ဝင်ဘာလေဗိုလ်လုပွဲထံ သွားရမယ့်လမ်းမှာ ချဲလ်ဆီးနဲ့ တိုးတာကို ကျေနပ်နေတဲ့ ကွန်တီ
ချယ်ဆီးနည်းပြ တူချယ်က ကာရာဘောင်း ကွာတားဖိုင်နယ်မှာ ဘရန့်ဖိုဒ့်ကို အနိုင်ရခဲ့ပြီးနောက် ဆီမီးဖိုင်နယ်မှာ လန်ဒန်ပြိုင်ဘက် စပါးအသင်းနဲ့ အတွဲကျနေတာအတွက် ကျေနပ် ပျော်ရွှင်နေပါတယ်။
ဆီမီးဖိုင်နယ်အဆင့်ကို အာဆင်နယ်၊ လီဗာပူး၊ စပါးနဲ့ ချယ်ဆီးတို့ တက်လာခဲ့ခြင်းမှာ ချယ်ဆီးက ကလပ်နည်းပြဟောင်း ကွန်တီရဲ့ စပါးဖြင့် အတွဲကျနေခဲ့ခြင်းဖြစ်ပါတယ်။ တောင့်တင်းတဲ့ ကလပ် ၄ သင်းဖြစ်တာကြောင့် ဘယ်အတွဲဖြစ်ဖြစ် ပွဲကောင်းမှာဖြစ်ပေမယ့် စပါးနဲ့ကတော့ ပရိသတ်တွေအတွက် ကျေနပ်စရာဖြစ်မယ်လို့ တူချယ်က ယုံကြည်နေတယ်။

တူချယ်က ‘ အားကောင်းတဲ့အတွဲတွေ ဖြစ်လာမယ်ဆိုတာ ရှင်းပါတယ်။ လေးသင်းလုံးက ခက်ခဲတဲ့ အသင်းတွေဖြစ်ပေမယ့် တော်တင်ဟမ်နဲ့ အတွဲကျတာကတော့ ပရိသတ်တွေအတွက် ပျော်ဖို့ကောင်းမှာပါ။ ဒါက လန်ဒန်ဒါဘီပါ၊ ဒီပြိုင်ပွဲအတွက် စောင့်မျှော်နေပါတယ်။ ‘
ကလပ်မှာ ကိုဗစ်ကိစ္စတွေ သက်ရောက်မှု ကြီးမားနေတာကြောင့် တူချယ်ဟာ ဟာဗေးဗလဲ၊ စွန်းစပ်ဘဲလ်၊ ဇာဗီယာဆိုင်မွန်တို့လို အကယ်ဒမီ ကစားသမားတွေကို ခေါ်ယူခဲ့ရတယ်။ ဒါပေမယ့်လို့ သူတို့နေရာမှာ ကန်တေ၊ ရိစ်ဂျိမ်းနဲ့ မောင့်တို့ ဝင်ကစားခဲ့တာက ပွဲရဲ့ အလှည့်အပြောင်း ဖြစ်ခဲ့ပါတယ်။
ချယ်ဆီးနည်းပြကြီးကပဲ ‘ ကျနေ်ာတို့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်နဲ့ ရလဒ်ကောင်းရဖို့ အခြေအနေ ပေးလာခဲ့တယ်။ အရမ်းလည်း စည်းစနစ်ကျခဲ့ပြီး တည်ဆောက်ပုံကောင်းခဲ့သလို တစ်ဦးချင်းတွေမှာလည်း အရည်အချင်း ပြည့်ဝခဲ့တယ်။ ကောင်းလေးတွေ သိပ်ကောင်းခဲ့တာအတွက် ပျော်ပါတယ်။
အကယ်ဒမီ အသင်းသား သုံးယောက်ကလည်း သိပ်ကောင်းခဲ့တယ်။ အကယ်ဒမီကို ပိတ်ထားရတာကြောင့် တစ်ပတ်လောက် မလေ့ကျင့်ခဲ့ဘူး။ အဲ့နောက် သူတို့ကို ကျနေ်ာတို့ထံ ခေါ်ယူပြီး ၂ ရက်လောက် လေ့ကျင့်ပေးခဲ့တယ်။
သူတို့ရဲ့ အလုပ်တာဝန်တွေကို သေချာလေး နားထောင်ခဲ့တယ်။ သူတို့ကို ထောက်ပံ့ပေးဖို့ အခြားသော ၇ ဦးဖြင့် ပေါင်းစပ်ပေးခဲ့ပြီး သိပ်ကောင်းတဲ့ စွမ်းဆောင်ရည် ထွက်ပေါ်လာခဲ့ပါတယ် ‘ လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။