ဗီလာနဲ့ ပွဲမတိုင်ခင် ကစားသမားတွေ ပြန်ပါနိုင်မယ့် သတင်းကောင်းတွေ ရှိလာတဲ့ ချဲလ်ဆီး
ရိုမီလူ လူကာကူ၊ ကာလမ် ဟတ်ဆန်-အိုဒွိုင်းလ်နဲ့ အန်ဒရက်စ် ခရစ္စတီယန်ဆန်တို့ဟာ အက်စတွန်ဗီလာနဲ့ ဘောက်ဆင်ဒေးပွဲစဉ် မတိုင်ခင် ချဲလ်ဆီးမှာ လေ့ကျင့်ခန်း ပြန်ဆင်းနေခဲ့ပြီ ဖြစ်ပါတယ်။ လူကာကူနဲ့ အိုဒွိုင်းလ်တို့ဟာ ကိုဗစ်ဖြစ်နေတာကြောင့် အဲဗာတန်၊ ဝုဗ်တို့နဲ့ပွဲစဉ်တွေကို လွဲချော်ခဲ့ပြီး ခရစ္စတီယန်ဆန်ကလည်း နောက်ကျော ဒဏ်ရာကြောင့် လွဲချော်ခဲ့ပါတယ်။

ထို ကစားသမား ၃ဦးစလုံးဟာ ယမန်နေ့က လေ့ကျင့်ခန်း ဆင်းနေပြီဖြစ်ပြီး အသင်းကလည်း လူကာကူနဲ့ အိုဒွိုင်းလ်တို့ Negative ပြပြီလို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ လူကာကူနဲ့ အိုဒွိုင်းလ်တို့ဟာ အင်္ဂလန်မှာ ကိုဗစ်စည်းမျဉ်းတွေ ပြောင်းလဲလိုက်ရာကနေ အကျိုးအမြတ် ရရှိခဲ့ပါတယ်။
ကိုဗစ် တွေ့ရှိတဲ့ ကစားသမားတွေအနေနဲ့ ၆ရက်နဲ့ ၇ရက်မြောက်နေ့တွေမှာ ပြန်စစ်လို့ Negative တွေ့ခဲ့ရင် သီးခြားစီ ခွဲနေမှုကို ၇ရက်နဲ့ ရပ်လိုက်လို့ရတာပဲ ဖြစ်ပါတယ်။ အဆိုပါ စည်းမျဉ်းအပြောင်းအလဲ မလုပ်ခဲ့ရင် တိုက်စစ် ကစားသမား ၂ဦး အနေနဲ့ ၁၀ရက်ကြာ ကွာရန်တင်းဝင်ရမှာပါ။
လူကာကူ၊ အိုဒွိုင်းလ်နဲ့ ခရစ္စတီယန်ဆန်တို့ ပြန်လာနိုင်ခြင်းက ကိုဗစ်နဲ့အတူ ဒဏ်ရာရ ကစားသမားတွေ များနေတဲ့ ချဲလ်ဆီးအတွက် သတင်းကောင်း ဖြစ်ခဲ့ပါတယ်။ ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူဟာလည်း ဗီလာနဲ့ စက်တင်ဘာ ၁၁ရက်နေ့ ပွဲအပြီး ဂိုးမသွင်းနိုင်ခဲ့တာကြောင့် မနက်ဖြန်ညမှာ ဂိုးပြန်သွင်းနိုင်ဖို့ မျှော်လင့်နေပါတယ်။
လူကာကူနဲ့ အိုဒွိုင်းလ်တို့ဟာ အဲဗာတန်နဲ့ပွဲမတိုင်ခင် ကိုဗစ်ပိုးတွေ့ခဲ့တာဖြစ်ပြီး ဝါနာ၊ ဘန်ချီဝဲလ်တို့နဲ့အတူ ပွဲကို လွဲချော်ခဲ့ ပါတယ်။ ချဲလ်ဆီးအသင်းဟာ ကွင်းလယ်လူ ဂျော်ဂျင်ဟို၊ ကိုင်ဟားဗက်ဇ်နဲ့ လော့ဖ်တက်ချိတို့ သီးခြားစီ ခွဲနေရချိန် ဝုဗ်နဲ့ပွဲကို ရွှေ့ဆိုင်းဖို့ တောင်းဆိုခဲ့ပေမဲ့ ပရီးမီးယားလိဂ်က ပယ်ချခဲ့ပါတယ်။

