မန်ယူ ရလဒ်မကောင်းတာက ပွဲတွေ ရွှေ့ပြီး အကြာကြီး နားလိုက်ရတာကြောင့် မက်ဂွဲရား ဆင်ခြေပေး
မန်ယူ အသင်းခေါင်းဆောင် မက်ဂွဲရား ကတော့ ပြီးခဲ့တဲ့ နယူးကာဆယ်နဲ့ ပွဲမှာ ရလဒ်ကောင်း မရယူနိုင်ခဲ့ခြင်းဟာ သူတို့အသင်း ၁၆ ရက်ကြာ ပွဲစဉ်တွေနဲ့ ဝေးကွာခဲ့ရခြင်းကြောင့် ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။
နယူးကာဆယ် အသင်းကို နောက်ကနေ လိုက်လံကစားခဲ့ပြီး သရေတစ်မှတ် ရယူခဲ့ရတဲ့ မန်ယူအသင်းဟာ ကိုဗစ်ကူးစက်မှုဒဏ်တွေကြောင့် ပြီးခဲ့တဲ့ ၁၆ ရက်လုံးလုံး ပွဲကစားခွင့်မရခဲ့သလို ယခုတစ်ခေါက် နယူးကာဆယ်နဲ့ ပွဲမတိုင်ခင် ၂ ရက်အလိုလောက်မှ စတင်ကာ အသင်းလိုက် လေ့ကျင့်ခန်းဆင်းနိုင်ခဲ့တာလည်း တွေ့ရပါတယ်။

နယူးကာဆယ်ကတော့ နောက်ဆုံး ၃ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ရပေမယ့် ပွဲစဉ်ရွှေ့ဆိုင်းခံရခြင်း မရှိခဲ့တာကြောင့် အသင်းလိုက် အနေအထားက မန်ယူအသင်းထက် သာလွန်ကောင်းမွန်ခဲ့ပြီး ဒီဂီယာရဲ့ လက်စွမ်းပြသမှုတွေကြောင့်သာ သရေတစ်မှတ်နဲ့ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။
မက်ဂွဲရား က “ တကယ်လို့ အခုလို ရာသီဝက်လို အချိန်မျိုးမှာ ၁၆ ရက်လောက် အနား မယူခဲ့ရရင် ကျွန်တော်တို့အ တွက် တော်တော်လေး အကူအညီဖြစ်စေခဲ့မှာပါ၊ ကျွန်တော်တို့ရဲ့ လေ့ကျင့်ရေးကွင်းလည်း ပိတ်ထားခဲ့ရသလို ဒီပွဲမှာ ပါဝင် ကစားခဲ့ရတဲ့ ကစားသမားတစ်ဝက်လောက်ကလည်း ဗိုင်းရပ်စ်ကူးစက်မှုကနေ ပြန်လည် သက်လာတဲ့သူတွေပါ၊ ဒါ့ကြောင့် ကျွန်တော်တို့အတွက် ခက်ခဲခဲ့ရတာပါ၊ ”
“ ပြီးခဲ့တဲ့ ၁၆ ရက်လုံးလုံး ကစားခွင့်မရခဲ့တာက ကျွန်တော်တို့အတွက် ထိခိုက်မှု တော်တော်လေး ကြီးမားခဲ့တယ် ဆိုတာ လူတိုင်းသိပါတယ်၊ ဒီလို သရေ ရလဒ်အတွက်တော့ ကျွန်တော်တို့ ကျေနပ်ရမှာပါပဲ၊ ဒါပေမယ့်လည်း စိတ်ပျက် ခဲ့ရ တာတော့ အမှန်ပါပဲ ” ဆိုပြီး ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။
မန်ယူအသင်းဟာ လက်ရှိ အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ရပ်တည်နေရတဲ့ အသင်းဖြစ်ပြီး လာမယ့် သောကြာနေ့မှာ ဘန်လေ နဲ့ ဆက်လက် ကစားသွားရမှာ ဖြစ်ပါတယ်။ အဲဒီပွဲမှာတော့ အဝါကဒ် ၅ ကဒ်ပြည့်သွားခဲ့တဲ့ အဓိက ကွင်းလယ်လူ ဖာနန်ဒက်စ်ကတော့ ပါဝင်လာနိုင်မှာ မဟုတ်ကြောင်း သိရပါတယ်။

