ပရီးမီးယားလိဂ် ပွဲစဉ်ရေးဆွဲတာတွေ မမျှတဘူးလို့ ချဲလ်ဆီးနည်းပြ တူချယ် ထုတ်ဖော် ဝေဖန်

ချဲလ်ဆီးအသင်းနည်းပြ တူချယ်က ပရီးမီးယားလိဂ်ရဲ့ ပွဲစဉ်ဇယားရေးဆွဲမှုဟာ မမျှတဘူးလို့ ဝေဖန်ပြောကြားလိုက်ကာ ဒဏ်ရာပြဿနာတွေ ရှိနေပြီး သူ့အသင်းက ရုန်းကန်ခဲ့ရတယ်လို့ ပြောကြားလိုက်ပါတယ်။

ချဲလ်ဆီးဟာ မနေ့ညက ပွဲမှာ အက်စတွန် ဗီလာအသင်းကို ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ကိုဗစ်ကနေ ပြန်ကောင်းလာတဲ့ လူကာကူက သွင်းဂိုး တစ်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ ကျန်နှစ်ဂိုးကတော့ ဂျော်ဂျင်ဟိုရဲ့ ပင်နယ်တီ ၂လုံး ဖြစ်ပါတယ်။

ချဲလ်ဆီးဟာ ဒီဇင်ဘာလ ၁၉ ရက်နေ့တုန်းက ပရီးမီးယားလိဂ်ရဲ့ ပွဲရွှေ့ဖို့ ငြင်းဆန်မှုနဲ့အတူ ဝုဗ်အသင်းနဲ့ပွဲကို ကန်ခဲ့ရကာ သရေ တစ်မှတ်သာ ရယူနိုင်ခဲ့ပါတယ်။

၁၅ ပွဲကို ဒီဇင်ဘာမှာ ကိုဗစ်အခြေအနေကြောင့် ရွှေ့ဆိုင်းခဲ့ရကာ ချဲလ်ဆီးက ဒီလထဲမှာ ပြိုင်ပွဲစုံ ၈ ပွဲအထိ ကန်ရမှာဖြစ်ပြီး ဗုဒ္ဓဟူးနေ့မှာ ဘရိုက်တန်နဲ့ကန်ရမှာဖြစ်ပါတယ်။ အိုဒွိုင်းလ် ၊ လူကာကူတို့ဟာ ကိုဗစ်ကြောင့် ပွဲစဉ် အချို့ကို လွဲချော်ခဲ့ပြီး ဟာဗက်ဇ် နဲ့ ဝါနာတို့လည်း လွဲချော်ခဲ့ကာ သီယာဂိုဆေးလ်ဗားနဲ့ ကန်တီတို့ ဗီလာကိုအနိုင်ရရှိခဲ့တဲ့ပွဲမှာ ဒဏ်ရာ ရရှိခဲ့ပါတယ်။

တူချယ်က ” ပွဲစဉ်တွေကတော့ တကယ့်ကို မတရားပါဘူး။ ကျွန်တော်တို့ ၁၀ ရက်လောက် အိပ်ယာထဲမှာပါ။ ပွဲရွှေ့ဆိုင်း ခံရတဲ့ အသင်းတွေနဲ့ ကန်နေရပါတယ်။ သူတို့က ပြင်ဆင်ချိန်ပိုရနေပါတယ်။ ကျနော်တို့မှာ ကိုဗစ် နဲ့ ဒဏ်ရာရ ကစားသမားတွေ ရှိနေတာကြောင့် ပွဲကို မရွှေ့ဆိုင်းပေးပါဘူး။ ကစားသမားတွေက ရုန်းကန်နေရပါတယ်။

သူတို့ကိုလည်း ဖိအားပေးခဲ့ရပါတယ်။ ဒီနေ့နိုင်ပွဲအတွက်တော့ ကျေနပ်မိပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်ရဲ့ ပွဲစဉ် ဇယား ရေးဆွဲမှုက မမျှတပါဘူး”လို့ တူချယ်က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် တူချယ်က ပရီးမီးယားလိဂ်အနေနဲ့ ကိုဗစ်ကြောင့် ပွဲတစ်ပွဲမှာ ကစားသမား ၅ ယောက်အထိ လူစားလဲခွင့် တောင်းဆိုခဲ့ လိုက်ပါတယ်။ ဗီလာအသင်း လက်ထောက်နည်းပြ ဂယ်ရီကလည်း ကစားသမား ၅ ဦးလဲဖို့ အတွက် ဖြစ်သင့်တယ်လို့ ပြောကြားလိုက်ပါတယ်။