ZG
႐ိုမီလူ လူကာကူ၊ ကာလမ္ ဟတ္ဆန္-အိုဒြိဳင္းလ္နဲ႔ အန္ဒရက္စ္ ခရစၥတီယန္ဆန္တို႔ဟာ အက္စတြန္ဗီလာနဲ႔ ေဘာက္ဆင္ေဒးပြဲစဥ္ မတိုင္ခင္ ခ်ဲလ္ဆီးမွာ ေလ့က်င့္ခန္း ျပန္ဆင္းေနခဲ့ၿပီ ျဖစ္ပါတယ္။ လူကာကူနဲ႔ အိုဒြိဳင္းလ္တို႔ဟာ ကိုဗစ္ျဖစ္ေနတာေၾကာင့္ အဲဗာတန္၊ ဝုဗ္တို႔နဲ႔ပြဲစဥ္ေတြကို လြဲေခ်ာ္ခဲ့ၿပီး ခရစၥတီယန္ဆန္ကလည္း ေနာက္ေက်ာ ဒဏ္ရာေၾကာင့္ လြဲေခ်ာ္ခဲ့ပါတယ္။
ထို ကစားသမား ၃ဦးစလုံးဟာ ယမန္ေန႔က ေလ့က်င့္ခန္း ဆင္းေနၿပီျဖစ္ၿပီး အသင္းကလည္း လူကာကူနဲ႔ အိုဒြိဳင္းလ္တို႔ Negative ျပၿပီလို႔ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ လူကာကူနဲ႔ အိုဒြိဳင္းလ္တို႔ဟာ အဂၤလန္မွာ ကိုဗစ္စည္းမ်ဥ္းေတြ ေျပာင္းလဲလိုက္ရာကေန အက်ိဳးအျမတ္ ရရွိခဲ့ပါတယ္။
ကိုဗစ္ ေတြ႕ရွိတဲ့ ကစားသမားေတြအေနနဲ႔ ၆ရက္နဲ႔ ၇ရက္ေျမာက္ေန႔ေတြမွာ ျပန္စစ္လို႔ Negative ေတြ႕ခဲ့ရင္ သီးျခားစီ ခြဲေနမႈကို ၇ရက္နဲ႔ ရပ္လိုက္လို႔ရတာပဲ ျဖစ္ပါတယ္။ အဆိုပါ စည္းမ်ဥ္းအေျပာင္းအလဲ မလုပ္ခဲ့ရင္ တိုက္စစ္ ကစားသမား ၂ဦး အေနနဲ႔ ၁၀ရက္ၾကာ ကြာရန္တင္းဝင္ရမွာပါ။
လူကာကူ၊ အိုဒြိဳင္းလ္နဲ႔ ခရစၥတီယန္ဆန္တို႔ ျပန္လာႏိုင္ျခင္းက ကိုဗစ္နဲ႔အတူ ဒဏ္ရာရ ကစားသမားေတြ မ်ားေနတဲ့ ခ်ဲလ္ဆီးအတြက္ သတင္းေကာင္း ျဖစ္ခဲ့ပါတယ္။ ဘယ္လ္ဂ်ီယံတိုက္စစ္မႉး လူကာကူဟာလည္း ဗီလာနဲ႔ စက္တင္ဘာ ၁၁ရက္ေန႔ ပြဲအၿပီး ဂိုးမသြင္းႏိုင္ခဲ့တာေၾကာင့္ မနက္ျဖန္ညမွာ ဂိုးျပန္သြင္းႏိုင္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။
လူကာကူနဲ႔ အိုဒြိဳင္းလ္တို႔ဟာ အဲဗာတန္နဲ႔ပြဲမတိုင္ခင္ ကိုဗစ္ပိုးေတြ႕ခဲ့တာျဖစ္ၿပီး ဝါနာ၊ ဘန္ခ်ီဝဲလ္တို႔နဲ႔အတူ ပြဲကို လြဲေခ်ာ္ခဲ့ ပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ ကြင္းလယ္လူ ေဂ်ာ္ဂ်င္ဟို၊ ကိုင္ဟားဗက္ဇ္နဲ႔ ေလာ့ဖ္တက္ခ်ိတို႔ သီးျခားစီ ခြဲေနရခ်ိန္ ဝုဗ္နဲ႔ပြဲကို ေ႐ႊ႕ဆိုင္းဖို႔ ေတာင္းဆိုခဲ့ေပမဲ့ ပရီးမီးယားလိဂ္က ပယ္ခ်ခဲ့ပါတယ္။