ZG
မန္ယူ အသင္းေခါင္းေဆာင္ မက္ဂြဲရား ကေတာ့ ျပီးခဲ့တဲ့ နယူးကာဆယ္နဲ႔ ပြဲမွာ ရလဒ္ေကာင္း မရယူႏိုင္ခဲ့ျခင္းဟာ သူတုိ႔အသင္း ၁၆ ရက္ၾကာ ပြဲစဥ္ေတြနဲ႔ ေဝးကြာခဲ့ရျခင္းေၾကာင့္ ျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုသြားခဲ့ပါတယ္။
နယူးကာဆယ္ အသင္းကို ေနာက္ကေန လိုက္လံကစားခဲ့ၿပီး သေရတစ္မွတ္ ရယူခဲ့ရတဲ့ မန္ယူအသင္းဟာ ကိုဗစ္ကူးစက္မႈဒဏ္ေတြေၾကာင့္ ၿပီးခဲ့တဲ့ ၁၆ ရက္လုံးလုံး ပြဲကစားခြင့္မရခဲ့သလို ယခုတစ္ေခါက္ နယူးကာဆယ္နဲ႔ ပြဲမတိုင္ခင္ ၂ ရက္အလိုေလာက္မွ စတင္ကာ အသင္းလိုက္ ေလ့က်င့္ခန္းဆင္းႏိုင္ခဲ့တာလည္း ေတြ႕ရပါတယ္။
နယူးကာဆယ္ကေတာ့ ေနာက္ဆုံး ၃ ပြဲဆက္တိုက္ ရႈံးနိမ့္ခဲ့ရေပမယ့္ ပြဲစဥ္ေ႐ႊ႕ဆိုင္းခံရျခင္း မရွိခဲ့တာေၾကာင့္ အသင္းလိုက္ အေနအထားက မန္ယူအသင္းထက္ သာလြန္ေကာင္းမြန္ခဲ့ၿပီး ဒီဂီယာရဲ႕ လက္စြမ္းျပသမႈေတြေၾကာင့္သာ သေရတစ္မွတ္နဲ႔ ေက်နပ္ခဲ့ရတာ ျဖစ္ပါတယ္။
မက္ဂြဲရား က “ တကယ္လို႔ အခုလို ရာသီဝက္လို အခ်ိန္မ်ိဳးမွာ ၁၆ ရက္ေလာက္ အနား မယူခဲ့ရရင္ ကြၽန္ေတာ္တို႔အ တြက္ ေတာ္ေတာ္ေလး အကူအညီျဖစ္ေစခဲ့မွာပါ၊ ကြၽန္ေတာ္တို႔ရဲ႕ ေလ့က်င့္ေရးကြင္းလည္း ပိတ္ထားခဲ့ရသလို ဒီပြဲမွာ ပါဝင္ ကစားခဲ့ရတဲ့ ကစားသမားတစ္ဝက္ေလာက္ကလည္း ဗိုင္းရပ္စ္ကူးစက္မႈကေန ျပန္လည္ သက္လာတဲ့သူေတြပါ၊ ဒါ့ေၾကာင့္ ကြၽန္ေတာ္တို႔အတြက္ ခက္ခဲခဲ့ရတာပါ၊ ”
“ ၿပီးခဲ့တဲ့ ၁၆ ရက္လုံးလုံး ကစားခြင့္မရခဲ့တာက ကြၽန္ေတာ္တို႔အတြက္ ထိခိုက္မႈ ေတာ္ေတာ္ေလး ႀကီးမားခဲ့တယ္ ဆိုတာ လူတိုင္းသိပါတယ္၊ ဒီလို သေရ ရလဒ္အတြက္ေတာ့ ကြၽန္ေတာ္တို႔ ေက်နပ္ရမွာပါပဲ၊ ဒါေပမယ့္လည္း စိတ္ပ်က္ ခဲ့ရ တာေတာ့ အမွန္ပါပဲ ” ဆိုၿပီး ေျပာဆိုသြားခဲ့တာ ျဖစ္ပါတယ္။
မန္ယူအသင္းဟာ လက္ရွိ အမွတ္ေပးဇယား အဆင့္ ၇ ေနရာမွာ ရပ္တည္ေနရတဲ့ အသင္းျဖစ္ၿပီး လာမယ့္ ေသာၾကာေန႔မွာ ဘန္ေလ နဲ႔ ဆက္လက္ ကစားသြားရမွာ ျဖစ္ပါတယ္။ အဲဒီပြဲမွာေတာ့ အဝါကဒ္ ၅ ကဒ္ျပည့္သြားခဲ့တဲ့ အဓိက ကြင္းလယ္လူ ဖာနန္ဒက္စ္ကေတာ့ ပါဝင္လာႏိုင္မွာ မဟုတ္ေၾကာင္း သိရပါတယ္။