ZG

ခ်ဲလ္ဆီးအသင္းနည္းျပ တူခ်ယ္က ပရီးမီးယားလိဂ္ရဲ႕ ပြဲစဥ္ဇယားေရးဆြဲမႈဟာ မမွ်တဘူးလို႔ ေဝဖန္ေျပာၾကားလိုက္ကာ ဒဏ္ရာျပႆနာေတြ ရွိေနၿပီး သူ႔အသင္းက ႐ုန္းကန္ခဲ့ရတယ္လို႔ ေျပာၾကားလိုက္ပါတယ္။

ခ်ဲလ္ဆီးဟာ မေန႔ညက ပြဲမွာ အက္စတြန္ ဗီလာအသင္းကို ၃-၁ ဂိုးနဲ႔ အႏိုင္ရရွိခဲ့ၿပီး ကိုဗစ္ကေန ျပန္ေကာင္းလာတဲ့ လူကာကူက သြင္းဂိုး တစ္ဂိုး သြင္းယူေပးႏိုင္ခဲ့ပါတယ္။ က်န္နွစ္ဂိုးကေတာ့ ေဂ်ာ္ဂ်င္ဟိုရဲ႕ ပင္နယ္တီ ၂လံုး ျဖစ္ပါတယ္။

ခ်ဲလ္ဆီးဟာ ဒီဇင္ဘာလ ၁၉ ရက္ေန႔တုန္းက ပရီးမီးယားလိဂ္ရဲ႕ ပြဲေရႊ႕ဖို႔ ျငင္းဆန္မႈနဲ႔အတူ ဝုဗ္အသင္းနဲ႔ပြဲကို ကန္ခဲ့ရကာ သေရ တစ္မွတ္သာ ရယူႏိုင္ခဲ့ပါတယ္။ ။

၁၅ ပြဲကို ဒီဇင္ဘာမွာ ကိုဗစ္အေျခအေနေၾကာင့္ ေ႐ႊ႕ဆိုင္းခဲ့ရကာ ခ်ဲလ္ဆီးက ဒီလထဲမွာ ၿပိဳင္ပြဲစုံ ၈ ပြဲအထိ ကန္ရမွာျဖစ္ၿပီး ဗုဒၶဟူးေန႔မွာ ဘ႐ိုက္တန္နဲ႔ကန္ရမွာျဖစ္ပါတယ္။ အိုဒြိဳင္းလ္ ၊ လူကာကူတို႔ဟာ ကိုဗစ္ေၾကာင့္ ပြဲစဥ္ အခ်ိဳ႕ကို လြဲေခ်ာ္ခဲ့ၿပီး ဟာဗက္ဇ္ နဲ႔ ဝါနာတို႔လည္း လြဲေခ်ာ္ခဲ့ကာ သီယာဂိုေဆးလ္ဗားနဲ႔ ကန္တီတို႔ ဗီလာကိုအႏိုင္ရရွိခဲ့တဲ့ပြဲမွာ ဒဏ္ရာ ရရွိခဲ့ပါတယ္။

တူခ်ယ္က ” ပြဲစဥ္ေတြကေတာ့ တကယ့္ကို မတရားပါဘူး။ ကြၽန္ေတာ္တို႔ ၁၀ ရက္ေလာက္ အိပ္ယာထဲမွာပါ။ ပြဲေ႐ႊ႕ဆိုင္း ခံရတဲ့ အသင္းေတြနဲ႔ ကန္ေနရပါတယ္။ သူတို႔က ျပင္ဆင္ခ်ိန္ပိုရေနပါတယ္။ က်ေနာ္တို႔မွာ ကိုဗစ္ နဲ႔ ဒဏ္ရာရ ကစားသမားေတြ ရွိေနတာေၾကာင့္ ပြဲကို မေ႐ႊ႕ဆိုင္းေပးပါဘူး။ ကစားသမားေတြက ႐ုန္းကန္ေနရပါတယ္။

သူတို႔ကိုလည္း ဖိအားေပးခဲ့ရပါတယ္။ ဒီေန႔ႏိုင္ပြဲအတြက္ေတာ့ ေက်နပ္မိပါတယ္။ ဒါေပမယ့္ ပရီးမီးယားလိဂ္ရဲ႕ ပြဲစဥ္ ဇယား ေရးဆြဲမႈက မမွ်တပါဘူး”လို႔ တူခ်ယ္က ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ တူခ်ယ္က ပရီးမီးယားလိဂ္အေနနဲ႔ ကိုဗစ္ေၾကာင့္ ပြဲတစ္ပြဲမွာ ကစားသမား ၅ ေယာက္အထိ လူစားလဲခြင့္ ေတာင္းဆိုခဲ့ လိုက္ပါတယ္။ ဗီလာအသင္း လက္ေထာက္နည္းျပ ဂယ္ရီကလည္း ကစားသမား ၅ ဦးလဲဖို႔ အတြက္ ျဖစ္သင့္တယ္လို႔ ေျပာၾကားလိုက္ပါတယ္။