မက်ဆီနဲ့ ရော်နယ်ဒိုကြား ကွာခြားမှုက ဘာလဲဆိုတာ သုံးသပ်ပြောဆိုလိုက်တဲ့ လီဝန်ဒေါစကီး
ဘိုင်ယန်မြူးနစ် အသင်းတိုက်စစ်မှူး လီဝန်ဒေါစကီး ဟာ ပြီးခဲ့တဲ့ရာသီတွေက သူ့ရဲ့ ဂိုးသွင်းစွမ်းရည်တွေနဲ့အတူ မက်ဆီ၊ရော်နယ်ဒို တို့ကို စိန်ခေါ်နိုင်ဖို့ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ ပိုလန်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီက ဥရောပရွှေဖိနပ်ဆုကို ရယူနိုင်ခဲ့သလို ဘောလွန်းဒီအောမှာလည်း ဒုတိယ ရခဲ့တာ ဖြစ်ပါတယ်။
လီဝန်ဒေါစကီးဟာ အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေနဲ့ နှစ်တနှစ်ကို ဖြတ်သန်းခဲ့ပြီးနောက် ရော်နယ်ဒိုနဲ့ မက်ဆီ တို့ရဲ့ ပြိုင်ဆိုင်မှုအပေါ်မှာလည်း သူ့ရဲ့အမြင်ကို ပွင့်ပွင်းလင်းလင်း သုံးသပ် ပေးခဲ့တာပါ။

မက်ဆီနဲ့ ရော်နယ်ဒိုတို့ တို့(၂)ဦးဟာ အခြားသူတွေထက် သာလွန်တဲ့ အဆင့်အတန်းမှာ ရှိနေတာကြာပြီ ဖြစ်ကြောင်းလည်း လီဝန်ဒေါစကီးက ဆိုခဲ့တာဖြစ်ပါတယ်။
လီဝန်ဒေါစကီး က “ကျွန်တော် ပရော်ဖက်ရှင်နယ် ဖြစ်လာပြီးတည်းက မက်ဆီနဲ့ ရော်နယ်ဒို တို့ဟာ အခြား သူတွေထက် သာလွန်ခဲ့ကြပါတယ်။ သူတို့ကြားမှာလည်း အမြဲတမ်းပြိုင်ဆိုင်မှုပြင်းထန်ပါတယ်”လို့ ဆိုခဲ့တာဖြစ်ပါတယ်။
ဒီနှစ်ယောက်ကြား ကွာခြားမှုကိုတော့ လီဝန်ဒေါစကီးက “ခင်ဗျားက ဘယ်လို ကစားသမားမျိုးကို နှစ်သက်တာလဲ။ ဒီမေးခွန်းရဲ့ အဖြေက ခက်ပါတယ်။ ရော်နယ်ဒိုရဲ့ ကြိုးစားအားထုတ်မှုက လေးစားစရာပါ။ မက်ဆီ အတွက်တော့ အရာအားလုံးက လွယ်ကူပုံရပါတယ်။ အောင်မြင်မှုတွေရဖို့ အတွက် ရော်နယ်ဒို က ပိုပြီး ကြိုးစားရမယ်လို့ ကျွန်တော် ထင်တယ်” လို့ ပြောဆိုခဲ့ပါတယ်။
ရော်နယ်ဒိုနဲ့ မက်ဆီ တို့ဟာ ပြီးခဲ့တဲ့ အပြောင်းရွှေ့တွေက ဂျုဗင်တပ်စ်နဲ့ ဘာစီလိုနာ ကနေ ထွက်ခွာပြီး မန်ချက်စတာ ယူနိုက်တက်နဲ့ ပီအက်စ်ဂျီ ကို ပြောင်းရွှေ့ခဲ့ပါတယ်။
မက်ဆီဟာ ပီအက်စ်ဂျီ အတွက် ပြိုင်ပွဲစုံ(၁၅)ပွဲပါဝင်ကစားပြီး (၆)ဂိုးသွင်းယူကာ (၅)ဂိုးဖန်တီးထားတာပါ။ ရော်နယ်ဒို ကတော့ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် (၁၈)ပွဲကစားထားပြီး (၁၃)ဂိုးသွင်းယူကာ (၂)ဂိုး ဖန်တီးထားတာ ဖြစ်ပါတယ်။

