ဥရောပရဲ့ အလားအလာ အရှိဆုံး တိုက်စစ်သမားတွေကို ချိတ်ဆက်သွားမယ့် မန်စီးတီး

ဘာစီလိုနာဟာ စပိန်သား တိုက်စစ်သမား ဖာရန်တောရက်စ်ကို ဘာစီလိုနာထံ ယူရို ၆၅ သန်းဖြင့် ရောင်းထုတ်ဖို့ သဘောတူညီခဲ့ပြီဖြစ်ပါတယ်။ လာလီဂါကလပ်ဟာ ဇန်နဝါရီမှာ ဘဏ်ချေးငွေကနေတစ်ဆင့် ကစားသမားခေါ်ယူမှုတွေ လုပ်လာနိုင်ခြင်းလို့လည်း စကိုင်းစပေါ့က ဖော်ပြခဲ့တယ်။

စပိန်ကလပ်ဘက်က ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၄၆.၇ သန်း (ယူရို ၅၅ သန်း) ပေးမှာဖြစ်ပြီး ထပ်တိုးကြေး ပေါင် ၈.၅ သန်း (ယူရို ၁၀ သန်း) လည်း ပါဝင်မှာဖြစ်တယ်။ ဒါကြောင့် မန်စီးတီးဟာ ၂၀၂၀ ခုနှစ်တုန်းက ဖာရန်တောရက်စ်အတွက် ဗလန်စီယာကို ပေးရတဲ့ ပေါင် သန်း ၂၀ ရဲ့ နှစ်ဆကျော်အဖြစ် ပေါင် ၂၇ သန်း အသာတင် အမြတ်ထွက်ခဲ့ပြီ ဖြစ်ပါတယ်။

မန်စီးတီးဟာ ဘာစီလိုနာကနေ ထပ်တိုးကြေးတွေ ရမှာဖြစ်ပေမယ့်လို့ ဗလန်စီယာကိုတော့ ထပ်တိုးကြေး ပေးရမှာ မဟုတ်ခြင်းကြောင့် အနာဂတ်မှာလည်း စပိန်တိုက်စစ်သမားထံကနေ အကျိုးအမြတ်တွေ ရသွားဖို့ ရှိနေတာဖြစ်တယ်။

မန်စီးတီးဟာ ဖာရန်တောရက်စ်ကနေ ရလာမယ့် ပြောင်းရွှေ့ကြေးကို ဒေါ့မွန်တိုက်စစ်သမား ဟာလန်းအတွက် တိုက်ရိုက် ရင်းနှီးမြုပ်နှံဖို့ ရည်ရွယ်ထားတယ်။ လာမယ့်နွေမှာ ဟာလန်းကို ယူရို ၇၅ သန်းဖြင့် ခေါ်ယူခွင့်ရမှာဖြစ်ပြီး မန်စီးတီးဟာ နော်ဝေသား တိုက်စစ်သမားအတွက် ပြောင်းရွှေ့ကြေးကော လုပ်ခပိုင်းမှာပါ အဆင်သင့်ဖြစ်နေပါပြီ။

ဒါပေမယ့်လို့ မန်စီးတီးဟာ ဟာလန်းကို ခေါ်ယူရေး မအောင်မြင်ခဲ့ရင်အတွက် အစားထိုးစရာ တိုက်စစ်သမားတွေလည်း ရှာဖွေထားပြီး နောက်တစ်ဦးကတော့ ဖီအိုရင်တီးနားနဲ့ စာချုပ်သက်တမ်းတိုးဖို့ အဆင်မပြေဖြစ်နေတဲ့ တိုက်စစ်မှူး ဗလာဟိုဗစ်ဖြစ်တယ်လို့ သိရတယ်။

၂၀၂၃ ခုနှစ်မှာ စာချုပ်ကုန်မယ့် တိုက်စစ်သမားကို စီးရီးအေကလပ်ဘက်က တစ်နှစ်လုပ်ခ ယူရို ၃.၅ သန်းနဲ့အတူ ၅ နှစ် သက်တမ်းတိုးစာချုပ် ပေးထားပေမယ့် ဗလာဟိုဗစ်ကတော့ သက်တမ်းတိုးစာချုပ်မှာ လက်မှတ်ထိုးဖို့ ရည်ရွယ်ချက် မရှိသေးပါဘူး။

လာမယ့် ဇန်နဝါရီမှာတင် သူ့ကို ခေါ်ယူလိုရင်တော့ ဖီအိုရင်တီးနားဘက်က ပြောင်းရွှေ့ကြေး ယူရို သန်း ၈၀ (ပေါင် ၆၇.၃ သန်း) တောင်းဆိုမှာဖြစ်ပါတယ်။