မန်ယူအတွက် သွင်းဂိုးတွေ အာမခံပေးနိုင်မယ့် ဟာလန်းကို ယူရို ၇၅ သန်းနဲ့ ခေါ်ဖို့ ပြင်ဆင်နေ
မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒေါ့မွန်ကြယ်ပွင့်တိုက်စစ်မှူးကို အိုးထရက်ဖို့ဒ်ကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ ဟာလန်းရဲ့စာချုပ်ပါ စာချုပ်ဖျက်သိမ်းကြေး ယူရို ၇၅ သန်းကို ပေးချေဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ပါတယ်။
ဂျာမန်သတင်းစာ Bild အဆိုအရ မန်ချက်စတာယူနိုက်တက်အသင်းက ဂိုးသွင်းနှုန်း ကောင်းတဲ့ တိုက်စစ်မှူးကို ခေါ်ယူဖို့အတွက် အဆင့်သင့်ဖြစ်နေပြီလို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။
အသက် ၂၁ နှစ်အရွယ် နော်ဝေ လက်ရွေးစင်တိုက်စစ်မှူးဟာ ယခုရာသီ ပြိုင်ပွဲစုံ ၁၆ ပွဲပါဝင်ကစားပေးထားရာမှာ ၁၉ ဂိုးအထိ သွင်းယူထားတဲ့ ကစားသမားဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ရဲ့ ကာလရှည်ပစ်မှတ်ထားခြင်း ခံခဲ့ရတဲ့ကစားသမားလည်း ဖြစ်ပါတယ်။
မန်ချက်စတာ ညနေခင်း ရဲ့ သတင်းအရလည်း အာလင်း ဟာလန်းဟာ မန်ချက်စတာယူနိုက်တက် ယာယီနည်းပြ ရာ့လ်ဖ် ရန်းနစ်ခ်က အိုးထရက်ဖို့ဒ်ကို အရခေါ်ယူဖို့အတွက် တွန်းအားပေးလုပ်ဆောင်နေတဲ့ ကစားသမားဖြစ်တယ်လို့ သိရပါတယ်။
ဟာလန်းရဲ့ စာချုပ်ထဲက စာချုပ်လျော်ကြေးယူရို ၇၅ သန်းဟာ လာမယ့် ၂၀၂၂ ခုနှစ်မှာ အသက်ဝင် လာတော့မှာ ဖြစ်တာကြောင့် ဥရောပတလွှားက ထိပ်တန်းအသင်းကြီးတွေအားလုံးက အဲဒါကို အခွင့်ကောင်းယူပြီး ခေါ်ယူဖို့ ကြိုးပမ်းသွားတော့မှာဖြစ်ပါတယ်။
ဟာလန်းကို ခေါ်ယူဖို့အတွက် ပြိုင်ပွဲဟာ ဥရောပရဲ့ အင်အားအကြီးမားဆုံးအသင်းတွေ အများအပြား ပါဝင်နေတာကြောင့် မန်ယူအတွက် ပြိုင်ဆိုင်မှုတွေ ပြင်းထန်ဦးမှာ ဖြစ်ပါတယ်။
ဟာလန်းဟာ လွန်ခဲ့တဲ့ ၂ နှစ်နီးပါးက ဒေ့ါမွန်ကို ပြောင်းရွှေ့ပြီးကတည်းက ၇၅ ပွဲပါဝင်ကစားပေးခဲ့ရာမှာ ၇၆ ဂိုးအထိ သွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။

ZG
မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ေဒါ့မြန္ၾကယ္ပြင့္တိုက္စစ္မႉးကို အိုးထရက္ဖို႔ဒ္ကို ေခၚယူႏိုင္ဖို႔ ႀကိဳးပမ္းတဲ့အေနနဲ႔ ဟာလန္းရဲ႕စာခ်ဳပ္ပါ စာခ်ဳပ္ဖ်က္သိမ္းေၾကး ယူ႐ို ၇၅ သန္းကို ေပးေခ်ဖို႔ အဆင္သင့္ျဖစ္ေနၿပီျဖစ္ပါတယ္။
ဂ်ာမန္သတင္းစာ Bild အဆိုအရ မန္ခ်က္စတာယူႏိုက္တက္အသင္းက ဂိုးသြင္းႏႈန္း ေကာင္းတဲ့ တိုက္စစ္မႉးကို ေခၚယူဖို႔အတြက္ အဆင့္သင့္ျဖစ္ေနၿပီလို႔ ေဖာ္ျပခဲ့တာျဖစ္ပါတယ္။
အသက္ ၂၁ ႏွစ္အ႐ြယ္ ေနာ္ေဝ လက္ေ႐ြးစင္တိုက္စစ္မႉးဟာ ယခုရာသီ ၿပိဳင္ပြဲစုံ ၁၆ ပြဲပါဝင္ကစားေပးထားရာမွာ ၁၉ ဂိုးအထိ သြင္းယူထားတဲ့ ကစားသမားျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ကာလရွည္ပစ္မွတ္ထားျခင္း ခံခဲ့ရတဲ့ကစားသမားလည္း ျဖစ္ပါတယ္။
မန္ခ်က္စတာ ညေနခင္း ရဲ႕ သတင္းအရလည္း အာလင္း ဟာလန္းဟာ မန္ခ်က္စတာယူႏိုက္တက္ ယာယီနည္းျပ ရာ့လ္ဖ္ ရန္းနစ္ခ္က အိုးထရက္ဖို႔ဒ္ကို အရေခၚယူဖို႔အတြက္ တြန္းအားေပးလုပ္ေဆာင္ေနတဲ့ ကစားသမားျဖစ္တယ္လို႔ သိရပါတယ္။
ဟာလန္းရဲ႕ စာခ်ဳပ္ထဲက စာခ်ဳပ္ေလ်ာ္ေၾကးယူ႐ို ၇၅ သန္းဟာ လာမယ့္ ၂၀၂၂ ခုႏွစ္မွာ အသက္ဝင္ လာေတာ့မွာ ျဖစ္တာေၾကာင့္ ဥေရာပတလႊားက ထိပ္တန္းအသင္းႀကီးေတြအားလုံးက အဲဒါကို အခြင့္ေကာင္းယူၿပီး ေခၚယူဖို႔ ႀကိဳးပမ္းသြားေတာ့မွာျဖစ္ပါတယ္။
ဟာလန္းကို ေခၚယူဖို႔အတြက္ ၿပိဳင္ပြဲဟာ ဥေရာပရဲ႕ အင္အားအႀကီးမားဆုံးအသင္းေတြ အမ်ားအျပား ပါဝင္ေနတာေၾကာင့္ မန္ယူအတြက္ ျပိဳင္ဆိုင္မႈေတြ ျပင္းထန္ဦးမွာ ျဖစ္ပါတယ္။
ဟာလန္းဟာ လြန္ခဲ့တဲ့ ၂ ႏွစ္နီးပါးက ေဒ့ါမြန္ကို ေျပာင္းေ႐ႊ႕ၿပီးကတည္းက ၇၅ ပြဲပါဝင္ကစားေပးခဲ့ရာမွာ ၇၆ ဂိုးအထိ သြင္းယူထားႏိုင္ခဲ့တာျဖစ္ပါတယ္။