ZG
ဘိုင္ယန္ျမဴးနစ္ အသင္းတိုက္စစ္မႉး လီ၀န္ေဒါစကီး ဟာ ၿပီးခဲ့တဲ့ရာသီေတြက သူ႔ရဲ႕ ဂိုးသြင္းစြမ္းရည္ေတြနဲ႔အတူ မက္ဆီ၊ေရာ္နယ္ဒို တို႔ကို စိန္ေခၚႏိုင္ဖို႔ ျမင့္တက္လာခဲ့တာ ျဖစ္ပါတယ္။ ပိုလန္တိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့ရာသီက ဥေရာပေ႐ႊဖိနပ္ဆုကို ရယူႏိုင္ခဲ့သလို ေဘာလြန္းဒီေအာမွာလည္း ဒုတိယ ရခဲ့တာ ျဖစ္ပါတယ္။
လီ၀န္ေဒါစကီးဟာ အလြန္ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္ေတြနဲ႔ ႏွစ္တႏွစ္ကို ျဖတ္သန္းခဲ့ၿပီးေနာက္ ေရာ္နယ္ဒိုနဲ႔ မက္ဆီ တို႔ရဲ႕ ၿပိဳင္ဆိုင္မႈအေပၚမွာလည္း သူ႔ရဲ႕အျမင္ကို ပြင့္ပြင္းလင္းလင္း သံုးသပ္ ေပးခဲ့တာပါ။
မက္ဆီနဲ႕ ေရာ္နယ္ဒိုတို႔ တို႔(၂)ဦးဟာ အျခားသူေတြထက္ သာလြန္တဲ့ အဆင့္အတန္းမွာ ရွိေနတာၾကာၿပီ ျဖစ္ေၾကာင္းလည္း လီဝန္ေဒါစကီးက ဆိုခဲ့တာျဖစ္ပါတယ္။
လီ၀န္ေဒါစကီး က “ကြၽန္ေတာ္ ပေရာ္ဖက္ရွင္နယ္ ျဖစ္လာၿပီးတည္းက မက္ဆီနဲ႔ ေရာ္နယ္ဒို တို႔ဟာ အျခား သူေတြထက္ သာလြန္ခဲ့ၾကပါတယ္။ သူတို႔ၾကားမွာလည္း အၿမဲတမ္းၿပိဳင္ဆိုင္မႈျပင္းထန္ပါတယ္”လို႔ ဆိုခဲ့တာျဖစ္ပါတယ္။
ဒီနွစ္ေယာက္ၾကား ကြာျခားမႈကိုေတာ့ လီ၀န္ေဒါစကီးက “ခင္ဗ်ားက ဘယ္လို ကစားသမားမ်ိဳးကို ႏွစ္သက္တာလဲ။ ဒီေမးခြန္းရဲ႕ အေျဖက ခက္ပါတယ္။ ေရာ္နယ္ဒိုရဲ႕ ႀကိဳးစားအားထုတ္မႈက ေလးစားစရာပါ။ မက္ဆီ အတြက္ေတာ့ အရာအားလုံးက လြယ္ကူပုံရပါတယ္။ ေအာင္ျမင္မႈေတြရဖို႔ အတြက္ ေရာ္နယ္ဒို က ပိုၿပီး ႀကိဳးစားရမယ္လို႔ ကြၽန္ေတာ္ ထင္တယ္” လို႔ ေျပာဆိုခဲ့ပါတယ္။
ေရာ္နယ္ဒိုနဲ႔ မက္ဆီ တို႔ဟာ ၿပီးခဲ့တဲ့ အေျပာင္းေ႐ႊ႕ေတြက ဂ်ဳဗင္တပ္စ္နဲ႔ ဘာစီလိုနာ ကေန ထြက္ခြာၿပီး မန္ခ်က္စတာ ယူႏိုက္တက္နဲ႔ ပီအက္စ္ဂ်ီ ကို ေျပာင္းေ႐ႊ႕ခဲ့ပါတယ္။
မက္ဆီဟာ ပီအက္စ္ဂ်ီ အတြက္ ၿပိဳင္ပြဲစုံ(၁၅)ပြဲပါ၀င္ကစားၿပီး (၆)ဂိုးသြင္းယူကာ (၅)ဂိုးဖန္တီးထားတာပါ။ ေရာ္နယ္ဒို ကေတာ့ မန္ခ်က္စတာ ယူႏိုက္တက္ အသင္းအတြက္ (၁၈)ပြဲကစားထားၿပီး (၁၃)ဂိုးသြင္းယူကာ (၂)ဂိုး ဖန္တီးထားတာ ျဖစ္ပါတယ္။