ဇယားထိပ်ကို အမှီလိုက်လာမယ်လို့ မန်စီးတီးနဲ့ လီဗာပူးအား ချဲလ်ဆီးတိုက်စစ်မှုး လူကာကူ သတိပေး

လူကာကူ ဟာ ပြီးခဲံတဲ့ အက်စတွန်ဗီလာ ကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ချယ်လ်ဆီး အတွက် ဒုတိယပိုင်းမှာ လူစားဝင်ကစားခဲ့ပြီး အသင်းအတွက် အဖိုးတန်အနိုင်ဂိုးသွင်းယူကာ ခြေစွမ်းပြသသွားခဲ့ပါတယ်။

ချယ်လ်ဆီး အသင်းဟာ ဒီနိုင်ပွဲကြောင့် မန်စီးတီး၊ လီဗာပူးလ်တို့နဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားကို ရယူနိုင်ဖို့ ပြိုင်ဆိုင်မှုတွေ မှာ အသက်ဝင်နေတာလည်းဖြစ်ပါတယ်။ ချယ်လ်ဆီး အသင်းဟာ ဒီနိုင်ပွဲကြောင့် ဒုတိယနေရာက လီဗာပူးလ် အသင်းနဲ့ ရမှတ်တူ ထိပ်ဆုံးက မန်စီးတီးအသင်းနဲ့ (၆)မှတ် ကွာဟနေပြီး တတိယနေရာမှာ ရပ်တည်နေတာပါ။

အက်စတွန်ဗီလာနဲ့ ပွဲအပြီးမှာ လူကာကူ က – “ကျွန်တော်တို့ အခု အမဲလိုက် မုဆိုးတွေ ဖြစ်နေပါပြီ။ အရင်ပွဲ ရလဒ်က ကျွန်တော်တို့အတွက် အကောင်းဆုံး မဟုတ်သေးပါဘူး။ အခု ကျွန်တော်တို့ မှီအောင် လိုက်ရပါမယ်”

“ကျွန်တော်တို့ အတွက် ရာသီကုန်ချိန်အထိ ပွဲတိုင်းက ဗိုလ်လုပွဲပါပဲ။ ပရီးမီးယားလိဂ်ရဲ့ပွဲတိုင်းက အလွန် ခက်ခဲ တာကြောင့် သူတို့ကို ဗိုလ်လုပွဲလိုမျိုး ကစားရပါမယ်။ အခုအနိုင်ရခဲ့တဲ့အတွက် ဒါကို တွန်းအားပေးပြီး ဆက်လက် လိုက်နေရမှာပါ”

“အက်စတွန်ဗီလာ က တကယ်ကိုကောင်းမွန်တဲ့အတွက် သူတို့နဲ့ ကစားရတာ ကျွန်တော်တို့အတွက် မလွယ်ကူပါဘူး။ အခု ကျွန်တော်တို့ဟာ တွန်းအားပေးပြီး ပွဲတိုင်းကို ဗိုလ်လုပွဲလိုဖြစ်ရမယ်ဆိုတာကို သေချာအောင် လုပ်ရပါမယ်။အနိင်ရဖို့ ဒါပါပဲ”

“ဒီနေ့ ဒီလိုမျိုးစွမ်းဆောင်ရည်လိုအပ်တယ်လို့ ကျွန်တော်ထင်ပါတယ်။ပွဲကို အဆုံးသတ်ဖို့ ခက်ခဲပြီး ကစားသမားတိုင်းက ကွင်းထဲမှာ ရှိချင်ကြပါတယ်။ဒီပွဲမှာ ကျွန်တော်ဟာ ကြိုးစားလုပ်ဆောင်ခဲ့ပြီး ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်တွေအတွက် ကျေနပ်ပါတယ်။ဒါကို ဆက်လက်ပြီး တွန်းအားပေးချင်ပါတယ်”လို့ ဆိုခဲ့ပါတယ်။

လူကာကူ အတွက်တော့ အက်စတွန်ဗီလာနဲ့ ပွဲမှာ သွင်းယူခဲ့တဲ့ ဂိုးဟာ စက်တင်ဘာ(၁၁)ရက် နောက်ပိုင်း သူ့အတွက် ပထမဆုံး ပရီးမီးယားလိဂ် သွင်းဂိုးလည်းဖြစ်ခဲ့တာပါ။ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကမှ အင်တာ ကနေ ပြန်လည်ပြောင်းရွှေ့ လာခဲ့တဲ့ လူကာကူ ဟာ ချယ်လ်ဆီးအတွက် (၁၇)ပွဲ ပါဝင်ကစားပြီး (၆)ဂိုး သွင်းယူ ထားပါတယ်။

