂ္ အေကာင္းဆုံး လူစာရင္းမွာ ခ်ဲလ္ဆီး ကစားသမား ၁ဦးသာ ပါဝင္ခဲ့ပတယ္။ ခ်ဲလ္ဆီးအသင္းမွ ပါဝင္ခဲ့တဲ့ ၁ဦးတည္းေသာ ကစားသမားကေတာ့ ဂိုးသမား အက္ဒ္ဝါ့ မန္ဒီပဲ ျဖစ္ပါတယ္။
ဂိုးသမား မန္ဒီဟာ ခ်ဲလ္ဆီးအသင္းကို ထိပ္ဆုံး ၄ေနရာ ရရွိေအာင္ ကူညီေပးခဲ့ၿပီး ခ်န္ပီယံလိဂ္ဖလား ဆြတ္ခူးႏိုင္ေအာင္ လည္း စြမ္းေဆာင္ေပးခဲ့ပါတယ္။ ခ်ဲလ္ဆီးမွ ေမဆင္ေမာင့္ဟာည္း အေကာင္းဆုံးအသင္းမွာ ပါဝင္ဖို႔ နီးစပ္ခဲ့ေပမဲ့ ဘာနာဒိုေဆးလ္ဗားေၾကာင့္ လူစာရင္းမွာ ပါဝင္ခဲ့ျခင္း မရွိပါဘူး။
ပရီးမီးယားလိဂ္ ခ်န္ပီယံ မန္စီးတီးနဲ႔ ၿပိဳင္ဘက္ လီဗာပူးတို႔ကေတာ့ ၁သင္းကို ၅ေယာက္စီ ကစားသမားေတြ ပါဝင္ခဲ့ပါတယ္။ မန္စီးတီးမွ ႐ူဘင္ ဒီယက္စ္၊ ကန္ဆယ္လို၊ လာေပၚေတး၊ ႐ိုဒရီနဲ႔အတူ ဘာနာဒို ေဆးလ္ဗားတို႔ ေ႐ြးခ်ယ္ခံခဲ့ရပါတယ္။
လီဗာပူး အသင္းကေတာ့ အလက္ဇန္းဒါး အာႏိုးလ္၊ ဟန္ဒါဆန္၊ ဆာလက္၊ မာေနး၊ ဂ်ိဳတာတို႔ အေကာင္းဆုံး အသင္းမွာ ပါဝင္လာခဲ့ပါတယ္။
နာမည္ေက်ာ္ ကစားသမားေတြျဖစ္တဲ့ ဒီဘ႐ိုင္း၊ ဗန္ဒိုက္၊ ကန္တီတို႔ကေတာ့ ယမန္ႏွစ္ရာသီ ဒဏ္ရာေတြနဲ႔ ႐ုန္းကန္ ခဲ့ရတာေၾကာင့္ လူစာရင္းမွာ ပါဝင္ခဲ့ျခင္း မရွိခဲ့ပဲ ယမန္ႏွစ္ရာသီ စီးတီးခံစစ္မွာ ဒီယက္စ္နဲ႔အတူ ေျခစြမ္းျပကစားခဲ့တဲ့ စတုန္းကလည္း ကံမေကာင္းစြာပဲ လြဲေခ်ာ္ခဲ့ပါတယ္။
မန္ခ်က္စတာ ယူႏိုက္တက္ ဘယ္ေနာက္ခံလူ လုခ္ေရွာကလည္း အသင္းကို ဒုတိယေနရာရေအာင္ ကူညီခဲ့ၿပီးေနာက္ ယခုလို ေ႐ြးခ်ယ္ခံရျခင္းမရွိတဲ့ အေပၚ ခံရခက္ေနမွာ ေသခ်ာပါတယ္။