ဂျရတ် သဘောကျတဲ့ ချဲလ်ဆီးအသင်းသား၊ ရူဒီဂါ မန်ယူသွားဖို့ တိုက်တွန်းသူနဲ့ ယနေ့ည ချဲလ်ဆီး သတင်းများ

ဆောက်သမ်တန်မှာ အငှား သွားရောက် ကစားနေတဲ့ ဘရိုဂျာ ဟာ အဓိက တိုက်စစ်မှူး အဖြစ် ပွဲထွက်ခွင့် သိပ် မရသည့်တိုင် ဆောက်သမ်တန် အသင်းရဲ့ ဒီရာသီ ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်နေပါတယ်။ ဘရိုဂျာ ဟာ ပြိုင်ပွဲစုံမှာ ၆ဂိုး အထိ သွင်းယူပေးထားတာပါ။

ဒဏ်ရာ၊ ကြံ့ခိုင်မှု၊ ကိုဗစ် ပြဿနာ များစွာနဲ့ ထိပ်တိုက် ရင်ဆိုင်လာရတာကြောင့် အားနည်းနေတဲ့ ချဲလ်ဆီး ကို ရင်ဆိုင်ဖို့ ဂျရတ် အတွက် အခုက အကောင်းဆုံး အချိန် ဖြစ်ကြောင်း အက်စတွန် ဗီလာ တိုက်စစ်မှူးဟောင်း ဂတ်ဘီ အဘွန်လဟော က သုံးသပ် ပြောဆိုခဲ့ပါတယ်။

ချဲလ်ဆီးနောက်ခံလူ အလွန်ဆိုက ခရစ္စမတ် အားလပ်ချိန်ကို မယူဘဲ ဘရန်ဖို့ဒ်နဲ့ပွဲမှာ ပါဝင်ကစားခဲ့ကြတဲ့ ချဲလ်ဆီး အကယ်ဒမီက လူငယ်တွေကို ချီးကျူးခဲ့ပြီး “လွန်ခဲ့တဲ့ နှစ်ရက်လောက်က သူတို့ရဲ့အားလပ်ရက်လို့ထင်ပါတယ်။ သူတို့က လေ့ကျင့်ရေးကွင်းကိုလာခဲ့ကြပြီး သူတို့ရဲ့ အရည်အသွေးကို တွေ့မြင်ခဲ့ရပါတယ်”လို့ မှတ်ချက်ပြုခဲ့ပါတယ်။

အက်စတွန် ဗီလာ နည်းပြ စတီဗင် ဂျရတ် ကတော့ ဒီအပတ် ချဲလ်ဆီး နဲ့ မရင်ဆိုင်မီ မေဆန်မောင့်ရဲ့ အရည်အသွေး တွေကို ချီးမွမ်းခဲ့ကာ ၄င်းဟာ မောင့်ရဲ့ အမာခံ ပရိသတ် တဦး ဖြစ်တဲ့ အကြောင်း အခုလိုပဲ ဝန်ခံလာခဲ့ပါတယ်။

ချဲလ်ဆီး အနေနဲ့ ရာသီကုန်မှာ အသင်းကနေ အလွတ်နဲ့ ထွက်ခွာနိုင်ဖို့ နီးစပ်နေတဲ့ နောက်ခံလူ ရူဒီဂါနေရာကို အစားထိုးနိုင်ဖို့ ကစားသမား ၇ ယောက်အထိကို ပစ်မှတ်ထားလျက်ရှိနေပါတယ်။

ချဲလ်ဆီး ပစ်မှတ်တွေထဲ ဆီဗီးလာ နောက်ခံလူကွန်ဒီ၊ ဂျူဗင်တပ်နောက်ခံလူ ဒီလိုက်ခ်ျနဲ့ ဘိုင်ယန်နောက်ခံလူ ဆူလေတို့က အဓိက ပစ်မှတ်ထဲ ပါဝင်နေတာ ဖြစ်ပါတယ်။

ဒဏ်ရာပြဿနာတချို့ ရင်ဆိုင်နေရတဲ့ ချဲလ်ဆီးနောက်ခံလူ ခရစ္စတန်ဆန်အနေနဲ့ ဗီလာနဲ့ ယှဉ်ပြိုင်မယ့် ဘောက်ဆင်ဒေး ပွဲစဉ်မှာ ပြန်လည် ပါဝင်လာဖွယ် ရှိနေကြောင်း သိရပါတယ်။ ခရစ္စတန်ဆန်ဟာ နောက်ကျော ဒဏ်ရာကို ခံစားနေရပြီး လက်ရှိမှာ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီ ဖြစ်ပါတယ်။

မန်ယူ ကစားသမားဟော ပေါလ် ပါကား ချဲလ်ဆီး နောက်ခံလူ အန်တိုနီယို ရူဒီဂါဟာ အသင်းကို ပြည့်စုံစေမဲ့ ကစားသမားမျိုးဖြစ်ကြောင်း ၊ ဒါပေမဲ့ ဒီအပြောင်းအရွှေ့ ဖြစ်ခဲ့ရင်လည်း ကစားသမားဖက်က အထူး ကြိုးစားဖို့ လိုအပ်ဦးမှာ ဖြစ်ကြောင်း ပြောခဲ့လိုက်ပါတယ် ။