အသင်းက ထွက်ချင်တဲ့သူကို အတင်း ဆွဲထားတဲ့ အသင်းတွေထဲ မန်စီးတီး မပါဘူး ဆိုတဲ့ ဂွာဒီယိုလာ

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက တိုက်စစ်မှူး ဖာရန်တောရက်စ် အသင်းကနေ ထွက်ခွာတော့မယ်လို့ အတည်ပြုလိုက်ပြီး မန်စီးတီးဟာ အသင်းက ထွက်ချင်တဲ့ ကစားသမားကို အတင်းတားတတ်တဲ့ အသင်း မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။

ဘာစီလိုနာဟာ စပိန်လက်ရွေးစင် တောရက်စ်ကို ပေါင် ၅၅သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှုရခဲ့ပြီး ကနဦး ပေါင် ၄၆.၇ သန်းပေးချေရမှာဖြစ်ကာ အပိုဆုကြေး ပေါင် ၈.၅ သန်းပေးချေရမှာဖြစ်ပါတယ်။

စီးတီးဟာ နွေရာသီက အသင်းကနေ ထွက်ခွာသွားတဲ့ အဂူရိုရဲ့နေရာမှာ အစားထိုးဖို့ တိုက်စစ်မှူး မခေါ်ခဲ့သလို ယခုလည်း တိုက်စစ်မှူးတစ်ဦးကို ဆုံးရှုံးရတော့မှာဖြစ်ပေမယ့် ဂွါဒီယိုလာကတော့ ဆောင်းဈေးကွက်အတွင်း တိုက်စစ်မှူးတစ်ဦး ခေါ်ယူမှာ မဟုတ်ဘူးလို့ အတည်ပြုပါတယ်။

” ဇန်နဝါရီလမှာ ကျွန်တော်တို့အသင်း တိုက်စစ်မှူးတစ်ဦး ခေါ်မှာမဟုတ်ပါဘူး။ တောရက်စ်ရဲ့ အပြောင်းအရွှေ့က တရားဝင်တော့မဖြစ်သေးပါဘူးး။ အသင်းဘက်က ကြေညာချက်ထုတ်ပြန်မှပဲ အတည်ဖြစ်မှာပါ။ ကစားသမားက ထွက်ချင်နေပြီး အသင်းပိုင်ရှင်က အတင်း တားထားတဲ့အသင်းထဲမှာ ကျွန်တော်တို့အသင်း မပါပါဘူး။

တကယ်လို့ ကစားသမားတွေအနေနဲ့ နောက်ထပ်တစ်နေရာမှာ ပိုပျော်ရွှင်နိုင်မယ်လို့ ခံစားရရင် အသင်းကနေ ထွက်ခွာနိုင်ပါတယ်။ သူတို့အတွက် ကျွန်တော် ပျော်ရွှင်ပေးနိုင်ပါတယ် ” လို့ ဂွါဒီယိုလာက ပြောပါတယ်။

ZG

မန္စီးတီးအသင္းနည္းျပ ဂြါဒီယိုလာက တိုက္စစ္မႉး ဖာရန္ေတာရက္စ္ အသင္းကေန ထြက္ခြာေတာ့မယ္လို႔ အတည္ျပဳလိုက္ျပီး မန္စီးတီးဟာ အသင္းက ထြက္ခ်င္တဲ့ ကစားသမားကို အတင္းတားတတ္တဲ့ အသင္း မဟုတ္ဘူးလို႔ ေျပာဆိုလိုက္ပါတယ္။

ဘာစီလိုနာဟာ စပိန္လက္ေ႐ြးစင္ ေတာရက္စ္ကို ေပါင္ ၅၅သန္းနဲ႔ ေခၚယူဖို႔ သေဘာတူညီမႈရခဲ့ၿပီး ကနဦး ေပါင္ ၄၆.၇ သန္းေပးေခ်ရမွာျဖစ္ကာ အပိုဆုေၾကး ေပါင္ ၈.၅ သန္းေပးေခ်ရမွာျဖစ္ပါတယ္။

စီးတီးဟာ ေႏြရာသီက အသင္းကေန ထြက္ခြာသြားတဲ့ အဂူ႐ိုရဲ႕ေနရာမွာ အစားထိုးဖို႔ တိုက္စစ္မႉး မေခၚခဲ့သလို ယခုလည္း တိုက္စစ္မႉးတစ္ဦးကို ဆုံးရႈံးရေတာ့မွာျဖစ္ေပမယ့္ ဂြါဒီယိုလာကေတာ့ ေဆာင္းေဈးကြက္အတြင္း တိုက္စစ္မႉးတစ္ဦး ေခၚယူမွာ မဟုတ္ဘူးလို႔ အတည္ျပဳပါတယ္။

” ဇန္နဝါရီလမွာ ကြၽန္ေတာ္တို႔အသင္း တိုက္စစ္မႉးတစ္ဦး ေခၚမွာမဟုတ္ပါဘူး။ ေတာရက္စ္ရဲ႕အေျပာင္းအေ႐ႊ႕က တရားဝင္ေတာ့မျဖစ္ေသးပါဘူးး။ အသင္းဘက္က ေၾကညာခ်က္ထုတ္ျပန္မွပဲ အတည္ျဖစ္မွာပါ။ ကစားသမားက ထြက္ခ်င္ေနၿပီး အသင္းပိုင္ရွင္က အတင္း တားထားတဲ့အသင္းထဲမွာ ကြၽန္ေတာ္တို႔အသင္း မပါပါဘူး။

တကယ္လို႔ ကစားသမားေတြအေနနဲ႔ ေနာက္ထပ္တစ္ေနရာမွာ ပိုေပ်ာ္႐ႊင္ႏိုင္မယ္လို႔ ခံစားရရင္ အသင္းကေန ထြက္ခြာႏိုင္ပါတယ္။ သူတို႔အတြက္ ကြၽန္ေတာ္ ေပ်ာ္႐ႊင္ေပးႏိုင္ပါတယ္ ” လို႔ ဂြါဒီယိုလာက ေျပာပါတယ္။