လူကာကူကို ချီးကျူးခြင်း၊ ဆေးဗားနဲ့ ကန်တီတို့ ဒဏ်ရာ၊ ရူဒီဂါ လာမယ် ယုံတဲ့ ရီးရဲလ်နဲ့ ယနေ့ ချဲလ်ဆီး သတင်းများ
ချဲလ်ဆီးတောင်ပံ ကစားသမား အိုဒွိုင်းက တိုက်စစ်မှူး လူကာကူဟာ အသင်းအပေါ် အကျိုးသက်ရောက်မှု ကြီးမားသူ ဖြစ်ကြောင်း၊ လူကာကူဝင်ရောက်လာချိန်မှာ အသင်းရဲ့ တိုက်စစ်လမ်းကြောင်းတွေ ပိုသွက်လာကြောင်း မှတ်ချက်ပြု ခဲ့ပါတယ်။
ဘောလုံးဝေဖန်သူ အဖြစ် ဆောင်ရွက်နေတဲ့ ဂျင်မီရက်နက်က တိုက်စစ်မူှး လူကာကူဟာ ချဲလ်ဆီးကို ပရီးမီးယားလိဂ် ချန်ပီယံ လမ်းကြောင်းထံ ပြန်လည် ပို့ဆောင်ပေးမဲ့ ကစားသမားဖြစ်ကြောင်း၊ ချဲလ်ဆီးဟာလက်ရှိအချိန်မှာ လူကာကူကို လိုအပ်နေခြင်း ဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ရီးရဲမက်ဒရစ် အနေနဲ့ ချဲလ်ဆီးနောက်ခံလူ ရီစီဂျိမ်းစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ဟာဇက်ကို အလိုက်ပြန်ပေးသွားမယ် လို့ ကမ်းလှမ်းသွားဖွယ် ရှိနေကြောင်း El Nacional က ဖော်ပြထားပါတယ်။ ရီးရဲအနေနဲ့ ညာနောက်ခံလူနေရာကို အားဖြည့်လို နေတာပါ။
ချဲလ်ဆီးနည်းပြ တူချယ်ကတော့ ဗီလာကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ နောက်ခံလူ သီယာဂိုဆေးလ်ဗားနဲ့ ကွင်းလယ်လူ ကန်တီ တို့မှာ ဒဏ်ရာ ရရှိခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။ ကန်တီက ဂျူဗင်တပ်နဲ့ပွဲမှာဒဏ်ရာရခဲ့တဲ့နေရာက နာကျင်ခဲ့ပြီး သီယာဂို ဆေးလ်ဗားက တံကောက်ကြော ဒဏ်ရာ ရခဲ့ကြော်ငး တူချယ်က ဆိုခဲ့ပါတယ်။
ချဲလ်ဆီးနည်းပြတူချယ်က သူတို့အနေနဲ့ ပဲလေ့စ်မှာ အငှားကစားနေတဲ့ ကွင်းလယ်ကြယ်ပွင့် ဂယ်လင်ဟာကို ယုံကြည်မှု ရှိကြောင်း၊ အသင်းမှာ ကိုဗာဆစ်၊ ဂျော်ဂျင်ဟို၊ ကန်တီတို့ ရှိနေလို့ ဂယ်လင်ဟာကို အငှားချခဲ့ခြင်းဖြစ်ကြောင်း၊ အသင်းမှာ ဂယ်လင်ဟာအတွက် အနာဂတ်က တောက်ပနေကြောင်း ဖွင့်ဟခဲ့ပါတယ်။
ရီးရဲမက်ဒရစ် အသင်းသားတွေကတော့ ချဲလ်ဆီးနောက်ခံလူ ရူဒီဂါဟာ သူတို့အသင်းကို ပြောင်းလာမယ်လို့ ယုံကြည်နေ ပါတယ်။ ချဲလ်ဆီးဟာ ရူဒီဂါကို စာချုပ်သက်တမ်း တိုးလိုပေမယ့် ရူဒီဂါ တောင်းဆိုတဲ့ တစ်ပတ်လုပ်ခ ပေါင် ၂ သိန်း ၈ သောင်းကို မပေးလိုတာကြောင့် ထွက်ခွာခွင့် ပြုရတော့မှာပါ။

ချဲလ်ဆီး နည်းပြ တူချယ်က ပရီးမီးယားလိဂ်အနေနဲ့ ၅ ဦးအထိ လူစားလဲမှု ခွင့်ပြုပေးဖို့ အချိန်တန်ပြီဖြစ်ကြောင်း၊ ပွဲဆက်တွေ များစွာ ကစားရတဲ့အပေါ် ကစားသမားတွေရဲ့ ကြံ့ခိုင်မှု အခြေအနေနဲ့ ပတ်သက်ပြီးစိုးရိမ်မိကြောင်း ဖွင့်ဟ ခဲ့ပါတယ်။
ချဲလ်ဆီးနဲ့ ယှဉ်ပြိင်ကစားမဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးတိုက်စစ်မူှး ဆာလာ ပါဝင်ကစားသွားနိုင်မှာ ဖြစ်ပါတယ်။ အီဂျစ်ဘောလုံးအဖွဲ့ချုပ်က ဆာလာကို ချဲလ်ဆီးနဲ့ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ပြုမှာဖြစ်ပြီး အဲဒီနောက်ပိုင်းမှာမှ အီဂျစ်နဲ့ ပူးပေါင်း သွားမှာ ဖြစ်ပါတယ်။