မန်ယူနဲ့ သတင်းတွေကို ပေါ်တင် ငြင်းချလိုက်တဲ့ ကွင်းလယ်လူ မီလင်ကိုဗစ် ဆာဗစ်
လာဇီယို ကွင်းလယ်လူ မီလင်ကိုဗစ် ဆာဗစ် ကတော့ မန်ချက်စတာ ယူနိုက်တက်နဲ့ အပြောင်းအရွှေ့ ချိတ်ဆက်မှု ရှိနေတယ်ဆိုတဲ့ ကောလဟာလသတင်းတွေကို ပေါ်တင်ပဲ ပယ်ချခဲ့ပါတယ်။
အသက် ၂၆ နှစ်အရွယ် ကစားသမားဟာ မန်ယူအသင်း ရဲ့ ရေဒါထဲမှာ နှစ်များစွာ ရှိနေခဲ့တာ ဖြစ်ပေမယ့် အိုးလ်ထရက်ဖို့ဒ်ထံ အပြောင်းအရွှေ့က ဖြစ်မြောက်ခဲ့ခြင်း မရှိပါဘူး။ မန်ယူနိုက်တက်ဟာ ရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ရင် ထွက်ခွာတော့မယ့် ပေါ့ဘာနေရာကို အစားထိုးဖို့ ရှာဖွေနေတာဖြစ်ပြီး မီလင်ကိုဗစ် ဆာဗစ်ဟာ ပရီးမီးယားလိဂ်ကို ပြောင်းလာဖို့ ဆန္ဒရှိနေတာပါ။
ဆားဘီးယားသားဟာ လေ့ကျင့်ရေးမှာ နည်းပြ ဆာရီနဲ့ ပြဿနာဖြစ်ခဲ့ပြီး အသင်းကနေ ထွက်ခွာဖို့ ထင်ကြေးပေးခံ ထားရ ပေမယ့် ဒီသတင်းတွေကို ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။
“ကျွန်တော်နဲ့ပတ်သက်တဲ့ ကောလာဟလတွေ အများကြီး မြင်လိုက်ရပါတယ်။ ဒါပေမယ့် ကျွန်တော် ဂရုမစိုက်ပါဘူး။ လာဇီယို အတွက် အနိုင်ရဖို့ပဲ လိုချင်ပါတယ်”လို့ အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။
ဆာရီကလဲ ကွင်းလယ်လူနဲ့ ပြဿနာဖြစ်ခဲ့တယ်ဆိုတဲ့သတင်းတွေကို ငြင်းပယ်ခဲ့ပြီး “ကျွန်တော် လွန်ခဲ့တဲ့လေးလက လူးဝစ် အယ်ဘတ်တိုနဲ့ တစ်ကြိမ်ပဲ ပြဿနာရှိခဲ့တာပါ။ ကျွန်တော် မီလင်ကိုဗစ်နဲ့ ရန်ဖြစ်ခဲ့တယ်ဆိုတဲ့ အကြီးမားဆုံး သတင်းတု တစ်ခုကို ဖတ်လိုက်ရတယ်။ ကျွန်တော်တော့ အဲ့လိုမထင်ပါဘူး”လို့ ဖြေရှင်းခဲ့တာ ဖြစ်ပါတယ်။

ZG
လာဇီယို ကြင္းလယ္လူ မီလင္ကိုဗစ္ ဆာဗစ္ ကေတာ့ မန္ခ်က္စတာ ယူႏိုက္တက္နဲ႔ အေျပာင္းအေ႐ႊ႕ ခ်ိတ္ဆက္မႈ ရွိေနတယ္ဆိုတဲ့ ေကာလဟာလသတင္းေတြကို ေပၚတင္ပဲ ပယ္ခ်ခဲ့ပါတယ္။
အသက္ ၂၆ ႏွစ္အ႐ြယ္ ကစားသမားဟာ မန္ယူအသင္း ရဲ႕ ေရဒါထဲမွာ ႏွစ္မ်ားစြာ ရွိေနခဲ့တာ ျဖစ္ေပမယ့္ အိုးလ္ထရက္ဖို႔ဒ္ထံ အေျပာင္းအေ႐ႊ႕က ျဖစ္ေျမာက္ခဲ့ျခင္း မရွိပါဘူး။ မန္ယူႏိုက္တက္ဟာ ရာသီကုန္မွာ စာခ်ဳပ္သက္တမ္းကုန္ရင္ ထြက္ခြာေတာ့မယ့္ ေပါ့ဘာေနရာကို အစားထိုးဖို႔ ရွာေဖြေနတာျဖစ္ၿပီး မီလင္ကိုဗစ္ ဆာဗစ္ဟာ ပရီးမီးယားလိဂ္ကို ေျပာင္းလာဖို႔ ဆႏၵရွိေနတာပါ။
ဆားဘီးယားသားဟာ ေလ့က်င့္ေရးမွာ နည္းျပ ဆာရီနဲ႔ ျပႆနာျဖစ္ခဲ့ၿပီး အသင္းကေန ထြက္ခြာဖို႔ ထင္ေၾကးေပးခံ ထားရ ေပမယ့္ ဒီသတင္းေတြကို ျငင္းဆန္ခဲ့တာ ျဖစ္ပါတယ္။
“ကြၽန္ေတာ္နဲ႔ပတ္သက္တဲ့ ေကာလာဟလေတြ အမ်ားႀကီး ျမင္လိုက္ရပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္ ဂ႐ုမစိုက္ပါဘူး။ လာဇီယို အတြက္ အႏိုင္ရဖို႔ပဲ လိုခ်င္ပါတယ္”လို႔ အင္စတာဂရမ္မွာ ေရးသားခဲ့ပါတယ္။
ဆာရီကလဲ ကြင္းလယ္လူနဲ႔ ျပႆနာျဖစ္ခဲ့တယ္ဆိုတဲ့သတင္းေတြကို ျငင္းပယ္ခဲ့ၿပီး “ကြၽန္ေတာ္ လြန္ခဲ့တဲ့ေလးလက လူးဝစ္ အယ္ဘတ္တိုနဲ႔ တစ္ႀကိမ္ပဲ ျပႆနာရွိခဲ့တာပါ။ ကြၽန္ေတာ္ မီလင္ကိုဗစ္နဲ႔ ရန္ျဖစ္ခဲ့တယ္ဆိုတဲ့ အႀကီးမားဆုံး သတင္းတု တစ္ခုကို ဖတ္လိုက္ရတယ္။ ကြၽန္ေတာ္ေတာ့ အဲ့လိုမထင္ပါဘူး”လို႔ ေျဖရွင္းခဲ့တာ ျဖစ္ပါတယ္။