ဒီရာသီ အကောင်းဆုံး အသင်းသား၊ သီယေဂို စာချုပ်သစ်၊ ဆာဂျီနိုဒက်စ် ကို ညှိနေခြင်းနဲ့ ယနေ့ည ချဲလ်ဆီး သတင်းများ
အေစီမီလန်အသင်းဟာ ချဲလ်ဆီးတိုက်စစ်ကစားသမား ဇီယက်ချ်ကို ဇန်နဝါရီမှာ ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေပါတယ်။ အေစီအနေနဲ့ ဇီယက်ချ်ကို ကာလကြာရှည် ပစ်မှတ်ထားနေခဲ့ပြီး ချဲလ်ဆီး ကတော့ ဇီယက်ချ်ကို ကြိုက်ဈေးရပါက ရောင်းထုတ်သွားဖွယ် ရှိနေပါတယ်။
ကူဒီစီနီက ဒီရာသီ ချဲလ်ဆီးရဲ့ အကောင်းဆုံး ကစားသမားက လူငယ်ကြယ်ပွင့်နောက်ခံလူ ချာလိုဘတ်ချ် ဖြစ်ကြောင်း၊ ချာလိုဘတ်ခ်ျဟာ အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြသနေပြီး သူ့ကိုအခုလို မြင်ရတာပျော်ရွှင်မိကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

ချဲလ်ဆီးနောက်ခံလူ အလွန်ဆိုက ခရစ္စမတ် အားလပ်ချိန်ကို မယူဘဲ ဘရန်ဖို့ဒ်နဲ့ပွဲမှာ ပါဝင်ကစားခဲ့ကြတဲ့ ချဲလ်ဆီး အကယ်ဒမီက လူငယ်တွေကို ချီးကျူးခဲ့ပြီး “လွန်ခဲ့တဲ့ နှစ်ရက်လောက်က သူတို့ရဲ့အားလပ်ရက်လို့ထင်ပါတယ်။ သူတို့က လေ့ကျင့်ရေး ကွင်းကိုလာခဲ့ကြပြီး သူတို့ရဲ့ အရည်အသွေးကို တွေ့မြင်ခဲ့ရပါတယ်”လို့ မှတ်ချက်ပြုခဲ့ပါတယ်။
ချဲလ်ဆီး ဝါရင့် နောက်ခံလူ သီယာဂို ဆေးလဗ်ဗားအနေနဲ့ ချဲလ်ဆီးနဲ့ စာချုပ် သက်တမ်းတိုးမြှင့်ဖို့ နီးစပ် လျက်ရှိနေပေမဲ့ အရှေ့အလယ်ပိုင်း အသင်းတွေက သူ့ကို ငွေကြေးများစွာပေးပြီး ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ချဲလ်ဆီး အသင်းဟာ ဘာစီလိုနာ ရဲ့ အမေရိကန် နောက်ခံလူ ဆာဂျီနို ဒက်စ် ကို ကမ်းလှမ်းဖို့ စီစဉ် နေတယ်လို့လည်း သတင်း ထွက်ပေါ်လာခဲ့ ပါတယ်။ နည်းပြ ဇာဗီ က ညာနောက်ခံလူနေရာအတွက် ဝါရင့်နောက်ခံလူ အဲဗက်စ်ကိုလည်း အားဖြည့်ထားခဲ့လို့ ဆာဂျီနိုဒက်စ်ကို ရောင်းထုတ်ပြီး ဘတ်ဂျက်ရှာသွားမဲ့ အနေအထားပါ။
မိုက်ကယ်အိုဝင် ချဲလ်ဆီးရဲ့ ပွဲထွက်လူစာရင်းဟာ လီဗာပးူ၊ မန်စီးတီးတို့ထက် အားနည်းကြောင်း၊ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ ပတ်သက်ပြီး ခန့်မှန်းရခက်ပြီး ၃ သင်းစလုံးမှာ အခွင့်အရေး ရှိနေဆဲဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

နာမည်ကျော် ဂျာနယ်လစ် ပေါဘရောင်းက ချဲလ်ဆီးတိုက်စစ် ကစားသမား ပူလီဆစ်ကို ဇန်နဝါရီအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ဥရောပအသင်း အများအပြားက စောင့်ကြည့်နေကြောင်း ဆိုခဲ့ပါတယ်။ ပူလီဆစ်အနေနဲ့ချဲလ်ဆီးမှာ ဒဏ်ရာတွေနဲ့ ရုန်းကန်နေရတာပါ။
ပရီးမီးယားလိဂ် ကလပ်တွေ ကတော့ ဒီလို ပွဲရွှေ့ဆိုင်းရမှု များပြား လာတာဟာ ပရိသတ်တွေ မပါဘဲ ကွင်းပိတ် ပွဲတွေ ပြန်ရောက်လာ နိုင်တဲ့ အလားအလာကို ဦးတည်နေတာကြောင့် ဘဏ္ဍာရေး အကြပ်အတည်းတွေ ပြန်လည် ရင်ဆိုင်ရမှာကို စိုးရိမ်နေကြတယ်လို့ သိရပါတယ်။