ZG

လူကာကူ ဟာ ျပီးခဲံတဲ့ အက္စတြန္ဗီလာ ကို အႏိုင္ရခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲမွာ ခ်ယ္လ္ဆီး အတြက္ ဒုတိယပိုင္းမွာ လူစား၀င္ကစားခဲ့ၿပီး အသင္းအတြက္ အဖိုးတန္အႏိုင္ဂိုးသြင္းယူကာ ေျခစြမ္းျပသသြားခဲ့ပါတယ္။

ခ်ယ္လ္ဆီး အသင္းဟာ ဒီႏိုင္ပြဲေၾကာင့္ မန္စီးတီး၊ လီဗာပူးလ္တို႔နဲ႔ ပရီးမီးယားလိဂ္ခ်န္ပီယံဆုဖလားကို ရယူႏိုင္ဖို႔ ၿပိဳင္ဆိုင္မႈေတြ မွာ အသက္၀င္ေနတာလည္းျဖစ္ပါတယ္။ ခ်ယ္လ္ဆီး အသင္းဟာ ဒိ္ီႏိုင္ပြဲေၾကာင့္ ဒုတိယေနရာက လီဗာပူးလ္ အသင္းနဲ႔ ရမွတ္တူ ထိပ္ဆုံးက မန္စီးတီးအသင္းနဲ႔ (၆)မွတ္ ကြာဟေနၿပီး တတိယေနရာမွာ ရပ္တည္ေနတာပါ။

အက္စတြန္ဗီလာနဲ႔ ပြဲအၿပီးမွာ လူကာကူ က – “ကြၽန္ေတာ္တို႔ အခု အမဲလိုက္ မုဆိုးေတြ ျဖစ္ေနပါၿပီ။ အရင္ပဲြ ရလဒ္က ကြၽန္ေတာ္တို႔အတြက္ အေကာင္းဆုံး မဟုတ္ေသးပါဘူး။ အခု ကြၽန္ေတာ္တို႔ မွီေအာင္ လိုက္ရပါမယ္”

“ကြၽန္ေတာ္တို႔ အတြက္ ရာသီကုန္ခ်ိန္အထိ ပြဲတိုင္းက ဗိုလ္လုပြဲပါပဲ။ ပရီးမီးယားလိဂ္ရဲ႕ပြဲတိုင္းက အလြန္ ခက္ခဲ တာေၾကာင့္ သူတိ္ု႔ကို ဗိုလ္လုပြဲလိုမ်ိဳး ကစားရပါမယ္။ အခုအႏိုင္ရခဲ့တဲ့အတြက္ ဒါကို တြန္းအားေပးၿပီး ဆက္လက္ လိုက္ေနရမွာပါ”

“အက္စတြန္ဗီလာ က တကယ္ကိုေကာင္းမြန္တဲ့အတြက္ သူတို႔နဲ႔ ကစားရတာ ကြၽန္ေတာ္တို႔အတြက္ မလြယ္ကူပါဘူး။ အခု ကြၽန္ေတာ္တို႔ဟာ တြန္းအားေပးၿပီး ပြဲတိုင္းကို ဗိုလ္လုပြဲလိုျဖစ္ရမယ္ဆိုတာကို ေသခ်ာေအာင္ လုပ္ရပါမယ္။အနိင္ရဖို႔ ဒါပါပဲ”

“ဒီေန႔ ဒီလိုမ်ိဳးစြမ္းေဆာင္ရည္လိုအပ္တယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္။ပြဲကို အဆုံးသတ္ဖို႔ ခက္ခဲၿပီး ကစားသမားတိုင္းက ကြင္းထဲမွာ ရွိခ်င္ၾကပါတယ္။ဒီပြဲမွာ ကြၽန္ေတာ္ဟာ ႀကိဳးစားလုပ္ေဆာင္ခဲ့ၿပီး ကြၽန္ေတာ့္ရဲ႕ စြမ္းေဆာင္ရည္ေတြအတြက္ ေက်နပ္ပါတယ္။ဒါကို ဆက္လက္ၿပီး တြန္းအားေပးခ်င္ပါတယ္”လို႔ ဆိုခဲ့ပါတယ္။

လူကာကူ အတြက္ေတာ့ အက္စတြန္ဗီလာနဲ႔ ပြဲမွာ သြင္းယူခဲ့တဲ့ ဂိုးဟာ စက္တင္ဘာ(၁၁)ရက္ ေနာက္ပိုင္း သူ႔အတြက္ ပထမဆုံး ပရီးမီးယားလိဂ္ သြင္းဂိုးလည္းျဖစ္ခဲ့တာပါ။ ျပီးခဲ့တဲ့ အေျပာင္းအေ႐ႊ႕ကမွ အင္တာ ကေန ျပန္လည္ေျပာင္းေ႐ႊ႕ လာခဲ့တဲ့ လူကာကူ ဟာ ခ်ယ္လ္ဆီးအတြက္ (၁၇)ပြဲ ပါ၀င္ကစားၿပီး (၆)ဂိုး သြင္းယူ ထားပါတယ္။